PNoy မှမြန်မာပြည်၌ဒီမိုရေစီလမ်းကြောင်းဆီသို့ဖော်ဆောင်ရာတွင်အကူအညီများပေးအပ်ခြင်း

...

PNoy မှမြန်မာပြည်၌ဒီမိုရေစီလမ်းကြောင်းဆီသို့ဖော်ဆောင်ရာတွင်အကူအညီများပေးအပ်ခြင်း

GMA News, 05 Dec 2013

URL: http://www.gmanetwork.com/news/story/338449/news/nation/pnoy-to-help-in-myanmar-s-move-to-democracy
သမ္မတBenigno Aquino III သည်ကြာသာပတေးနေ့တွင် သူနှင့်အဆင့်တူပုဂ္ဂိုလ်ဝာယောက်ဖြစ်သောသမ္မတဦးသိန်းစိန်လာရောက်လည်ပတ်သည့်အချိန်အတွင်းနှစ်ဦးနှစ်ဘက် ပါဝင်သောဘောတူညီချက်တချို့ကိုလက်မှတ်ရေးထိုးပြီးသည့် နောက်တွင်မြန်မာပြည်၏စီမိုကရေပြန်လည်ဖော်ဆောင်ရေးကိုချီးကျူးလိုက်သည်။
ဖိလစ်ပိုင်တွင်အနီရောင်ကော်ဇောဖြင့်မှတ်တမ်းတင်ကြိုဆိုခြင်းခံရသောဦးသိန်းစိန်သည်သူ၏ပထမအကြိမ်အလည်အပတ်အဖြစ် Malacañang သို့ရောက်ရှိလာသည်။
Aquino မှဖိလစ်ပိုင်သည်၁၉၈၀ခုနှစ်တွင်အာဏာရှင်ဆန်သောစည်းမျည်းစည်းကမ်းများမှဒီမိုကရေစီစနစ်ဆီသို့ကူးပြောင်းခဲ့ခြင်းဖြစ်ကြောင်းနှင့်မြန်မာပြည်တွင်လူမှု့အဖွဲ့အ စည်းများဖွင့်လှစ်ဖော်ဆောင်ရာတွင်အကူအညီ များပေးမည်ဖြစ်ကြောင်းပြောကြားလိုက်သည်။
ယခင်ကရန်ကုန်သည််စစ်ဘက်ဆိုင်ရာအရာရှိများစိုးမိုးမှုအများဆုံးထဲမှတခုဖြစ်သည်ဟုအာဆီယန်တွင်ဝေဖန်သံများဆုံးခံခဲ့ရပြီး Aquino မှမြန်မာနိုင်ငံသည် မကြာသေးမီက“ သမိုင်းဝင်ဖွံ့ဖြိုးတိုးတက်မှုများရှိလာသည်”ဟုချီးကျူးလိုက်ပြီး ၎င်းတွင်ရွေးကောက်ပွဲကျင်းပခြင်းများ၊နိုင်ငံရေးအရထိန်းသိမ်းထားသူများအားလွှတ်ပေးခြင်းများ၊အတိုက်အခံများနှင့်အပြန်အလှန်ဆွေးနွေးခြင်းများနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖွင့်လှစ်ပေးခြင်းများပါဝင်သည်။
“ဒီရှေ့ပြေးအရာတွေဟာမြန်မာပြည်သမိုင်းကြောင်းရဲ့အခန်းသစ်တွေပါပဲ၊ဖိလစ်ပိုင်အနေနဲ့ဒီပဏာမခြေလှမ်းများကိုအထောက်အပံ့များပေးခဲ့ပြီးအဆောက်အဦးအရွယ်အစားများနှင့်နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မူများကိုလည်း အထောက်အပံ့ပေးရန်ကမ်းလှမ်းခဲ့ပါတယ်”ဟုဦးသိန်းစိန်နှင့်အစည်းအဝေးပြီးသည့်နောက်တွင် Aquino ပြောကြား လိုက်သည်။
“ဖိလစ်ပိုင်မှမြန်မာနိုင်ငံတွင်လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများတည်ထောင်ရာ၌အကူအညီများပေးရန်ကမ်းလှမ်းခဲ့ပြီးဒေသများတွင်လည်းစိုက်ပျိုးရေး၊စီးပွားစွန့်စားလိုစိတ်၊အင်းများ၊စီးပွားရေးဆိုင်ရာလည်ပတ်မှုများနှင့်လိင်နှင့်ပက်သက် သည့်အကြောင်းအရာများကိုသင်တန်းပေးနေပါတယ်”ဟု Aquino မှပြောကြားခဲ့သည်။
