ထိုင်းနိုင်ငံထဲရှိမြန်မာဒုက္ခသည်များမိမိဆန္ဒအလျောက်နေရပ်ပြန်လည်အခြေချခြင်းကိုUNHCR မှကူညီမည်

...

ထိုင်းနိုင်ငံထဲရှိမြန်မာဒုက္ခသည်များမိမိဆန္ဒအလျောက်နေရပ်ပြန်လည်အခြေချခြင်းကိုUNHCR မှကူညီမည်

The New Light of Myanmar, 17 Jul 2014

URL: https://docs.google.com/viewer?url=http://www.moi.gov.mm/npe/nlm/sites/default/files/newspaper-pdf/2014/07/16/17.July%252014_nlm.pdf&chrome=true
မြန်မာနိုင်ငံရှိဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးမှကိုယ်စားလှယ်တစ်ဦးဖြစ်သူကUNအဖွဲ့အစည်းသည်ထိုင်းနိုင်ငံရှိမြန်မာဒုက္ခသည်များ၏မိမိဆန္ဒအလျောက်နေရပ်သို့ပြန်လည်
အခြေချနိုင်ခြင်းအလားအလာရှိမှုများအပေါ်အာရုံစိုက်မည်ဖြစ်ကြောင်းအင်္ဂါနေ့တွင်မြန်မာ့အလင်းသတင်းစာသို့ပြောကြားခဲ့သည်။

Ayaki Itoမှနောက်ဆုံးအချိန်တွင်မိမိဆန္ဒအလျောက်ထိုင်းနိုင်ငံမှဒုက္ခသည်များမြန်မာနိုင်ငံသို့ပြန်လည်အခြေချခြင်းသည်ဒုက္ခသည်များမှသတင်းအချက်အလက်များပေါ်မူတည်၍၎င်းတို့ကိုယ်
တိုင်ဆုံးဖြတ်ချက်ချနိုင်ပြီးပြန်လည်အခြေချဖို့ဆန္ဒအလျှောက်နည်းလမ်းများပေါ်မူတည်၍ဆုံးဖြတ်ချက်ချနိုင်ကြောင်းပြောကြားခဲ့သည်။

ထိုအတောအတွင်းမြန်မာနိုင်ငံမှဒုက္ခသည်များကိုထိုင်းတော်ဝင်အစိုးရမှအကာအကွယ်များပေးခြင်းနှင့်ထောက်ပံ့ကူညီမှုများပြုလုပ်ခြင်းကိုUNHCR မှဆက်လက်ကူညီပံ့ပိုးပေးမည်ဖြစ်သည်၊မြန်
မာအစိုးရနှင့်အဖွဲ့အစည်းများကိုလည်းနောက်ဆုံးဆန္ဒအလျှောက်ပြန်လည်အခြေချခြင်းများအပေါ်၎င်းတို့၏ကြိုတင်ပြင်ဆင်ခြင်းများကိုလည်းပံ့ပိုးကူညီပေးမည်ဖြစ်ပြီးအစိုးရနှစ်ဖက်စလုံးမှဆ
န္ဒအ​လျောက်နေရပ်သို့ပြန်လည်ခြေချခြင်းသည်ဘေးကင်းလုံခြုံမှုနှင့်ဂုဏ်သိက္ခာရှိမှုအခြေအနေထဲတွင်ဖြစ်ရမည်ဟုထပ်လောင်းပြောကြားခဲ့သည်။

စစ်တပ်အပါအဝင်မယ့်ဖာလွန်ဖောင်ဒေးရှင်းနှင့်UNHCRရုံးများပါဝင်သည့်ပူးတွဲလုပ်ဆောင်မှုအဖွဲ့များသည်ဒုက္ခသည်စခန်း(၉)ခုအနှံ့တွင်တွေ့ဆုံမေးမြန်းခြင်းများနှင့်အမျိုးအစားအတည်ပြုစစ်
ဆေးခြင်းများကိုပါဝင်လုပ်ဆောင်ခဲ့သည်ဟုအမှတ်(၉)ခြေလျင်တပ်ဌာနမှပြောကြားချက်ကိုတနင်္လာနေ့တွင်ဘန်ကောက်ပို့စ်သတင်းစာမှအစီရင်ခံဖော်ပြခဲ့သည်။

