ကရင်ကိုယ်စားလှယ်များအစိုးရနှင့်တံခါးပိတ်ဆွေးနွေးပွဲကျင်းပ

...

ကရင်ကိုယ်စားလှယ်များအစိုးရနှင့်တံခါးပိတ်ဆွေးနွေးပွဲကျင်းပ

Democratic Voice of Burma, 06 Oct 2014

URL: http://english.dvb.no/news/karen-groups-hold-closed-door-talks-with-government-burma-myanmar/44764
ကရင်အမျိုသားအစည်းအရုံး(KNU)မှကိုယ်စားလှယ်များ၊ကရင်အမျိုးသားစည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကော်မတီ(KUPC)မှကိုယ်စားလှယ်များ၊ကရင်တိုင်းရင်းသားကိုယ်စားလှယ်များ၊အရပ် သားလူမှုအဖွဲ့အစည်းအဖွဲ့ဝင်များနှင့်ကရင်လက်နက်ကိုင်အဖွဲ့များသည်ကရင်တိုင်းရင်းသားများအတွက်စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကိုသယ်ဆောင်ရန်နည်းလမ်းများကိုဆွေးနွေးရန်အ
တွက်မြန်မာအစိုးအရာရှိများနှင့်တောင်ငူမြို့တွင်စနေနေ့၌တံခါးပိတ်အစည်းအဝေးတစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။

အစည်းအဝေးကိုမန်းငြိမ်းမောင်အပါအဝင်KNUဗဟိုကော်မတီမှအဖွဲ့ဝင်များ၊မြန်မာနိုင်ငံရှိအုပ်ချုပ်မှုဒေသအသီးသီးမှကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပါတီ၏ဒုတိယဥက္ကဌအပါအဝင်က ရင်ပြည်သူ့ပါတီမှအဖွဲ့ဝင်များနှင့်ကရင်တိုင်းရင်းသားလွှတ်တော်အဖွဲ့ဝင်များပါတက်ရောက်ကြသည်။

ကရင်ကိုယ်စားလှယ်များမှကရင်ပြည်သူလူထုအတွက်စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကိုဆောင်ယူရာတွင်ပိုမိုကြီးမားသောပူးပေါင်းဆောင်ရွက်မှုကိုပြုလုပ်ရန်အတွက်တောင်းဆိုမှုတစ်ခုအ
ပါအဝင်ပါတီများမှအစည်းအဝေးအဆုံးပိုင်းတွင်အကြောင်းအရာကိစ္စရပ်တအချို့အပေါ်သဘောတူညီမှုရှိခဲ့သည်။

ဆွေးနွေးပွဲများတွင်တက်ရောက်ခဲ့သည်ကရင်ကိုယ်စားမှလည်းလက်နက်ကိုင်ပဋိပက္ခများကိုအဆုံးသတ်ရန်လိုအပ်မှုများနှင့်စိတ်ရှည်သီးခံရန်အတွက်လိုအပ်များစသည်တို့နှင့်ပက်သက်၍အစိုးရ
နှင့်သဘောတူညီမှုများကိုအစီအရင်ခံခဲ့သည်။

နောက်ဆုံးတွင်ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များမှကရင်တိုင်းရင်းသားများအခြေခံလူ့အခွင့်အရေးရရှိရေးနှင့်ကရင်လူငယ်များအနာဂတ်သာယာလှပစေဖို့အတွက်လွှတ်တော်အ
တွင်းကနေကြိုးပမ်းဆောင်ရွက်သွားရန်သဘောတူညီခဲ့သည်။

ထိုချိန်အတောအတွင်းနောက်ပိုင်းတွင်ကရင်ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)အဖြစ်၎င်းတို့ကိုယ်တိုင်ပြန်လည်အသစ်တဖန်တည်ထောင်ခဲ့သည့်အစိုးရမှနယ်ခြားစောင့်ရပ်ပြုလုပ်ရန်သိမ်း သွင်းခြင်းကိုငြင်းဆန်ခဲ့သောကရင်ဗုဒ္ဓဘာသာဒီမိုကရက်တစ်တပ်မတော်(DKBA)၏တပ်ရင်း(၅)သည်ပြီးခဲ့သောတိုက်ဖွဲ့ငယ်များအချင်းချင်းပစ်ခတ်ရာ၌သိမ်းဆည်းထားသောလက်နက်များကို
မြန်မာအစိုးရထံပြန်လည်ပေးရန်အတွက်တနင်္လာနေ့တွင်မြန်မာအစိုးရဘက်မှအဆင့်တူပုဂ္ဂိုလ်များနှင့်ညှိနှိုင်းမှုများပြုလုပ်ရန်အတွက်တွေ့ဆုံရန်မျှော်မှန်းထားသည်။

ကရင်အဖွဲ့မှခွဲထွက်သွားသည်ဗိုလ်မှူးစန်းအောင်မှပြီးခဲ့သောအပတ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုကျိုးပျက်စေမယ့်လက္ခဏာမရှိကြောင်း၊ကရင်ပြည်နယ်တွင်ဖိ
နှိပ်မှုများနေရာယူနေသည့်အကြောင်းကိုနိုင်ငံနှင့်ကမ္ဘာကပါသိနိုင်ရန်အတော်အသင့်လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းပြောခဲ့သည်။