နိုင်ငံတော်သမ္မတဦးသိန်းစိန်KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်​အ​ဖွဲ့အားတွေ့ဆုံ

...

နိုင်ငံတော်သမ္မတဦးသိန်းစိန်KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်​အ​ဖွဲ့အားတွေ့ဆုံ

President Office, 06 Jun 2014

URL: http://www.president-office.gov.mm/en/?q=briefing-room/news/2014/06/05/id-3750
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်KNUကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌစောမူတူးစေးဖိုးခေါင်းဆောင်သောအဖွဲ့အားယနေ့ညနေ(၄)နာရီခွဲတွင်နေ ပြည်တော်ရှိတောင်သူပညာပေးစက်မှုလယ်ယာစံပြစိုက်ခင်းဧက(၅၀၀)အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင်နိုင်ငံတော်သမ္မတနှင့်​အ​တူပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ဦးစိုးသိန်း၊ဦးအောင်မင်း၊ဦးခင်ရီ၊ဦးခင်မောင်စိုး၊ဒုတိယဝန်ကြီးဦးရဲထွဋ်နှင့်​မြန်​မာနိုင် ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)မှအထူးအကြံပေးပုဂ္ဂိုလ်များတက်ရောက်ကြပြီးKNUကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်​အ​တူဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
များဖြစ်ကြသည့်​စော​ရော်ဂျာခင်၊ပဒိုမန်းငြိမ်းမောင်၊စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအ​ဆင့်​ရှိ​စော​ဂျော်နီ၊KNUဥက္ကဋ္ဌ၏နိုင်ငံရေးနှင့်​စစ်​ရေး​အကြံပေးစောတူးတူးလေးနှင့်​တာဝန်ရှိသူများတက်ရောက်
ကြသည်။

ရှေးဦးစွာKNUကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌစောမူတူးစေးဖိုး၊စောတူးတူးလေးနှင့်​ပ​ဒိုမန်းငြိမ်းမောင်တို့ကတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုး
နိုင်ရေးအတွက်လက်ရှိဆောင်ရွက်နေမှုအခြေ အနေများ၊အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးပါကနိုင်ငံရေးဆွေးနွေးပွဲများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်
ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်​သည့်​လုပ်ငန်းများ၊နိုင်ငံတော်သမ္မတ၏မေလ(၃၁)ရက်နေ့ရေဒီယိုမိန့်​ခွန်း​တွင်ပြောကြားခဲ့သည့်​ပြည်​တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်နှင့်​ပက်
​သက်သည့်​အချ​က်များအပေါ်KNUအဖွဲ့ကအပြည့်​အ​ဝသဘောတူပြီးဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်​အခြေအနေတို့ကိုဆွေးနွေးပြောကြားကြသည်။

မိမိတို့၏ငြိမ်းချမ်းရေးခရီးစဉ်သည်ခရီးတစ်ခုကိုရောက်ရှိနေပြီဖြစ်ပါကြောင်း၊နောက်ကြောင်းကိုပြန်မကြည့်​ပဲ​ခရီးဆုံးရောက်သည်အထိဇွဲသတ္တိရှိရှိဖြင့်​တူတကွလက်တွဲပြီးရှေ့ကိုဆက်လှမ်း
ကြရမည်ဖြစ်ပါကြောင်း၊မိမိတို့၏ကြိုးပမ်းမှု၊ပြည်သူများ၏ထောက်ခံအားပေးမှုကြောင့်​အ​ခက်​အခဲများကိုကျော်လွှားပြီးခရီးဆုံးအထိဆက်လက်ချီတက်သွားကြရန်မိမိအနေဖြင့်​တိုက်တွန်း
လိုပါကြောင်းပြော​ကြားသည်။