၎င်းနှင့်စပ်လျဉ်း၍တော်ဝင်အဖွဲ့ထောက်ပံ့ကူညီပေးမှုအောက်ရှိမယ့်ဖားလွန်ဖောင်ဒေးရှင်းဦးစီးဦးဆောင်ပြုသောစာတမ်းကောက်ယူခြင်းသည်မီဒီယာများတွင်မှားယွင်းစွာဖော်ပြထား
သည့်အတိုင်းလူစစ်ဆေးအတည်ပြု ခြင်းမဟုတ်ပေ၊စ်တမ်းကောက်ယူခြင်း၏ရည်ရွယ်ချက်မှာဒုက္ခသည်စခန်းခုတွင်နေထိုင်သောဒုက္ခသည်များ၏လူမှုစီးပွားရေးနှင့်အသက်မွေးဝမ်းကျောင်းမှုမှတ်
တမ်းများကိုအတူတကွစုစည်းထားရန်နှင့်မိမိကိုယ်တိုင်ရပ်တည်နိုင်စွမ်းအားနည်းသောသူအမျိုးမျိုးနှင့်ပူးပေါင်းပါဝင်သောဒုက္ခသည်အားလုံး၏စိုးရိမ်ပူပန်မှုများကိုပိုမိုနားလည်သဘောပေါက်လာ
စေရန်ရည်ရွယ်သည်UNHCR မှပြောကြားခဲ့သည်။

စစ်တမ်းကောက်ယူရာတွင်ဒုက္ခသည်များမှ၎င်း၏​တို့အနာဂတ်အပေါ်အမြင်များနှင့်ပက်သက်၍အရေးပါသောမေးခွန်းများပါဝင်သည်ဟုUNHCRမှလည်းပြောကြားခဲ့သည်။စစ်တမ်းကောက်ယူခြင်း
သည်ဆန္ဒအလျောက်သာဖြစ်သည်၊လူတိုင်းမှလွတ်လပ်စွာပါဝင်နိုင်သလိုမပါဝင်ချင်လျှင်လည်းရသည်၊ဒုက္ခသည်အဖြစ်အသိအမှတ်ပြုစာရင်းသွင်းသည့်မည်သည့်လုပ်ဆောင်မှုမျိုးမှမပါဝင်ပါ။ရလဒ် များကိုတစုတစည်းထဲပေါင်းစည်းထားပြီးဒုက္ခသည်လူဦးရေ၏မိမိကိုယ်တိုင်ရပ်တည်နိုင်စွမ်းမရှိသည့်သူများနှင့်စိုးရိမ်ပူပန်မှုများကိုဖြေရှင်းပေးရန်အတွက်အဖွဲ့အစည်းများမှအသုံးပြုမည်ဖြစ်ပြီး
စခန်းထဲမှထွက်ပြီးနောက်ပိုင်းတွင်အသက်မွေးမှုသင်တန်းများနှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ဆောင်မှုများကိုပံ့ပိုးကူညီပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့မိမိဆန္ဒအလျောက်ပြန်လည်အခြေချသည့်ဒုက္ခသည်များကိုUNHCRမှပထမတစ်နှစ်တွင်မြေနှင့်ငွေကြေးအကူအညီများပေးမည်ဟုအမည်မဖော်သည့်ရပ်ဝန်းများမှလာသည့်
သတင်းများကိုကိုးကား၍ထိုင်းသတင်းစာမှဖော်ပြခဲ့သည်။UNHCR မြန်မာမှလည်းလက်ရှိတွင်UNHCRသည်လူမှုအဖွဲ့အစည်းများ၊အာဏာပိုင်များနှင့်လုပ်ဖော်ကိုင်ဖက်များဖြင့်အလားအလာ ရှိသောပြန်လည်အခြေချမှုများအတွက်ကနဦးအာရုံစိုက်ကာလုပ်ဆောင်နေသည်။

ဒုက္ခသည်များပြန်လည်အခြေချခြင်းအတွက်ထိုသို့မြေနှင့်ငွေကြေးအကူအညီအထောက်အပံပေးခြင်းနှင့်စပ်လျဉ်း၍ခိုင်လုံသောဆွေးနွေးမှုများ၊ဆုံးဖြတ်ချက်ချခြင်းများမရှိသေးပေ။UNHCRသည် မြန်မာနိုင်ငံတွင်မြေယာထောက်ပံ့ကူညီပေးရန်မည်သည့်သြဇာအာဏာလုပ်ပိုင်ခွင့်မှမရှိပေ။