သြဂုတ်လတွင်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်မဖြစ်နိုင်သေး(တိုင်းရင်း​သားအဖွဲ့များမှပြောကြား)

...

သြဂုတ်လတွင်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်မဖြစ်နိုင်သေး(တိုင်းရင်း​သားအဖွဲ့များမှပြောကြား)

Eleven Media, 30 Jun 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6613:no-nationwide-ceasefire-deal-by-august-ethnic-groups-say&catid=44:natio
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များမှအစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်မတွေ့ဆုံမီတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေးမှုများပြုလုပ်
ရန်မြန်မာနိုင်ငံမြောက်ပိုင်း၌ဇွန်လလယ်တွင်တွေ့ဆုံသွားမည်ဟုတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့၏ခေါင်းဆောင်တစ်ဦးမှပြောကြားခဲ့သည်။

ဤအနေအထားတွင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသည်သြဂုတ်လတွင်ရရှိနိုင်လိမ့်မည်မဟုတ်ချေ။

“သြဂုတ်လမှာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး”ဟုခေါင်းဆောင်နိုင်ဟံသာမှပြောခဲ့သည်။

မူလကအစိုးရစေ့စပ်ညှိနှိုင်းရေးအဖွဲ့နှင့်NCCTအကြားဇွန်အတွင်းတွေ့ဆုံ၍တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိုအချောသပ်လုပ်ဆောင်ရန်သဘောတူညီခဲ့သော်လည်းNCCTဘက်
မှအဆင်သင့်မဖြစ်သေးသောကြောင့်ရက်ရွှေ့ဆိုင်းခဲ့ရပြီးသြဂုတ်လအတွင်းမှသာပြုလုပ်နိုင်ဖွယ်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ထိပ်သီးညီလာခံကိုဇွန်လိုင်တတိယအပတ်မှာကျင်းပမယ်လို့ရည်ရွယ်ထားပါတယ်”ဟုနိုင်ဟံသာမှပြောခဲ့သည်။

အစိုးရငြိမ်းချမ်းရေးညှိနှိုင်းသူများနှင့်အစည်းအဝေးကိုသြဂုတ်မှာပြုလုပ်မယ့်အနေအထားရှိသည်ဟုနိုင်ဟံသာမှပြောခဲ့သည်။

ယခင်ဧပြီနှင့်မေလတွင်ပြုလုပ်ခဲ့သောအစည်းအဝေးကဲ့သို့ညှိနှိုင်းရာတွင်ကွာဟမှုကြီးကြီးမားမားရှိနေသေးသည်။ထို့ပြင်ညှိလို့မရသည့်နေရာများတွင်NCCTအနေနှင့်ဆုံးဖြတ်၍မရသောကြောင့်
ထိပ်သီးအစည်းအဝေးခေါ်ကာတင်ပြမည်ဖြစ်သည်ဟုနိုင်ဟံသာမှဆက်လက်ပြောကြားခဲ့သည်။

ထိုထိပ်သီးအစည်းအဝေးကိုကချင်ဘက်တွင်ဖြစ်စေ၊ရှမ်းဘက်တွင်ဖြစ်စေတစ်နေရာရာတွင်ပြုလုပ်မည်ဟုနိုင်ဟံသာမှပြောခဲ့သည်။

ယခုလအစောပိုင်းတွင်နှစ်ဖက်အုပ်စုများအကြားအကျိုးဆောင်ဆွေးနွေးမှုများကိုမြန်မာငြိမ်းချမ်းရေးစင်တာမှကြိုးပမ်းခဲ့သော်လည်းအောင်မြင်မှုမရရှိခဲ့ပေ။နှစ်ဖက်စလုံးမှကိုယ်စားလှယ်များ သည်ထိုင်းနယ်စပ်အနီးတွင်တွေ့ဆုံခဲ့သော်လည်းဆွေးနွေးပွဲရက်သတ်မှတ်နိုင်ခြင်းမရှိခဲ့ပေ။

NCCTမှအစိုးရစေ့စပ်ညှိနှိုင်းသူများနှင့်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုဆွေးနွေးရာတွင်၎င်းတို့အတွက်အသိုင်းအဝိုင်းအတွင်းကွဲထွက်ဖို့မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။၎င်းတို့မှထိုကွဲ ထွက်မှုကိုအရင်ဆုံးရင်ဆိုင်ကျော်လွှားမည်ဟုပြောခဲ့သည်။