အနောက်နိုင်ငံ ကုန်သည် အသင်းများက မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း

...

အနောက်နိုင်ငံ ကုန်သည် အသင်းများက မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း

The Irrawaddy, 08 Feb 2019

URL: https://www.irrawaddy.com/news/western-business-chambers-call-foreign-investment-myanmar.html
မြန်မာနိုင်ငံရှိ အဓိက နိုင်ငံတကာ ကုန်သည်ကြီးများအသင်း များ ၇ သင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပူးတွဲ ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အရေးကြီးကြောင်း အ လေးထား ပြောဆိုခဲ့သည်။

ထိုစာကို ဥရောပ၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန် ကုန်သည်ကြီးများ အသင်းများမှ ထိပ်တန်း အဖွဲ့ဝင်များက လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အရေးပါသော အခန်းကဏ္ဍကို ဖော်ပြထားသည်

ထိုစာအရ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ပစ်ပယ်ခြင်းမပြုဘဲ၊ ပါဝင်ဆောင်ရွက်သော အနောက်နိုင်ငံ ကုမ္ပဏီ အရေအတွက် ပိုမိုများပြားလာသည်ဟု သိရသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အကြမ်းဖက်မှုနှင့် နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲ ဘင်္ဂလား္ဒေ့ရှ်သို့ ထွက်ပြေး သောကြောင့် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု သိသိသာသာ လျော့ကျသွားပြီး နောက်မှ ထိုသို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော အနောက်တိုင်း လုပ်ငန်း ပိုမို များပြားလာခြင်း ဖြစ်သည်။

အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများသည် ကော်ပိုရိတ်လုပ်ငန်းများအတွက် စီမံအုပ်ချုပ်မှု စံနှုန်းများ ထူထောင်ပေးခြင်းဖြင့် စီးပွား ရေးကို အထောက်အကူ ပြုနေသည်ဟု ထိုစာက ဖော်ပြသည်။