ကရင်တိုင်းရင်းသားလက်နက်ကိုင်များမူးယစ်ဆေးဝါးစတင်နှိမ်နင်း

...

ကရင်တိုင်းရင်းသားလက်နက်ကိုင်များမူးယစ်ဆေးဝါးစတင်နှိမ်နင်း

Karen News, 21 Jul 2014

URL: http://karennews.org/2014/07/karen-armed-groups-start-fight-against-drug.html/
ကရင်တိုင်းရင်းသားလက်နက်ကိုင်များညီညွတ်ရေးကော်မတီမှဖွဲ့စည်းထားသည့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီသည်မူးယစ်ဆေးဝါးနှိမ်နင်းမှုများကိုဇူလိုင်လ(၁၅)ရက်နေ့မှစ၍မူးယစ်
ဆေးဝါးရောင်းသူဝယ်သူ၊လက်ဝယ်တွေ့ရှိသူများကိုဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်းယင်းကော်မတီကကေအိုင်စီသို့ယနေ့တွင်ပြောဆိုခဲ့သည်။

ဇူလိုင်လ(၈)ရက်နေ့ကအဆိုပါကော်မတီကိုကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့မှအဖွဲ့ဝင်(၁၇)ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးယခုလိုဖမ်းဆီးနှိမ်နင်းမှုအစီအစဉ်များမဆောင်ရွက်မီက
ရင်တိုင်းရင်းသားလက်နက်ကိုင်များညီညွတ်ရေးကော်မတီဝင်များစုပေါင်းကာယခုနှစ်မေလကုန်ပိုင်းတွင်ကရင်ပြည်နယ်အတွင်းရှိကော့ကရိတ်၊လှိုင်းဘွဲ့၊ဖာပွန်မြို့နယ်များသို့သွားရောက်ကာမူး
ယစ်ဆေးဝါးအသိပညာပေးနှင့်သတိပေးဟောပြောပွဲများကိုပြုလုပ်ခဲ့သေးသည်။

ထိုသို့ပညာပေးမှုများပြုလုပ်ခဲ့ပြီးနောက်ဖမ်းဆီးနှိမ်နင်းမှုတွင်ယနေ့အထိမူးယစ်ဆေးရောင်းဝယ်သူ(၃)ဦးအပါအဝင်လက်ဝယ်တွေ့ရှိသူစုစုပေါင်း(၁၅)ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးစိတ်ကြွဆေးအလုံး
ပေါင်း(၃၀၀၀)ကျော်ကိုသိမ်းဆည်းနိုင်ခဲ့သလိုမူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသူမည်သူ့ကိုမဆိုဆက်လက်ဖမ်းဆီးသွားမည်ဟုဗိုလ်မှူးကြီးစောချစ်သူကဆက်ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်(၁၄)ရက်နေ့စွဲဖြင့်ကရင်ပြည်နယ်၊နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်ကမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ဆောင်ရာတွင်ဖမ်းဆီးရမိသူအရပ်သား၊လက်နက်ကိုင်အဖွဲ့အစည်းဝင်များအားမိမိသဘောဖြင့်အရေးယူခြင်း၊အကျဉ်းထောင်ဆောက်လုပ်ခြင်းများမပြုလုပ်ပဲသက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့များထံသို့လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ကော်မတီထံသို့အကြောင်းကြားစာပို့ပေးခဲ့သည်ဟုသိရသည်။

ယင်းကိစ္စအပေါ်ဗိုလ်မှူးကြီးစောချစ်သူက“ကျွန်တော်တို့တရားဥပဒေအရလက်လှမ်းမမီနိုင်တဲ့ဖမ်းဆီးဖို့ခက်ခဲတဲ့အပိုင်းတွေမှာတာဝန်ယူပါမယ်လို့ကော်မတီကဆုံးဖြတ်ထားတာရှိပါတယ်။အခု လည်းစစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးသက်ဆိုင်ရာကိုအမြန်ဆုံးလွှဲပြောင်းနိုင်အောင်စီစဉ်နေပါတယ်။ကိုယ့်ကရင်ပြည်နယ်ကလူငယ်တွေမပျက်စီးအောင်ထိန်းသိမ်းလုပ်ဆောင်တဲ့အနေနဲ့လုပ်
တာဖြစ်ပါတယ်။တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး”ဟုဆိုသည်။

လက်ရှိကရင်ပြည်နယ်တွင်မူးယစ်ဆေးဝါးပြဿနာကြီးထွားလာနေပြီးလူလတ်ပိုင်းတွင်သာမကလူငယ်ပိုင်းကျောင်းသားများအထိပါပြန့်နှံ့သုံးစွဲလျက်ရှိကြောင်းနှင့်စိတ်ကြွဆေးသုံးစွဲမှုအများ
ဆုံးဖြစ်ပြီးဆေးတစ်ပြားလျှင်မြန်မာငွေကျပ်(၃၅၀၀)ဝန်းကျင်ရှိကြောင်းဒေသခံများကပြောသည်။