ကယား(ကရင်နီ)ပြည်နယ်တောင်သူလယ်သမားများမှမင်းအောင်လှိုင်ထံသို့စိုက်ပျိုးထွန်ယက်ခွင့်ပြုရန်တောင်းခံစာတောင်း။

Democratic Voice of Burma, 20 Aug 2014
URL: https://www.dvb.no/news/karenni-state-villagers-ask-min-aung-hlaing-to-let-them-farm/43385
၁၉၉၃ခုနှစ်တွင်မြန်မာစစ်တပ်မှတရားမဝင်သိမ်းယူထားသောမြေများကိုတောင်သူလယ်သမားများမှပြန်လည်လုပ်ကိုင်နိုင်ခွင့်ပေးရန်အတွက်ကယား(ကရင်နီ)ပြည်နယ်၊ဖရူးဆိုမြို့နယ်မှဒေသခံ တောင်သူများကမြန်မာ့ကာကွယ်ရေးစစ်ဦးစီးချုပ်မင်းအောင်လှိုင်ထံသို့စာရေးပေးပို့ခဲ့ကြသည်။
ဖရူးဆိုမြို့နယ်မြောက်ဘက်ရှိဆိုလျားကူးရွာနေလူထုများက၅၃၁ခြေလျှင်တပ်ရင်းမှသိမ်းယူထားသောမြေများမှာဧကပေါင်း၁၂၀၀ကျော်ရှိကြောင်း၊တပ်မှစွန့်လွှတ်ထားသောမြေများအပေါ်တောင်သူများမှပြန်လည်ထွန်ယက်ခွင့်ကိုဆန္ဒပြခဲ့ခြင်းကြောင့်လည်းသတိပေးခံခဲ့ကြကြောင်းဆန္ဒပြတောင်သူခေါင်းဆောင်တေးရယ်ကိုလည်းစစ်တပ်မှတရား
စွဲဆိုခဲ့သော်လည်းဥပဒေအထောက်အထားပြည့်စုံမှုမရှိခြင်းကြောင့်ဖရူးဆိုမြို့နယ်တရားရေးမှအမှုကိစ္စကိုပယ်ချခဲ့သည်။
လွန်ခဲ့သည့်အင်္ဂါနေ့ကရွာသားများမှမြန်မာ့ကာကွယ်ရေးစစ်ဦးစီးချုပ်မင်းအောင်လှိုင်ထံသို့ထိုစစ်တပ်မှစွန့်လွှတ်ထားသောမြေများကိုပြန်လည်လုပ်ကိုင်နိုင်ရန်စာရေးပို့ပေးခဲ့ကြသည်။မိတ္တူ ကိုပြည် နယ်ဝန်ကြီး၊မြေယာစီမံခန့်ခွဲရေးကော်မတီ၊ဒေသခံအာဏာပိုင်များနှင့်၅၃၁ခြေလျှင်တပ်ရင်းအသီးသီးထံသို့ပေးပို့လျှက်ရှိကြောင်းသိရသည်။
ဤစာသည်၅၃၁ခြေလျှင်တပ်ရင်းမှသိမ်းထားသောရွာပိုင်မြေနှင့်စစ်တပ်တို့မှတောင်သူများ၏ဆန္ဒဖော်ထုတ်မှုအပေါ်တရားစွဲဆိုခြင်းအပေါ်သိအပ်စေရန်ဖြစ်သည်ဟုဆိုလျားကူးရွာနေထူးရယ်
ကပြောသည်။တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ကိုမိမိတို့မြေကိုပြန်လည်ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်တရားဝင်တောင်းခံခြင်းလည်းဖြစ်ကြောင်းသူကပြောသည်။
ဆိုလျားကူးရွာသားများမှထွက်ဆိုပြောပြခဲ့ကြရာမှာ၎င်းနည်းတူစာကိုသမ္မတဦးသိန်းစိန်ထံအပြင်၊ဆိုင်ရာအစိုးရဌာနအသီးသီးသို့လည်းကောင်း၊ကရင်နီပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီKNPP ထံသို့လည်းကောင်းယခင်နှစ်ကပေးပို့ခဲ့သော်လည်းပြန်စာမရခဲ့ကြောင်းသိရှိရသည်။
ဖရူးဆိုးမြို့နယ်မြေယာစီမံကိန်းဦးစီးဌာနမှပြောကြားခဲ့ရာမှာဤအကြောင်းအရာနှင့်ပက်သက်၍ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့ကြသော်လည်းဆုံး ဖြတ်ချက်မချနိုင်သေးကြောင်းလည်းပြောသွားပါသည်။