အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံပေါင်းပူးတွဲလမ်းမကြီးပြီးခါနီး

...

အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံပေါင်းပူးတွဲလမ်းမကြီးပြီးခါနီး

The Assam Tribune, 22 Oct 2013

URL: http://www.assamtribune.com/scripts/detailsnew.asp?id=oct2313/at09
လမ်းမကြီးသည်ဤဒေသများ၏ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရန်တွင်ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက်အထောက်အကူပြုမည်ဖြစ်သည်။ ယခုလတ်တလော သုံးနိုင်ငံပူးတွဲလမ်းမကြီးကိုပြုပြင်ရန်အတွက်ကျွန်တော်တို့သည်မြန်မာအစိုးရနှင့်ထိုင်းအစိုးရတို့အားအတူတ​ကွ​လုပ်ဆောင်နေပါသည်​။ ယင်းလမ်းမကြီးသည်မကြာမီ အတွင်းတွင်ပြုပြင်ဆောက်လုပ်ပြီးမည်ဟုမျှော်လင့်ပါသည်ဟုရှာမာ(Sharma)က(CII)အခမ်းအနားတွင်ပြောဆိုသည်။
မဏိပူရရှိမိုရဲမှထိုင်းနိုင်ငံမဲဆောက်သို့မြန်မာနိုင်ငံကိုဖြတ်ကူးသည့်လမ်းမကြီးကိုပြုပြင်ဆောက်လုပ်မည့်အကြံအစည်ကိုဧပြီလ ၂၀၀၂ ခုနှစ်ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးဆက်စပ်မှုနှင့်ပတ်သက်သောသုံးနိုင်ငံဆိုင်ရာဝန်ကြီးအစည်းအဝေးတွင်ရယူခဲ့သည်။ အိန္ဒိယနိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများအကြားဆက်စပ်မှုကိုတည်ထောင်မည့်အစီအစဥ်သည်အရေးပါသောခြေလမ်းတစ်လမ်းဖြစ်သည်ဟုဖေါ်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည်မြန်မာနိုင်ငံမှသွင်းကုန်သုံးပုံတစ်ပုံနှင့်သစ်ငါးပုံတစ်ပုံကိုရရှိသည်။
ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းလမ်းပန်းဆက်သွယ်ရေးဆက်စပ်မှုပိုမိုကောင်းမွန်လာအောင်ပြုပြင်ဆောက်လုပ်ရန်လိုအပ်သည်ဟုရှာမာ(Sharma)က အဓိကဖေါ်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည်ကာလာတန်(Kaladan)လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင်ပါဝင်သောကုန်းလမ်းနှင့်ရေလမ်းကြောင်းများကိုလည်းပြုပြင်ဆောက်လုပ်သွားမည်ဟုဆိုသည်။အိန္ဒိယနိုင်ငံသည်ကလားတန်းလမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင်ပါဝင်သောကုန်းလမ်းနှင့်ရေလမ်းကြောင်းများကိုလည်းပြုပြင်ဆောက်လုပ်သွားမည်ဟုဆိုသည်။
ယင်းကာလာတန်(Kaladan)လမ်းပန်းဆက်သွယ်ရေးစီမံကိန်းသည်အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသတွင်ရှိသောကလကတား(Kolkata)ဆိပ်ကမ်းနှင့်မြန်မာနိုင်ငံတွင်ရှိသောစစ်တွေဆိပ်ကမ်းကိုဆက်စပ်ရန်အတွက်ဖြစ်သည်။ ထို့နောက်စစ်တွေဆိတ်ကမ်းနှင့်မီဇိုရမ်ကိုကုန်းနှင့်ရေကြောင်းလမ်းပန်းဆက်သွယ်ရေး ဆက်စပ်မှုပြုလုပ်သွားမည်ဖြစ် သည်။ ဤလမ်းပန်းဆက်သွယ်ရေးစီမံကိန်းသည်ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဘီယက်နန်နိုင်ငံနှင့်မြန်မာနိုင်ငံများကိုအိန္ဒိယနိုင်ငံနှင့်အရှေ့တောင်ပိုင်းနှင့်ဆက်စပ်မှု ပြု လုပ်သွားမည်ဖြစ်သည်။