ယွမ် ၁ ဘီလီယံ တရုတ်အကူအညီ မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက်ဖြစ်

...

ယွမ် ၁ ဘီလီယံ တရုတ်အကူအညီ မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက်ဖြစ်

The Irrawaddy, 30 Apr 2019

URL: https://www.irrawaddy.com/news/burma/china-provide-1-billion-yuan-socioeconomic-grant-myanmar.html
ပြီးခဲ့သည့် အပတ်က ဘေဂျင်းတွင် လက်မှတ်ရေးထိုးခဲ့သော စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ ညီချက်အောက်မှ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ယွမ်ငွေ ၁ ဘီလီယံ(၂၂၅.၃၉ ဘီလီယံကျပ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၄၈ သန်းခန့်) ထောက်ပံ့သွားမည် ဖြစ်သည်။

ဧပြီလ ၂၉ ရက်နေ့တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သော ကြေညာချက် တစောင်၌ အဆိုပါ ယွမ် ၁ ဘီလီယံကို လူမှု-စီးပွား ဖွံ့ဖြိုးတိုး တက်ရေး အထူးသဖြင့် ပြည်သူတို့၏ အသက် မွေးမှုကို တိုးတက်စေမည့် စီမံကိန်းများ၊ အဓိက စီမံကိန်း များအတွက် ဖြစ်နိုင်ချေ ဆန်းစစ်လေ့လာမှုများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်ရှောင် ဒုက္ခသည်များ အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမ BRI အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် ဖိတ်ကြားမှုကြောင့် တရုတ်နိုင်ငံသို့ မကြာ သေးမီက ၆ ရက်ကြာခရီးစဉ် သွားရောက်ခဲ့သည်။ BRI သည် ရှီကျင့်ဖျင်၏ အမှတ်တံဆိပ် နိုင်ငံခြားရေးဝါဒ စီမံကိန်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြီး ခေတ်သစ်ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းနှင့် ၂၁ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမဟုလည်း သိကြသည်။ အဆိုပါ စီမံကိန်းက တရုတ်နိုင်ငံမှ ဥရောပသို့ ဗဟိုအာရှ၊ အရှေ့ အ လယ်ပိုင်းနှင့် ရုရှားတို့ မှတဆင့် အနည်းဆုံး နိုင်ငံပေါင်း ၇၀ ကျော်ကို ဆက်သွယ်ထားသည့် လမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများ ပါဝင်သည့် ကွန်ရက်တခုကို တည်ဆောက်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှုကို ထိန်းသိမ်းထားရန် ရည်ရွယ်သည်။

ဒုတိယ အကြိမ်မြောက် BRI ဖိုရမ်တွင် တရုတ်နိုင်ငံက နိုင်ငံအများအပြားနှင့် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံကျော်တန် သဘောတူညီချက်များ လက်မှတ်ထိုးခဲ့သည်။ တရုတ်နိုင်ငံက သူတို့ကို အကြွေးများပြန်မဆပ်နိုင်သည့် အခြေအနေသို့ ရောက်စေရန် ရည်ရွယ်ချက်မရှိကြောင်း နှင့် စီမံကိန်းတွင် ပါဝင်သူအားလုံး အကျိုးကျေးဇူးရရှိရန် ရည်ရွယ်ကြောင်း တရုတ် နိုင်ငံက လက်ရှိ နှင့် အလားအလာရှိသူ မိတ်ဖက်များကို အခိုင်အမာ ထပ်တလဲလဲပြောကြားခဲ့သည်။