ရခိုင်တွင် ဟိုတယ်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများအတွက် ကမ်းခြေအသစ်များဖွင့်လှစ်မည်

...

ရခိုင်တွင် ဟိုတယ်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများအတွက် ကမ်းခြေအသစ်များဖွင့်လှစ်မည်

Myanmar Times, 26 Feb 2019

URL: https://www.mmtimes.com/news/rakhine-opens-new-beaches-hotel-tourism-investments.html
ရခိုင်ပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားလာမှုလုပ်ငန်းရင်းနှီးမြှုပ်မှုများကို ပိုမိုဆွဲဆောင်နိုင်ရန်အလို့ငှာ ဟိုတယ်စီမံကိန်းအသစ်များအတွက် ရခိုင်ကမ်းရိုးတန်းတလျှောက် ကမ်းခြေသစ်များကို ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့က ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးဦးရဲအောင်မိုးက ပြောသည်။

ဝန်ကြီးဌာနသည် ဂျိတ်တော၊ မော်ရုန်းနှင့်မောင်ရွှေလေးကမ်းခြေများကို ဟိုတယ်နေရာသစ်များအဖြစ် ဒီဇိုင်းရေးဆွဲထားသည်။ ကမ်းခြေများသည် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်ရှိ ငပလီကမ်းခြေနှင့် ကမ်းသာ ယာကမ်းခြေအနီးတွင် တည်ရှိသည်။

၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ပြည်ပဧည့်သည် ၆ သောင်းကျော် ငပလီကမ်းခြေနှင့် မြောက်ဦးသမိုင်းဝင်နေရာများသို့လာရောက်လည်ပတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ကမ်းခြေဟိုတယ်စီမံကုန်းများနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက် အခွင့်အလမ်းများရှိသော်လည်း အတားအဆီးတစ်ခုမှာ မြေစျေးများ ကြီးမြင့်လွန်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးမ ကောင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူက ပြောခဲ့သည်။