သမ္မတနှစ်ဦးမှ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအတွင်းရှိအာဏာဖီဆန်သောအုပ်စုများနှင့်ပက်သက်သည့်ငြိမ်းချမ်းရေးဆိုင်ရာအားထုတ်မှုများကိုလည်းဆွေးနွေးခဲ့ပြီးဖိလစ်ပိုင်တွင်ကာကွယ်မှုများ၌ရွာခံများကိုခန့်ထားခြင်းသည် အနာဂတ်တွင်အတူပူးပေါင်းဆောင်ရွက်ရန်အတွက်ဖြစ်သည်ဟု Aquino မှပြောကြားခဲ့သည်။
ဖိလစ်ပိုင်များမှမြန်မာနိုင်ငံအတွင်းသို့ဗီဇာမလိုပဲဝင်ရောက်နိုင်ခြင်းအပါအဝင်သဘောတူညီချက်အချို့ကိုခေါင်းဆောင်များမှလက်မှတ်ရေးထိုးခဲ့ကြပြီး အခြားအရာများကိုတိုး ချဲ့ဆောင်ရွက်ရာတွင်စွမ်းအားသစ်များဖြင့် ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဖြစ်သည်။
ပြီးခဲ့သည့်လက Luzon တောင်ပိုင်း၏အချို့နေရာများနှင့်Visayas တွင်တိုက်ခတ်ခဲ့သောစူပါတိုက်ဖုန်း Yolanda (Haiyan) မုန်တိုင်းကြောင့်တမြို့လုံးပြားချပ် သွားပြီးလူပေါင်း ၇၅၀၀ထက်မနည်းသေဆုံးသွားခြင်းများပျောက်ဆုံး သွားခြင်းများဖြစ်ပြီးနောက်မြန်မာနိုင်ငံမှကူညီထောက်ပံ့ခဲ့သည်များကို Aquino မှကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
ဦးသိန်းစိန်မှသူ၏အလည်အပတ်ကာလအတွင်းမုန်တိုင်းဒဏ်ခံရသောဒေသများဆီသို့ဆရာဝန်များနှင့်ကယ်ဆယ်ရေးပစ္စည်းများအကူအညီပေးခဲ့သည်ဟုပြောကြားခဲ့ပြီး၂၀၀၈ခုနှစ်၌မြန်မာနိုင်ငံသည်ဆိုက်ကလုံးမုန်တိုင်းတိုက်ခတ်ဒဏ်ခံရမှုကြောင့် နိုင်ငံတွင်အပျက်အစီးများပြားခဲ့ရသဖြင့်သဘာဝဘေးအန္တရယ်ကြောင့်ရရှိလာသောဒုက္ခများကိုပိုမိုနားလည်လာခဲ့ကြသည်။
သုံးရက်တာလည်ပတ်မှုကာလအတွင်းမြန်မာခေါင်းဆောင်မှသူသည် Aquino အားသူ၏နိုင်ငံရှိဒေသများတွင်ကျန်းမာရေး၊ပညာရေး၊စီးပွားရေးနှင့်လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက် ရေးတို့တွင်အကူအညီပေးရန်မေးမြန်းခဲ့ကြောင်းပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်မြန်မာနိုင်ငံ၏စီးပွားရေးကျသောနှစ်များ၌ထိုဒေသများတွင်တိုးတက်မှုနှောင့်နှေးခဲ့ရသည်။
ယခင်က Aquino မှမြန်မာနိုင်ငံတွင်အာဏာရှိသောစစ်ဘက်ဆိုင်ရာအရာရှိများလွှမ်းမိုးမှုအပေါ်ဝေဖန်ခဲ့ခြင်းများရှိခဲ့သော်လည်းမြန်မာနှင့်ဖိလစ်ပိုင်ကြားတွင်မည်သည့်အ ကြောင်းကိစ္စမှမရှိခဲ့ပါဟု၎င်းမှပြောကြားခဲ့သည်။