တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ ညီလာခံရွှေ့ဆိုင်းခႅင်း

...

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ ညီလာခံရွှေ့ဆိုင်းခႅင်း

မဇျိမသတင်း, 14 Dec 2013

URL: http://www.bnionline.net/index.php/news/mizzima/16593-armed-ethnic-groups-postpone-conference.html
တနိုင်ငံလုံးဆိုင်ရာ အပတ်အခတ်ရပ်စဲရေးအတွက်အစိုးရ အဆိုပြုလွှာကို တုန့်ပြန်မှုပြုလုပ်ရန်အတွက် စဥ်စားမှုများပြုရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအုပ်စုများ မှ ညီလာခံကိုနောက်လတိုင်အောင် ရွှေပြောင်းလိုက်ပြီဖြစ်ေကြာင်း အဖွဲ့အစည်းကော်မတီ၏အဖွဲ့ဝင်တဦးမှ ဒီဇင်ဘာ ၂၂ ရက်နေ့ တွင်ပြောကြားခဲ့ပါသည၊၊

ဖဒိုမန်းမန်းမှ ညီလာခံ ကိုဒီဇင်ဘာ ၁၈ ရက်နေ့ ကရင်ပြည်နယ် ဘားအံ့မြို့တွင် စတင်ခဲ့ပြီး ညီလာခံကို ဖွဲ့စည်းရန်အချိန် ပိုမိုလိုအပ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြောကြားခဲ့ပါသည်၊၊

ကေအမ်ယူ ပူးတွဲအတွင်းရေးမှူး ၂ ဗဒိုမန်းမန်းမှညီလာခံကို ဇန်နဝါရီလ တတိယပတ်တွင် ဘားအံမြို့ အနီးအနား ကေအမ်ယူ နယ်မြေဖြစ်သော လေးဝါး(လေးခီးလာ) စခန်းတွင် ကျင်းပဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊
ဇန်နဝါရီလညီလာခံသည် အစိုးရစေ့စပ်ဆွေးနွေးရေးအဖွဲ့နှင့် ပြောဆိုချက်များဖော်ထုတ်ချက်များပြုလုပ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များ ၏ဒုတိယအကြိမ်စုစည်းမှုဖြစ်သည်၊၊

အောက်တိုဘာလတွင် ကချင်ပြည်နယ် လိုင်ဇာမြို.ရှိကချင်လွတ်လပ်ရေး အဖွဲ.အစည်းဌာနချုပ်တွင် ပထမအကြိမ်ညီလာခံ ကိုတိုင်းရင်းသားလက်နက်ကိုင် ၁၇ အုပ်စု မှ ကိုယ်စားလှယ်များ ပါဝင်ပြီး ၎င်းတို.မှ အများစုသည် ကုလသမဂ္ဂ ဖက်ဒရယ်ကောင်စီ မှ အဖွဲ့ဝင်များဖြစ်ကြသည်၊၊

လိုင်ဇာ၏ပြောဆိုချက်အရ အစိုးရနှင့်စေ့စပ်ဆွေးနွေးမှုအတွက် အချက် ၁၁ ချက်သဘောတူညီမှုထုတ်ခဲ့ပြီး ဖက်ဒရယ်စစ်တပ်အတွက် အဆိုပြုချက်လည်းပါဝင်ခဲ့သည်၊၊

သို့သော်လည်း နိုဝင်ဘာလ အစောပိုင်း ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင်အစိုးရစေ့စပ်ဆွေးနွေးရေးအဖွဲ့နှင့်နောက်ဆုံးအကြိမ် ပြောဆိုမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ရန်သူ့စစ်ကြောင်း၏ထိုးဖောက်မှုကြောင့် ပျက်ကွက်ခဲ့ရသည်၊၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစေ့စပ်ဆွေးနွေးရေးအဖွဲ့များကြား နောက်တစ်ကြိမ် ပြောဆိုမှုများသည် ဇန်နဝါရီလတွင် ပြုလုပ်မည်ဖြစ်သော ညီလာခံပြီးသည့်နောက်ပိုင်းတွင်ထပ်ပြီးဆက်လက်လုပ်ဆောင်သွားဖို့မျှော်လင့်ကြောင်း ဖဒိုမန်းမန်းမှ ပြောကြားခဲ့သည်၊၊