ဂျပန်မှမြန်မာနိုင်ငံအတွက်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုလိုက်ခြင်း

...

ဂျပန်မှမြန်မာနိုင်ငံအတွက်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုလိုက်ခြင်း

Bangkok Post, 15 Jan 2014

URL: http://www.bangkokpost.com/news/asia/389735/japan-issues-multiple-entry-visas-for-myanmar
မြန်မာနိုင်ငံမှလာရောက်လည်ပတ်သူများနှင့်နှစ်နိုင်ငံငွေကြေးလဲလှယ်မှုများကျယ်ပြန့်လာစေရန်အတွက်ကြိုးပမ်းမှုများအရတိုကျို-ဂျပန်မှမြန်မာနိုင်ငံသားများအတွက်အကြိမ် ကြိမ်ပြည်ဝင်ခွင့်ဗီဇာကိုထုတ်ပြန်ပေးခဲ့သည်ဟုဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့တွင်စတင်အကျိုးသက်ရောက်မှုရှိသောအကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာသည်သုံးနှစ်အထက်ရရှိမည်ဖြစ်ပြီးတကြိမ်လာရောက်လည်ပတ်သူများကို(၁၅)ရက်အထက်ဂျပန်တွင်နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။ယခုလမှစ၍မြန်မာနိုင်ငံ သားများသည်ဂျပန်နိုင်ငံသို့ဝင်ရောက်ရန်အတွက်တကြိမ်ပြည်ဝင်ခွင့်ဗီဇာရရှိရန်လိုအပ်သည်။
ယခုနှစ်တွင်ပြည့်မည်ဖြစ်သောနှစ်နိုင်ငံသံတမန်ရေးရာချစ်ကြည်ရေးနှစ်ခြောက်ဆယ်ပြည့်အထိန်းအမှတ်အနေနှင့်လုပ်ဆောင်သောစီမံချက်ဖြစ်သည်။ဒီဇင်ဘာလတွင်တိုကျိုမြို့၌မြန်မာသမ္မတဦးသိန်းစိန်တက်ရောက်ခဲ့သောအစည်းအဝေး တွင်ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးမှမြန်မာနိုင်ငံတွင်အထူးစီးပွားရေးစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊မီးရထားလမ်းဆက်သွယ်မှုများအဆင့်မြှင့်လာစေရန်နှင့်အခြားပြန်လည်တည်ဆောက်ရေးစီမံကိန်းများတိုးမြှင့်လာစေရန်အတွက် မြန်မာနိုင်ငံသို့ချေးငွေအသစ်များယန်း(၆၃)ဘီလီယမ်ခန့်ချေးရန်ကတိပေးခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံတွင်ဂျပန်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်လာစေရန်အတွက်နှစ်ဦးနှစ်ဘက်ပါဝင်သောရင်းနှီးမြှပ်နှံမှုနိုင်ငံအချင်းချင်းသဘောတူစာချုပ်တွင်အစိုးရနှစ်ခုစလုံးမှလည်းလက်မှတ်ရေးထိုးခဲ့သည်။