ကေအဲန်ယူနှင့်ကျေးရွာဥက္ကဌများသန်းခေါင်စာရင်းကိစ္စဆွေးနွေးခဲ့

...

ကေအဲန်ယူနှင့်ကျေးရွာဥက္ကဌများသန်းခေါင်စာရင်းကိစ္စဆွေးနွေးခဲ့

Karen News, 18 Feb 2014

URL: http://karennews.org/2014/02/knu-meets-village-heads-to-clarify-census-issues.html/
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သည်သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပက်သက်၍ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိကျေးရွာက္ကဌများနှင့်မြို့ နယ်လူဝင်မှု
ကြီးကြပ်ရေးဦးစီးဌာနရုံး၌ဖေဖော်ဝါရီ(၃၀)ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းကေအဲန်ယူကော့ကရိတ်မြို့နယ်ဥက္ကဌပဒိုစောမောထူးကကေအိုင်စီသို့ပြောခဲ့သည်။

“ကျွန်တော်တို့ကကျေးရွာလူကြီးတွေကိုခေါ်ပြီးတော့ဒီသန်းခေါင်စာရင်းမေးခွန်းမေးတဲ့အခါမှာစကောကရင်၊ပိုးကရင်စတဲ့မျိုးနွယ်စုတွေကိုမပြောဘဲနဲ့ကရင်တမျိုးတည်းပဲ
ဖြေဖို့ကျွန်တော်တို့ကဆွေးနွေးပွဲမှာပြောခဲ့ပါတယ်”ဟုပဒိုစောမောင်ထူးကပြောသည်။

လက်ရှိတွင်အစိုးရသတ်မှတ်ထားသည့်ကရင်မျိုးနွယ်စု(၁၁)မျိုးရှိပြီးသန်းခေါင်စာရင်းကောက်ယူရာတွင်ပုံစံနှင့်ကုတ်နံပါတ်သတ်မှတ်ချက်များသည်ကရင်လူမျိုးများအကြား
ရှုပ်ထွေးနေကြောင်း၊မှန်ကန်သည့်ကရင်လူဦးရေရှိရေးနှင့်လူမျိုးအမည်မှန်ကန်စွာဖြေဆိုနိုင်ရန်အတွက်ရည်ရွယ်၍ဆွေးနွေးပွဲလုပ်ရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောသည်။

အလားတူကရင်ပြည်နယ်ဒုလဝကမှူးစောတင့်လွင်က“အခုလူမျိုးကိစ္စတွေနဲ့ပြဿနာတက်နေတယ်၊ကရင်ထဲမှာဆိုရင်တော့မျိုးနွယ်စုတွေရှိနေတယ်။ဒါလေးတွေကအခုဖြစ်
နေတဲ့ပြဿနာဖြစ်တယ်။ဒီကိစ္စနဲ့ပက်သက်ပြီးတော့ကျွန်တော်တို့ဝန်ကြီးကရှင်းနေတယ်။သန်းခေါင်စာရင်းမှာလူမျိုးဆိုတာကကရင်ဆိုရင်ကရင်မျိုးနွယ်စုထဲမှာအခွဲလေး
တွေအများကြီးရှိတယ်။ဒါပေမယ့်စက်(ကွန်ပြူ တာ )ထဲရောက်သွားတဲ့အချိန်ကျရင်အားလုံးပြန်ပေါင်းတော့ကရင်ပဲပြန်ပေါ်လာမယ်”ဟုပြောဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင်နိုင်ငံတော်ကသတ်မှတ်တားသည့်တိုင်းရင်းသား(၁၃၅)မျိုးကိုအခြေခံကာကောက်ခံသွားမည်ဖြစ်ကြောင်းတိုင်းရင်းသားစာရင်းထဲတွင်
မပါဝင်သူများအားသီးခြားစာရင်းသွင်းကာကောက်ခံသွားမည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးခင်ရီကပြောကြားထားသည်။

ကော့ကရိတ်မြို့နယ်၊ရွာတန်းရှည်ကျေးရွာမှစောမြအေးကလည်း“သန်းခေါင်စာရင်းလာကောက်တဲ့အခါကျွန်တော်ကတော့ကရင်လို့ပဲဖြေမယ်”ဟုကေအိုင်စီသို့ပြောသည်။
ဇန်နဝါရီလ(၁၄)ရက်နေ့ကကေအဲန်ယူဗဟိုပြည်ထဲရေးဌာနတာဝန်ခံပဒိုစောအာတိုးနှင့်အစိုးရပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့ကကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်တွေ့ဆုံကာ
၂၀၁၄ခု​နှစ်​သ​န်းခေါင်စာရင်းကောက်ယူခြင်း​လုပ်ငန်းဆောင်​ရွက်​မှု​နှင့်ပက်သက်၍အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်သွားရန်ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးကေအဲန်ယူမြို့ နယ်အဆင့် ခေါင်းဆောင်များအားရှင်းလင်းပြောဆိုခဲ့သည်။

ထို့ကြောင့်ကေအဲန်ယူအနေဖြင့်မြဝတီမြို့ တွင်ဖေဖော်ဝါရီ(၉)ရက်နေ့ကလည်းကောင်း၊ကော့ကရိတ်မြို့ နယ်တွင်ဖေဖော်ဝါရီ(၁၀)ရက်နေ့လည်းကောင်း၎င်းတို့၏မြို့ နယ်အ
ဆင့်တာဝန်ရှိသူများကသက်ဆိုင်ရာကျေးရွာဥက္ကဌများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးထိုအထဲတွင်လဝကတာဝန်ရှိသူများကလည်းပါဝင်ရှင်းလင်းပေးခဲ့သည်ဟုသိရသည်။