UNFC ၊UNA ၊NLD နှင့်၈၈မျိုးဆက်အဖွဲ့တို့ထိုင်း-မြန်မာနယ်စပ်၌တွေ့ဆုံ၍ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများဆွေးနွေးမည်

...

UNFC ၊UNA ၊NLD နှင့်၈၈မျိုးဆက်အဖွဲ့တို့ထိုင်း-မြန်မာနယ်စပ်၌တွေ့ဆုံ၍ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများဆွေးနွေးမည်

Eleven Media, 30 Jun 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6602:ethnic-political-alliances-to-meet-in-thailand-s-mae-sot&catid=32&Itemi
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူမှုအဖွဲ့အစည်းနှင့် ၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များအဖွဲ့တို့ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင်ဇူလိုင်(၃)ရက်နှင့်(၄)ရက် များတွင်တွေ့
ဆုံ၍ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများကိုဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲတွင်ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများသာမကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများကိုလည်းဆွေးနွေးသွားမည်ဖြစ်ပြီးအဖွဲ့တစ်ဖွဲ့လျှင်ကိုယ်စားလှယ်ငါးဦး နှုန်းဖြင့်တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့UNAအဖွဲ့အနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အသစ်ပြန်လည်ရေးဆွဲရေးကိစ္စရပ်တွေကိုဆွေးနွေးဖို့ရှိပါတယ်။ဒီဆွေးနွေးပွဲကနေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအလုံး
စုံမဖြစ်နိုင်ဘူးဆိုတာထက်ဒီလိုဆွေးနွေးမယ်။အဲဒီကသဘောတူညီချက်ရလာရင်ဆက်လက်ပြီးတော့အကောင်အထည်ဖော်ဖို့အတွက်နည်းလမ်းတွေ၊လုပ်နည်းလုပ်ဟန်တွေ ရလာမယ်
လို့မြင်ပါတယ်။အထူးသဖြင့်NLDတို့၊၉၀ရွေးကောက်ပွဲအနိုင်ရအဖွဲ့တို့ကပုဂ္ဂိုလ်များ၊၈၈အဖွဲ့ကပုဂ္ဂိုလ်များပါတဲ့အတွက်ကြောင့်သူတို့လုပ်တဲ့အခါမှာပိုပြီးတော့ထိရောက်မယ်လို့ထင်ပါ
တယ်”ဟုUNA အဖွဲ့မှဦးအေးသာအောင်ကပြောကြားသည်။

အဆိုပါဆွေးနွေးပွဲနှင့်ပက်သက်ပြီး၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှဦးဂျင်မီက“UNFC ကဖိတ်တာပါ။ဦးကိုကိုကြီးခေါင်းဆောင်တဲ့အဖွဲ့ငါးဦးလည်းပါပါမယ်။(၃)ရက်
နေ့၊(၄)ရက်နေ့နှစ်ရက်ကြာမှာပါ။အဓိကကတော့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပက်သက်တဲ့ကိစ္စပါ။မဲဆောက်မှာပါ”ဟုပြောကြားသည်။

လက်ရှိတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDနှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူမှုအဖွဲ့အစည်းတို့ပူးပေါင်း၍၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးပြည်သူလူ ထုဆန္ဒသဘောထားကောက်ယူမှုကိုတစ်နိုင်ငံလုံး၌ဆောင်ရွက်လျက်ရှိရာဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပက်သက်ပြီးတိုင်းရင်းသားနိုင်ငံရေးပါတီများစုပေါင်းဖွဲ့စည်း
ထားသည့်UNAအဖွဲ့မှလည်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

“ဖိတ်ထားတာကတော့လူကြီးပိုင်းတွေနဲ့တွေ့ဖို့ပါ။ကျွန်တော်တို့သိတာကတော့(၅)ဖွဲ့ဖိတ်ထားပါတယ်။NLDတိုင်းရင်းသားရေးရာအဖွဲ့ဖွဲ့ထားပါတယ်။အဲဒါပါပါတယ်။အားလုံးပေါင်း(၅)
ဖွဲ့ပေါ့”ဟုUNFC၏တွဲဖက်အတွင်းရေးမှူး (၂)ဗိုလ်မှူးကြီးခွန်ဥက္ကာမှပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ဆက်ဆံရေးကော်မတီတာဝန်ခံမှာအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်းသိရသည်။