အာရှဟိုင်းဝေးလမ်းကြောင့်ဆုံးရှုံးမြေယာများလျော်ကြေးပေး

...

အာရှဟိုင်းဝေးလမ်းကြောင့်ဆုံးရှုံးမြေယာများလျော်ကြေးပေး

Karen News, 16 Mar 2014

URL: http://karennews.org/2014/03/farmers-compensated-for-land-loss-to-asia-highway.html/
ကရင်ပြည်နယ်အတွင်းမြဝတီ၊သင်္ဃန်းညီနောင်ကော့ကရိတ်အထိအာရှလမ်းမကြီးဖောက်လုပ်ရာတွင်စီမံကိန်းကြောင့်ပါဝင်ပျက်စီးသွားသည့်ဒေသခံ
များ၏လယ်မြေ၊ဥယျဉ်ခြံမြေနှင့်သီးပင်စားပင်များတွက်အစိုးရနှင့်ကုမ္ပဏီတို့ကလျော်ကြေးငွေပေးအပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

မတ်လ(၇)ရက်နေ့ကကော့ကရိတ်မြို့၊ခရိုင်အုပ်ချုပ်ရေးမှူး၊ဘုရင့်နောင်ခန်းမ၌၎င်းလျော်ကြေးငွေပေးအပ်ခြင်းအခမ်းအနားကျင်းပပြီးစီမံကိန်းကြောင့်
လယ်မြေ၊ဥယျဉ်ခြံမြေနှင့်သီးပင်စားပင်များပျက်စီးသွားသည့်အတွက်ဒေသခံများလက်မှတ်ထိုးကာလျော်ကြေးပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုကရင်ပြည်နယ်
ဝန်ကြီးဦးဇော်မင်းကကေအိုင်စီသို့ပြောသည်။

“အာရှလမ်းမဖောက်လုပ်ရာမှာပျက်စီးသွားတဲ့လယ်မြေအတွက်နိုင်ငံတော်ဘတ်ဂျက်နဲ့ဆောက်လုပ်ရေးဌာနကတာဝန်ယူပြီးတော့တစ်ဧကကို(၁၅)သိန်းနဲ့
SEE SANGက(၅)သိန်းထပ်ဆောင်းပေးတယ်”ဟုဦးဇော်မင်းကပြောသည်။

ထို့အပြင်အာရှလမ်းမဖောက်လုပ်ရာတွင်ပျက်စီးဆုံးရှုံးသွားသည့်လယ်မြေဧကပေါင်း(၅၆.၀၆)ဧက၊ဥယျဉ်မြေ(၅.၂၈)ဧက၊သီးပင်စားပင်၊အိမ်ပြောင်းခ၊အိမ်ခြံမြေစားပင်အတွက်လျော်ကြေးငွေစုစုပေါင်းကျပ်ငွေသိန်းပေါင်း (၁၇၇,၅၉၀,၀၀၀)ပေးအပ်သွားမည်ဖြစ်ကြောင်းဝန်ကြီးဦးဇော်မင်းကအခမ်းအနား
တွင်ပြောကြားခဲ့သည်။

၎င်းလျော်ကြေးငွေပေးအပ်ခြင်းအခမ်းအနားကိုကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးဦးဇော်မင်း၊ပြည်နယ်လွှတ်တော်အမတ်ကော့ကရိတ်မြောက်ပိုင်းမဲ
ဆန္ဒနယ်အမှတ်(၁)မှမန်းလှမြိုင်၊ပြည်နယ်စက်မှုနှင့်လျှပ်စစ်ဝန်ကြီးစောကြည်လင်းအဖွဲ့များ၊ကော့ကရိတ်ဌာနဆိုင်ရာအဖွဲ့များ၊SEE SANGကုမ္ပဏီမှအင်ဂျင်
နီယာMr.Supot Wongsirojkul၊ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှကိုယ်စားလှယ်များနှင့်လယ်မြေ၊ဥယျဉ်ခြံနှင့်သီးပင်စားပင်များထိခိုက်ပျက်စီး
သွားသည့်ဒေသခံတို့စုစုပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့သည်။

အာရှလမ်းမဖောက်လုပ်ရာတွင်လယ်မြေပါသွားသည့်အဖွားဒေါ်မေရှင်က“ပထမသူတို့ပြောတာကတစ်ဧကကိုသိန်း(၃၀)ပေါ့နော်။နောက်ပိုင်းတော့(၁၅)သိန်းဆို
တော့အဖွားတို့ကလက်မခံနိုင်တော့ဘူး၊သွားတင်ပြတယ်။(၁၅)သိန်းဆိုတော့မယူနိုင်ဘူးပေါ့။အခုတော့သိန်း(၂၀)ဖြစ်သွားတယ်။အများနဲ့ဆိုတော့မပြောတော့ဘူး။
လက်မှတ်ထိုးပြီးလက်ခံလိုက်တယ်”ဟုကေအိုင်စီသို့ပြောသည်။

အာရှအပေးပြေးလမ်းစီမံကိန်းအတွက်ထိုင်းနိုင်ငံနှင့်မြန်မာနှစ်နိုင်ငံသဘောတူညီခဲ့ကြပြီးထိုင်းနိုင်ငံကအာရှဖွံ့ဖြိုးရေးဘဏ်အကူအညီဖြင့်ထိုင်းဘတ်ငွေ(၁,၁၄၀)
သန်းအကုန်အကျခံကာ၂၀၀၄ခုနှစ်ကစတင်ဖောက်လုပ်ကာ၂၀၀၅တွင်ခေတ္တရပ်နားခဲ့သည်။

သို့သော်ကေအဲန်ယူနှင့်အစိုးရတို့အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက်၂၀၁၂ခုနှစ်၊နိုဝင်ဘာလတွင်စီမံကိန်းကိုပြန်လည်စတင်ခဲ့ပြီး၂၀၁၄
ဧပြီလတွင်အပြီးဖောက် လုပ်သွားမည်ဖြစ်ရာလမ်းပြီးစီးသွားပါကဗီယက်နမ်နိုင်ငံဒါနန်းမြို့မှလာအို၊ထိုင်း၊မြန်မာ၊အိန္ဒိယစသည့်နိုင်ငံများကိုဖြတ်သန်းသွားလာနိုင် မည့်အာရှလမ်းမကြီးဖြစ်လာမည်ဟုသိရသည်။