ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှYangon City Gallery ဖွင့်လှစ်

...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှYangon City Gallery ဖွင့်လှစ်

Myanmar Times, 26 Feb 2019

URL: HTTPS://WWW.MMTIMES.COM/NEWS/YANGON-GOVT-OPENS-PROPERTY-CENTRE.HTML
အိမ်ရာအတွက် အခက်အခဲဖြစ်နေသူများ အတွက်Yangon City Gallery သည် လာရောက်တိုင်ပင်ဆွေးနွေး၍ရသည့်နေရာ တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုး မင်း သိန်းက ပြောသည်။

"နေရေးထိုင်ရေး အခက်အခဲဖြစ်နေတဲ့သူတွေကို အစိုးရက ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတဲ့ ကဏ္ဍအတွက် ဒီအ ဆောက်အအုံ ဒီနေရာလေးကို ဖွင့်လှစ်ရတာဖြစ်ပါတယ်။ သူတို့မိ သားစုဘဝတွေအတွက် သူတို့ရဲ့ အိပ်မက်တွေကို ဒီနေရာမှာ မက် ခွင့် ရမှာ ဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

Yangon City Gallery ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံး မြေညီထပ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဆောက်အအုံကို ပြင်ဆင်ဆောင်ရွက်နေသည်မှာ ခြောက်လခန့်ရှိနေပြီဖြစ်ပြီး အစိုးရမှ ထုတ်လုပ်ရောင်းချမည့် အိမ် ရာများ၏ တန်ဖိုးများ၊ နေရာများ၊ အခြေအနေများကို လေ့လာစုံ စမ်းနိုင်ရန် ရည်ရွယ် ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

"ဒီနေရာကနေ အိမ်ရာတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အိမ်ရာတွေကို ထုတ်လုပ်ပေးတဲ့နေရာမှာ ကဏ္ဍနှစ်ခုရှိပါတယ်။ အစိုးရ ကနေပြီး PPP နဲ့ ထုတ်လုပ်နေတဲ့ အိမ်ရာတွေနဲ့ ပုဂ္ဂလိကကဏ္ဍကနေပြီး ထုတ် လုပ်နေတဲ့ အိမ်ရာတွေလည်း ရှိနိုင်ပါတယ်။ ဒီကဏ္ဍနှစ်ခုစလုံး ဒီနေရာမှာ တဖြည်းဖြည်းချင်း ပေါင်းစပ်ညှိနှိုင်းပေးပြီးတော့ ရန်ကုန်မြို့အတွက် အိမ်ရာအခက်အခဲ ဖြစ်နေတဲ့သူ တွေအားလုံးကို ဖြေရှင်းပေးဖို့ ဖြစ်ပါ တယ်"ဟုလည်း ၎င်းကဆိုသည်။

Galleryရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ Yangon Metropolitan Development ကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အများပြည်သူများ၏ နေရေးခက်ခဲမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

Yangon City Gallery တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ အိမ်ရာအရောင်းပြခန်းများ၊ ဈေးကွက်ရှာဖွေရေးပွဲတော်များ၊ နှီးနှောဖလှယ်ပွဲများ၊ ဟောပြောပွဲများ၊ အထိမ်းအမှတ်ပွဲများနှင့် မှတ် တမ်းများကို တစ်နေရာတည်းတွင် အစုံအလင် ခင်းကျင်းပြသ၍ ဆက်သွယ်ပညာပေးနိုင်မည့် အစီအမံများကို ပိုမိုလုပ်ဆောင် နိုင်မည်ဟု ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဆိုသည်။