မြေယာဥပဒေအောက်ရှိ မြန်မာလယ်သမားများ

...

မြေယာဥပဒေအောက်ရှိ မြန်မာလယ်သမားများ

Aljazeera, 04 Apr 2019

URL: https://www.aljazeera.com/news/2019/03/myanmar-farmers-siege-land-law-190328003658355. html? Fbcli d=IwAR1RCwk_GICAi5Ct-3s33ZJqoV4R1PFJPfDNMLgQ0etjCh3
မြန်မာအစိုးရသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ကို တင်းတင်းကြပ်ကြပ်ချမှတ်ထားပြီး ယင်းသည်လယ်သမားများအတွက် ဘေးမကင်းဖြစ်စေခဲ့သည်။

ဟန်ဝင်းနောင်သည် ၎င်း၏ကိုယ်ပိုင်မြေနှင့်ပတ်သတ်၍ အရူးမီးဝိုင်းသဖွယ်ခံစားနေရသည်။

လွန်ခဲ့သောစက်တင်ဘာလက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသကြီးရှိ ဒေသတွင်းအုပ်ချုပ်ရေးမှူးများသည် ဟန်ဝင်းနောင်၏ ဟက်တာ ၅.၇ ဧကရှိ သူ၏လယ်မြေပေါ်တွင် "ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု အောက်၌ရှိသည်-ဝင်ရောက်ကျူးကျော်ခြင်း မပြုရ" ဟူသောစာကို စိုက်ထူထားလိုက်ကြသည်။

အာဏာပိုင်များသည် သူ၏မြေကွက်အစွန်ပိုင်းရှိ မျက်နှာချင်းဆိုင်ဘက်ပေါ်တွင် အပင်များအားခုတ်လှဲပြီး မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးအဆောက်အအုံနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းများကို စတင်ဆောက်လုပ်နေကြသည်။

အုပ်ချုပ်ရေးမှူးများသည် သူ၏မြေကိစ္စနှင့်ပတ်သက်၍ အခက်အခဲများရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် ၎င်းအားအကြောင်းကြားခဲ့ကာ သူ၏မြေသည် အငြင်းပွားဖွယ်ရာဥပဒေအောက်တွင်ရှိနေပြီး ထိုဥပဒေသည် ထောင်သုံးနှစ်ထိချနိုင်ကြောင်း သူ့အား အသိပေးခဲ့သည်။

"ဒီဥပဒေကဘာလဲဆိုတာ ကျွန်တော်မသိပါဘူး" ဟု အသက် ၃၇ နှစ်အရွယ်ရှိ လယ်သမားတစ်ဦးက Jazeera သို့ပြောခဲ့သည်။ "ကျွန်တော်တို့ဘာတွေဖြစ်နေတယ်ဆိုတာတောင် နားမလည်ဘူး။ ကျွန်တော်တို့က ပြောင်းပေးရမယ်လို့ သူတို့ပြောတယ်။ ကျွန်တော်တို့မှာတခြားသွားနေစရာလည်းမရှိဘူး။"

ဟန်ဝင်းနောင်သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေဖောက်ဖျက်မှုဖြင့် စွပ်စွဲခံနေရသည်၊ထိုမြေများပေါ်တွင် နေထိုင်သူ မည်သူမဆို နှစ်သုံးဆယ်မြေငှားရမ်းဆက်လက်အသုံးပြု နိုင်ရန်အတွက် ခွင့်ပြုချက်လျှောက်ထားရန်လိုအပ်သည်။

အစိုးရမှထုတ်ပြန်သည့်ခန့်မှန်းချက်ဒေတာများအရ ထိုမြေအမျိုးအစားများသည် မြန်မာနိုင်ငံ၏ မြေယာဧရိယာတွင် ဧက သန်း ၂၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းရှိသည်။ ထိုမြေများ၏ သုံးပုံတပုံသည် တိုင်းရင်းသားလူမျိုးစုများနေထိုင်သည့် မြေများဖြစ်ကြသည်။

ထိုဥပဒေသည် မြေယာတက်ကြွာစွာလှုပ်ရှားသူများအကြား ဒေါသဖြစ်စေခဲ့သည်၊ ထိုဥပဒေသည် မြေလုပ်ကိုင်ခွင့်ပြုလက်မှတ်မရှိသည့်လယ်သမားသန်းပေါင်းများစွာကို ဥပဒေချိုးဖောက်သူများဖြစ်စေခဲ့ပြီး အစိုးရ၊ တပ်မတော်နှင့်ပုဂ္ဂလိကကုမ္ပဏီများက မြေယာသိမ်းမှုများလုပ်ဆောင်နိုင်သည်။

ရှင်သန်ရန် ရုန်းကန်ရခြင်း

"လူတွေက ဒီမြေယာဥပဒေကို ပိုပြီးလေ့လာလေလေ ရှေ့နေမငှားနိုင်တဲ့လယ်သမားတွေကို ဆန့်ကျင်ဖို့ ပိုပြီး အသုံးချလာလေလေပါပဲ " ဟု ဟန်ဝင်းနောင်အား ရှေ့နေလိုက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောခဲ့သည်။

ယခုအခါဟန်ဝင်းနောင်၏လယ်မြေသည် ပြုပြင်ထိန်းသိမ်းခြင်းမရှိဖြစ်နေသည်။ ထိုဥပဒေကြောင့် သူသည် သရက်သီး၊ ငှက်ပျောသီးနှင့် သီဟိုဠ်ပင်များကို မစိုက်ပျိုးနိုင်တော့ပေ၊ ထိုမြေသည် လွန်ခဲ့သော ၂၈ နှစ်ကျော်ကတည်းကပင် သူ၏ဖခင်ထူထောင်ထားခဲ့ခြင်းဖြစ်သည်။

"စက်တင်ဘာလကတည်းကပဲ လယ်ပေါ်မှာ ကျွန်တောတို့ ဘာမှ လုပ်ကိုင်လို့မရတော့ဘူး....ကျွန်တော်တို့စားဝတ်နေရေးနဲ့ပတ်သက်ပြီး အလွန့်ကို ဒုက္ခရောက်နေကြပြီ " ဟု သူကပြောခဲ့သည်။

လွန်ခဲ့သောနှစ်က အာဏာရလာသောအစိုးရသည် စစ်တပ်မှသိမ်းထားသည့်မြေများအား ပြန်လည်ပေးအပ်ရန် ကတိဝတ်ပြုခဲ့ပြီး လယ်သမားများ၏အခွင့်အရေးကို အကာအကွယ်ပေးမည်ပြု ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် သူမ၏ပါတီ NLD သည် ထိုဥပဒေကို ပိုမိုတင်းကြပ်စွာကိုင်တွယ်လာခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ၌ မြန်မာ့လွှတ်တော်သည် မြေများတွင် မတ်လ ၁၁ ရက်နေ့နောက်ပိုင်း၌ ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုများတွေ့ရှိပါက ထောင်ဒဏ် ၂ နှစ် ကျခံစေရန် ပြင်ဆင်ခဲ့သည်။

မဲခေါင်ဒေသကြီးမြေယာအစိုးရစီမံကိန်း၏ ကွင်းဆင်းကောက်ခံမှုအရ ထိုမြေများတွင် နေထိုင်သည့် ၉၅ ရာခိုင်နှုန်းသောသူများသည် မြေဥပဒေသစ်နှင့်ပတ်သက်၍ ဘာဗဟုသုတမျှ မရှိကြပေ။