အစိုးရနှင့်ကရင်နီလွတ်မြောက်ရေးပါတီ( KNPP)တို့အကြားတတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်သဘောတူညီချက် ၇ ချက်ရရှိ

...

အစိုးရနှင့်ကရင်နီလွတ်မြောက်ရေးပါတီ( KNPP)တို့အကြားတတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်သဘောတူညီချက် ၇ ချက်ရရှိ

Eleven Media, 24 Oct 2013

URL: http://elevenmyanmar.com/politics/3841-government-and-knpp-hold-third-round-of-peace-talks-agree-on-seven-points
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်ကရင်နီလွှတ်မြောက်ရေးပါတီ( KNPP)တို့တတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကယါးပြည်နယ်လွိုင်ကော်မြို့၌ အင်္ဂါနေ့တွင်ကျင်းပခဲ့ပါသည်။
၎င်းဆွေးနွေးပွဲသည်ကရင်နီလွှတ်မြောက်ရေးပါတီ(KNPP)ကအချက်လေးချက်အပေါ်အဆိုပြုတင်သွင်းပြီးအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)ဘက်မှအချက်သုံးချက်တင်သွင်ဆွေးနွေးခဲ့ကြပါသည်။
သဘောတူညီချက်ရရှိသောအချက်(၇)ချက်မှာနိုင်ငံရေးဆွေးနွေးပွဲစတင်ပြုလုပ်ခြင်းမှတနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးရရှိနိုင်ရန်အတွက်မည်ကဲ့သို့ဆောင်ရွက်ရန်၊ အသင်း ဝင်(၁၀)ယောက်ပါသောလက်တွဲသုံးသပ်စစ်ဆေးခြင်းကော်မတီကိုနှစ်ဘက်သဘောတူညီမှုနှင့်အတည်ပြုရန်၊ ကရင်နီလွှတ်မြောက်ရေးပါတီ( KNPP)စစ်တပ်ဘက်မှနယ် စပ်စီးပွါးရေးလမ်းကြောင်းတွင်လုံခြုံရေးတာဝန်ကိုကူညီဆောင်ရွက်ရန်အတွက်လက်မှတ်ထိုးရန်တို့ဖြစ်ပါသည်။
အခြားသောသဘောတူညီမှုရရှိသောအချက်များမှာမြေအောက်မိုင်းများရှင်းလင်းခြင်း၊ ပြည်တွင်းအိုးမဲ့အိမ်မဲ့ရွှေ့ပြောင်းနေရသူများအတွက်စမ်းသပ်မှုစီမံကိန်းကိုတာ ဝန်ယူဆောင်ရွက်ရန်နှင့်ဒေသဖွံ့ဖြိုးတိုးတက်မှုတစုံတရာပြုလုပ်ရန်တို့ဖြစ်သည်။
နောက်ပိုင်းတွင်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC) မှဗဟိုအထူးအကြံပေးသူဦးလှရွှေမောင်ကနှစ်ဦးနှစ်ဘက်ကလိုအပ်သောအချက်များအပေါ်ကိုသာ သဘောတူညီခဲ့သည်ဟုသတင်းထောက်တွေကိုပြောပါသည်။ ကရင်နီလွှတ်မြောက်ရေးပါတီ(KNPP)ကိုယ်စားလှယ်များအားရိုးသားဖြောင့်မတ်ခြင်းနှင့်ရှေ့ဆက်တည့်တည့်သွားခြင်းကိုသူကချီးကျူးမိသည်။ လိုင်ဇာ(Laiza)၌ပြုလုပ် မည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုနှစ်ဦးနှစ်ဘက်ကကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားမည်ထင်ပါသည်ဟုသူကပြောပါသည်။
ကရင်နီလွှတ်မြောက်ရေးပါတီမှဗဟိုအမြဲတမ်းကော်မတီဗိုလ်မှူးကြီးဘုန်းနိုင်နှင့်အစိုးရဘက်ကလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဇော်မျိုးအောင်တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတ်တမ်းတွင်လက်မှတ်ထိုးခဲ့ပါသည်။