ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရန်အတွက်တိုင်းရင်းသားများ၏တောင်းဆိုချက်များကိုတွေးတောပေးရ မည်ဖြစ်ကြောင်းဦးသိန်းစိန်မှပြောကြားလိုက်ခြင်း

...

ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရန်အတွက်တိုင်းရင်းသားများ၏တောင်းဆိုချက်များကိုတွေးတောပေးရ မည်ဖြစ်ကြောင်းဦးသိန်းစိန်မှပြောကြားလိုက်ခြင်း

Eleven Media, 02 Feb 2014

URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=4928:we-must-consider-ethnic-demands-for-charter-cha
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပြောင်းလဲမှုများကိုတွေးတောရာ၌ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏အကျိုးရလဒ်များကိုလျစ်လျူမရှုသင့်ကြောင်းသမ္မတသိန်းစိန်မှစနေနေ့လတိုင်း​ ရေ
ဒီယိုမိန့်ခွန်းတွင်ပြောကြားခဲ့သည်။
နိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးရန်အတွက်ရက်သတ်မှတ်ခြင်းပြုလုပ်ရန်အသေးစိတ်အချက်အလက်များကိုဆွေးနွေးမည်ဖြစ်ကြောင်း၎င်းမှပြော
ကြားခဲ့သည်။မကြာသေးခင်၌ကရင်ပြည်နယ်လောခီးလာတွင်ပြုလုပ်ခဲ့သောတိုင်းရင်းသားညီလာခံ၏အကျိုးရလဒ်များအပေါ်အခြေခံ၍ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။
အပစ်
အခတ်ရပ်စဲမှုများနောက်၌နိုင်ငံသည်နိုင်ငံရေးဆွေးနွေးမှုများကိုဘောင်အတွင်း၌ကျင်းပရန်ရပ်တည်လာနိုင်ပြီဖြစ်ကြောင်းသမ္မတမှထပ်လောင်းပြောဆိုလိုက်သည်။တိုင်းရင်းသားအုပ်
စုများ၏အဓိကတောင်းဆိုချက်များသည်တန်းတူညီတူရှိရေး၊ကိုယ်ပိုင်အုပ်ချုပ်ရေး၊တိုင်းရင်းသားအခွင့်အရေး၊ယဥကျေးမှုနှင့်ဘာသာစကားများစသည်တို့တန်းတူညီတူရသောဗ ဟို
အစိုးရပြည်နယ်တခုဖြစ်ရန်တောင်းဆိုမှုများကြောင့်ဖွဲ့စည်းပုံအခြေခံနှင့်အညီပြင်ဆင်ချက်များအတွက်လိုအပ်သောဆောင်ရွက်မှုများပြုလုပ်ရန်ဦးသိန်းစိန်မှလည်းအရေးစိုက်ခဲ့
သည်။
ဖွဲ့စည်းပုံအခြေခံပြောင်းလဲသည့်အကြောင်းအရာများ၌တိုင်းရင်သားအုပ်စုများ၏တောင်းဆိုချက်များကိုတွေးတောပေးရန်သမ္မတမှလွှတ်တော်၊နိုင်ငံရေးပါတီများနှင့်အခြားနိုင်ငံရေး အဖွဲ့အစည်းများကိုတိုက်တွန်းခဲ့ပြီး၎င်းဖွဲ့စည်းပုံအခြေခံပြောင်းလဲခြင်းသည်ဒီမိုကရေစီအခြေခံဝါဒစံနှုန်းများနှင့်တန်ဖိုးများကိုသဟဇာတဖြစ်ရမည်ဟု၎င်းမှပြောကြားခဲ့သည်။
ဦး သိန်းစိန်မှသူ၏မိန့်ခွန်းထဲတွင်လောခီးလာညီလာခံအတွင်းနိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာလက်မှတ်ရေးထိုးရန်၎င်းတို့၏တညီတညွတ်တည်းဆုံးဖြတ်ချက်အတွက်တိုင်း ရင်း သားလက်နက်ကိုင်အုပ်စုဝင်အားလုံး၏ခေါင်းဆောင်များကိုချီးကျူးခဲ့သည်။အစပိုင်းတွင်မတူညီသောရပ်တည်ချက်များရှိသော်လည်းယခုအခါသူတို့သည်အဆုံးဖြတ်ချက်အများ ရရှိ
နေပြီဖြစ်သည်။
သမ္မတမှကရင်အမျိုးသားအစည်းအရုံးဥက္ကဌစောမူတူးစေးဖိုးအား၎င်း၏မှတ်ချက်များဖြစ်သည့်“သဘောတူညီမှုစာချုပ်တွင်သတ္တရှိစွာလက်မှတ်ရေးထိုးခြင်းဖြင့်သမိုင်းမှတ်တမ်းပြုလုပ်
ပါ” အတွက်အထူးချီးမွမ်းခဲ့သည်။
စက်မှုနိုင်ငံတခုပြုလုပ်ရန်ဆောင်ရွက်မှုများ၌ဖွံဖြိုးစတွင်ပြောင်းလဲမှုများသည်ဖြစ်ရိုးဖြစ်စဥသာဖြစ်ပြီးနိုင်ငံရေး၊စီးပွားရေးနှင့်ငြိမ်းချမ်းရေးကိစ္စများနှင့်ဆိုင်သောအခက်အခက်များ၊စိန်
ခေါ်မှုများနှင့်နှင့်ရင်ဆိုင်ရမည်သာဖြစ်သည်ဟုဦးသိန်းစိန်မှပြောကြားခဲ့သည်။
သို့သော်လည်းအစိုးရသည်အကျိုးရလဒ်ကောင်းများထွက်ရှိလာစေရန်အားထုတ်မှုများတွင်ပါဝင်ခဲ့သည်ဟု၎င်းမှပြောကြားခဲ့သည်။