နိုင်ငံရပ်ခြားသို့သွားရောက်ပညာသင်ကြားလိုသူများအတွက်နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု

...

နိုင်ငံရပ်ခြားသို့သွားရောက်ပညာသင်ကြားလိုသူများအတွက်နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု

Irrawaddy News, 30 Jul 2014

URL: http://www.irrawaddy.org/burma/presidents-scholarships-support-burmese-wanting-study-abroad.html
နိုင်ငံခြားတက္ကသိုလ်များတွင်ဘွဲ့ကြိုနှင့်ဘွဲ့လွန်တန်းတက်ရောက်ချင်သည့်ထူးချွန်သောကျောင်းသားများအတွက်ပညာသင်ဆုအစီအစဉ်ကိုပြန်ပေးမည်ဖြစ်ကြောင်းမြန်မာအစိုးရမှကြေငြာလိုက်
သည်။နှစ်ပေါင်းငါးဆယ်ကျော်အတွင်းအစိုးရမှအစိုးရပညာသင်ဆုပြန်ပေးရန်ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်ဟုပြည်တွင်းသတင်းစာများတွင်ဖော်ပြထားသည်။

သမ္မတ၏ပညာတော်သင်ဆုအစီအစဉ်ကိုတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရမှတ်(၅၀၀)အထက်ရှိသောအသက်(၁၆)နှစ်မှ(၁၈)နှစ်အတွင်းရှိသည့်မည်သည့်ကျောင်းသားမဆိုလျှောက်ထားနိုင်ပြီး
ဘွဲ့ကြိုတန်းတက်ရောက်ရန်အခွင့်အရေးရှိသည်ဟုပညာရေးဝန်ကြီးဌာနမှအင်္ဂါနေ့တွင်ကြေငြာခဲ့သည်။

မဟာတန်းပညာတော်သင်ဆုအတွက်အသက်အရွယ်မရွေးတက္ကသိုလ်ဂုဏ်ထူးတန်း/မဟာအရည်အချင်းစစ်သင်တန်း/ဘွဲ့လွန်ဒီပလိုမာတန်းအောင်မြင်ပြီးမဟာတန်းတက်ရောက်ရန်အဆင့်​မီ​သူ ဖြစ်ရမည်ဟုပြည်တွင်းသတင်းစာတွင်စာမျက်နှာအပြည့်ဖော်ပြထားသည်။သြဂုတ်လ(၃၁)ရက်နေ့နောက်ဆုံးထားကာလျှောက်ထားရမည်ဖြစ်သည်။

“လျှောက်ထားသူများကြားပထမတသုတ်ရွေးချယ်ထားသည့်စာရင်းကိုနိုင်ငံပိုင်သတင်းစာတွင်ကြေငြာမည်ဖြစ်ပြီးလိုအပ်သောစစ်ဆေးမှုကိစ္စများကိုတဆင့်ချင်းလုပ်ဆောင်သွားမည်ဖြစ်သည်၊ထို့နောက်ပြင်ပပညာရှင်တွေဖြင့်ပါဝင်ဖွဲ့စည်းထားသည့်ကော်မတီတစ်ရပ်ကိုအတူတကွဖွဲ့စည်းပြီးအပြီးသတ်စိစစ်ရွေးချယ်ချီးမြှင့်သွားမည်”ဟုကြေငြာချက်တွင်ဖော်ပြထားသည်။

ပညာသင်ဆုနဲ့ဘွဲ့ရပြီးသောအခါနိုင်ငံတော်ကပေးအပ်သည့်အလုပ်တာဝန်ကိုပညာတော်သင်ကာလ၏နှစ်ဆပြန်လုပ်ပေးရမည်ဖြစ်ပြီးမလုပ်ပေးပါကပညာသင်ကုန်ကျစရိတ်၏သုံးဆပြန်လျော်
ပေးရမည်ဆိုသည့်စည်းကမ်းချက်များလည်းထည့်သွင်းဖော်ပြထားသည်။

ပညာသင်ဆုအရေအတွက်မည်မျှပေးမည်ဆိုသည်နှင့်ထိုအစီအစဉ်အတွက်ငွေကြေးမည်မျှရနိုင်မည်ဆိုသည်ကို၎င်းတို့မှမသတ်မှတ်နိုင်ကြောင်းပညာရေးဝန်ကြီးဌာနရှိတချို့တာဝန်ရှိသူများကိုဧ
ရာဝတီသတင်းစဉ်မှဆက်သွယ်ရာတွင်၎င်းတို့မှပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်မှပညာတော်သင်ဆုစီမံကိန်းကိုစီစဉ်ခဲ့ပြီးထိုသတင်းကိုဖေဖော်ဝါရီလ၌ရေဒီယိုတွင်လစဉ်ပြောကြားနေသော၎င်း၏မိန့်ခွန်းတွင်ထည့်သွင်းကြေငြာခဲ့ခြင်းဖြစ်သည်။အနာဂတ်
မျိုးဆက်သစ်တွေဟာရေရှည်စစ်မှန်တဲ့ပညာရေးအခွင့်အလမ်းတွေကိုရရှိနိုင်ပါတယ်၊ပြီးတော့သင်ယူခဲ့တဲ့ဘာသာရပ်တွေကလည်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုအကျိုးပြုပါလိမ့်မယ်ဟုသမ္မတမှပြော
ကြားခဲ့သည်။

နှစ်ပေါင်း၅၀ကျော်အတွင်းပြန်လည်ပြုလုပ်လာသောအစိုးရ၏နိုင်ငံရပ်ခြားသို့ပညာတော်သင်စေလွှတ်သောသမိုင်းတွင်သည့်အစီအစဉ်သစ်ကိုမြန်မာကျောင်းသားအားလုံးအတွက်ဖွင့်လှစ်လိုက်
ခြင်းဖြစ်သည်ဟုတက္ကသိုလ်ပြန်လည်ပြုပြင်ရေးကိုတာဝန်ယူထားသည့်ရန်ကုန်တက္ကသိုလ်ပြုပြင်ရေးနှင့်အဆင့်မြှင့်ပေးရေးကော်မတီမှအဖွဲ့ဝင်တစ်ဦးဖြစ်သူဦးတင်လှိုင်မှပြောကြားခဲ့သည်။မြန်မာ ပြည်တွင်အင်္ဂလိပ်အစိုးရလက်ထက်မှစ၍အစိုးရပညာတော်သင်ဆုများကိုပေးအပ်ခဲ့ပြီး၁၉၆၃ခုနှစ်မှစ၍အစိုးရပညာတော်သင်ဆုပေးသည်ကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

လူဦးရေနှင့်တက္ကသိုလ်ပညာရေးပိုမိုခိုင်မာမြင့်တက်လာမှုအကြားပညာရေးအဆင့်အတန်းကိုမြှင့်တင်ပေးရန်အတွက်ထောင်ပေါင်းများစွာသောကျောင်းသားများကိုနိုင်ငံရပ်ခြားသို့ပို့ရန်မြန်မာမှ
လိုအပ်ကြောင်းဦးတင်လှိုင်မှပြောခဲ့သည်။