သြဂုတ်လတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်မဖြစ်နိုင်သေးဟုနိုင်ဟံသာပြော

...

သြဂုတ်လတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်မဖြစ်နိုင်သေးဟုနိုင်ဟံသာပြော

Mizzima News, 12 Jun 2014

URL: http://www.bnionline.net/index.php/news/imna/17117-nationwide-ceasefire-will-not-be-signed-in-august-says-ncct-leader-nai-hong-sar.html
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီUPWCနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တစ်နိုင်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းအဖွဲ့NCCTတို့၏ဆွေးနွေးပွဲရလဒ်များအရလာမည့်သြဂုတ်လ တွင်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်မဖြစ်နိုင်သေးဟုလွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA နှင့်အင်တာဗျူးတွေ့ဆုံခဲ့စဉ်NCCTအဖွဲ့ခေါင်းဆောင်နိုင်ဟံသာကပြောသည်။

လာမည့်သြဂုတ်လ(၁)ရက်နေ့တွင်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်မည်ဆိုသောမြန်မာအစိုးရပြောကြားချက်များမှာတစ်ဖက်သတ်ဝါဒဖြန့်ပြောဆိုချက်များသာဖြစ်သည်ဟုသူကဆိုသည်။

နိုင်ဟံသာက“နှစ်ဖက်သဘောတူစာချုပ်မူကြမ်း(Single Text Draft)မှာအဓိကကျတဲ့အချက်တွေကိုညှိနှိုင်းလို့မရသေးပါဘူး၊ဖက်ဒရယ်ဆိုတဲ့စကားရပ်တွေကိုလည်းအစိုးရဘက်ကလက်မခံသေးဘူး၊လက်မှတ်ရေးထိုးပြီးရှေ့ဆက်လက်အ ကောင်အထည်ဖော်သွားရမယ့်လုပ်ငန်းစဉ်တွေကိုလည်းသဘောတူညီမှုမရသေးပါဘူး”ဟုပြောသည်။

ပြီးခဲ့သည့်ဆွေးနွေးပွဲများတွင်အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဆိုသည့်အချက်များအားအစိုးရကိုယ်စားလှယ်များလက်မခံဟုဆိုသည်။

“အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်တိုင်းရင်းသားအားလုံးတန်းတူညီတူရေးကိုအခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ကြမယ်၊ဒါကြောင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာအရေးကြီးတယ်၊ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်မှဖြစ်မယ်ဆိုပြီးသမ္မတနဲ့လွှတ်တော်တို့ဘက်ကအသံတွေထွက်လာနေတယ်၊ဒါပေမယ့်တကယ်တမ်းဆွေးနွေးကြတဲ့အခါစစ်တပ်ကိုယ်စားလှယ်တွေကဒါတွေ ကိုလက်မခံပါဘူး”ဟုနိုင်ဟံသာကပြောသည်။

သဘောတူစာချုပ်မူကြမ်း(Single Text Draft)တတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကိုယခုဇွန်လအတွင်းတွင်ရန်ကုန်မြို့၊ရွှေလီလမ်း၊မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ထပ်မံတွေ့ဆုံညှိနှိုင်းကြ ရန်နှစ်ဖက်သဘောတူကြသည်ဟုUPWCနှင့်NCCTပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။