မြောင်းမြတံတားအသစ်တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ အထိ ပြီးစီးနေပြီဖြစ်ပြီး ယခုလတတိယပတ်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်း၍ တံတားခံနိုင်ဝန်အား စမ်းသပ်မည်

...

မြောင်းမြတံတားအသစ်တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ အထိ ပြီးစီးနေပြီဖြစ်ပြီး ယခုလတတိယပတ်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်း၍ တံတားခံနိုင်ဝန်အား စမ်းသပ်မည်

Eleven Myanmar, 04 Mar 2019

URL: https://elevenmyanmar.com/news/myaungmya-bridge-construction-completed-over-90
မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ မတ် ၃ ရက်အထိ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဖြစ်ပြီး မတ် ၂၀ ရက်တွင် ကုန်တင်မော်တော်ယာဉ်များဖြင့် သတ်မှတ်တန်ချိန်များ တင်ဆောင်ကာ စတင်စမ်းသပ် ဖြတ်သန်းကာ တံတားခံနိုင်ဝန်အားကို စမ်းသပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြောင်းမြတံတားအသစ်မှာ မြောင်းမြ ကြိုးတံတားအဟောင်း မကျိုး ပျက်မီ၂၀၁၇ ခုနှစ် မေ ၁ ရက်မှ စတင်ကာ မြောင်းမြတံတားအသစ် စီမံကိန်းအား ကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင် စတင်တည်ဆောက်နေခဲ့ပြီး စတင်တည်ဆောက်စဉ်က Balance Cantilever Method ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့ပြီး တည်ဆောက်ချိန်မှာ အချိန်နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက်တွင် ပျက်ကျခဲ့ပြီးနောက် ဒေ သခံပြည် သူများအနေဖြင့် နှစ်နှစ်ခန့်အထိ အခက်အခဲများ မကြုံတွေ့ ရစေ ရေးအတွက် တစ်နှစ်အတွင်း တည်ဆောက်ပြီးစီးနိုင်သည့် Steel Truss Typy အမျိုးအစားအား ဂျပန်နိုင်ငံ JEE ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းထူထောင် ထားသည့် J&M Steel Solution မှ အသေးစိတ် ဒီဇိုင်းအသစ် ရေးဆွဲကာ တံတားဒီဇိုင်းအသစ်အား ပြောင်းလဲတည် ဆောက်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ကွယ်လွယ်ကျေးရွာဖက် ကမ်းချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးကာ တံတားကြမ်းခင်းများ ခင်းကျင်းခြင်း၊ မီးတိုင်များ တပ်ဆင်ခြင်းများကို လုပ်ဆောင်နေကြောင်း၊ မြောင်းမြဖက်ကမ်းချဉ်းကပ် လမ်းပိုင်းအားလည်း ခင်းကျင်းလုပ်ဆောင်နေပြီး မတ် ဒုတိယပတ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ချဉ်းကပ်လမ်း များ ပြီးစီးပါက မတ် ၂၀ ရက် တံတားခံနိုင်ဝန်များ စမ်းသပ်ရန်အတွက် ကုန်တင်ယာဉ်များဖြင့် စမ်းသပ်ဖြတ်သန်းသွားမည်ဖြစ် ကြောင်း သိရသည်။

ကျွန်တော်တို့ကတော့ တံတားပြီးပြီးချင်း ဖွင့်ဖို့ စီစဉ်မှာပါ။ မတ်လအတွင်း အပြီးအစီးဖြစ်အောင်လို့ ဒီကဝန်ထမ်းတွေရော တံတား ကလည်း တံတားလမ်းဦးစီးကလည်း လမ်းတွေကို အားကြိုးမာန်တက် လုပ်ဆောင် နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခံနိုင်ရည်အား ကျဆင်းလာသော ကြိုးတံတားများဖြစ်သည့် လပွတ္တာ ပင်လယ်လေးကြိုးတံတား၊ ၀ါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားတို့ကိုလည်း ကြိုးတံတားပုံစံမှ သံကူကွန်ကရစ် တံတားပုံစံများအဖြစ် ပုံစံပြောင်းပြင်ဆင်နေပြီး ပြင်ဆင်နေချိန်အတွင်း ဇက်ရေယာဉ်များဖြင့်သာ ဆက်သွယ်သွားလာနေရကြောင်း၊ ပုသိမ်မြစ်ကူးတံတား အသစ်စီမံကိန်းကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။