တိုက်ပွဲများကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးနိုင်--NCCTခေါင်းဆောင်မှသတိပေးပြောကြား

Myanmar Times, 10 Oct 2014
URL: http://www.news.myanmaronlinecentre.com/2014/10/13/clashes-could-delay-peace-process-ncct-chief-warns/
တိုင်းရင်းသားလက်နက်ကိုင်များနှင့်တပ်မတော်တို့အတွင်းလက်ရှိပူပူနွေးနွေးဖြစ်ပွားနေသောတိုက်ပွဲများသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးမှုကိုနှောင့်နှေး
စေနိုင်ကြောင်းဝါရင့်ငြိမ်းချမ်းရေးညှိနှိုင်းသူမှသတိပေးပြောကြားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ကိုကိုယ်စားပြုဆောင်ရွက်နေသောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်း(NCCT)မှခေါင်းဆောင်နိုင်ဟံသာကချင်းမိုင်မြို့ ၌အောက်တိုဘာလ
(၄)ရက်နေ့တွင်အစိုးရညှိနှိုင်းသူများနှင့်အလွတ်သဘောအစည်းအဝေးပြုလုပ်ရာ၌အောက်ပါမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
“အပစ်အခတ်ရပ်စဲရေးစာချုပ်အသေးစိတ်အချက်အလက်များကိုကျွန်တော်တို့ငြင်းခုန်နေကြတုန်းပါပဲ။ဒါဟာအရမ်းကိုသတိထားရမယ့်အချိန်ပါပဲ။စိုးရိမ်ပူပန်မှုတွေရှိပေမယ့်လည်းတပ်မတော်
ကတိုက်ပွဲတွေမဖြစ်အောင်တားဆီးသင့်ပါတယ်”ဟုအစိုးရနှင့်ရှမ်းလက်နက်ကိုင်အဖွဲ့များအကြားမကြာသေးမီကဖြစ်ပွားခဲ့သောတိုက်ပွဲများကိုရည်ညွှန်း၍နိုင်ဟံသာကပြောကြားခဲ့သည်။
ချင်းမိုင်တွင်ပြုလုပ်သောအလွတ်သဘောဆွေးနွေးပွဲတွင်NCCTနှင့်UPWCသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ရှိ၎င်းတို့သဘောတူညီမှုမရရှိသေးသည့်ကျန်ရှိနေသောအပိုင်း
များကိုဆွေးနွေးခဲ့ကြသည်ဟုနိုင်ဟံသာကဆိုသည်။
“မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအကြောင်းကိုလည်းကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်”ဟု၎င်းကပြောသည်၊ဒီတိုက်ပွဲတွေဟာအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွေနဲ့ဆက်စပ်နေပါတယ်
ဟုထပ်ပေါင်းပြောကြားခဲ့သည်။
“တပ်မတော်ကသူတို့ရှေ့ဆက်ဘာပဲလုပ်နေနေကျွန်တော်တို့ကိုစာချုပ်မှာလက်မှတ်ရေးထိုးစေချင်တယ်၊ဒါပေမယ့်သူတို့တောင်းဆိုထားတဲ့အချက်တွေကိုကျွန်တော်တို့သဘောမတူပါဘူး”ဟုသူက
ဆိုသည်။အဲ့ဒီ့နောက်ပိုင်းနယ်မြေတချို့မှာတပ်ဖွဲ့ငယ်တွေအချင်းချင်းထိပ်တိုက်ပစ်ခတ်မှုတွေထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီအေခြအနေတွေဟာအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေကိုနှောင့်နှေးစေဖို့
အလား အလာရှိပါတယ်။”
မြန်မာနိုင်ငံတောင်ပိုင်းတွင်တပ်မတော်အားကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ရှိအမည်မသိအဖွဲ့များမှစက်တင်ဘာလအဆုံးပိုင်းတွင်တိုက်ခိုက်ခဲ့ပြီးရွာသားသုံးရာကျော်၎င်းတို့၏အိမ်များမှထွက်
ပြေးခဲ့ရသော်လည်းထိခိုက်ဒဏ်ရာရမှုစာရင်းကိုထုတ်ပြန်ကြေငြာခြင်းမရှိပေ။ထိုစဉ်အတောအတွင်းအောက်တိုဘာလအစောပိုင်း၌ရှမ်းပြည်နယ်၊ကျေးသီးမြို့နယ်တွင်တပ်မတော်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းစစ်တပ်တို့အကြားတိုက်ပွဲများခဏခဏပြန်ဖြစ်ခဲ့သည်။
“ပြီးခဲ့တဲ့ရက်အနည်းငယ်ကတိုက်ပွဲများလျော့လာပါတယ်၊ပြီးတော့နှစ်ဘက်စလုံးကအောက်တိုဘာလ(၆)ရက်နေ့မှာအပစ်ရပ်ဖို့သဘောတူညီခဲ့ပါတယ်”ဟုSSPP/SSAအထွေထွေအတွင်းရေး
မှူးကပြောသည်။
အောက်တိုဘာလ(၅)ရက်နေ့တွင်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှရှမ်းပြည်နယ်အားတိုက်ခိုက်မှုများကိုအဆုံးသတ်ပေးရန်အတွက်သမ္မတဦးသိန်းစိန်၊တပ်မတော်ကာကွယ်ရေးစစ်ဦးစီး ချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်ပြည်ထောင်စုလွှတ်တော်ဥက္ကဌသူရရွှေမန်းတို့ထံတိုက်တွန်းစာရေးသားပေးပို့ခဲ့သည်။
ယူရို-ဘားမားရုံးမှဒါရိုက်တာတစ်ဦးဖြစ်သူဦးHarn Yawnghwe မှတိုက်ပွဲများသည်အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးသည့်တိုင်အောင်ဆက်လက်ဖြစ်ပွားရန်အလားအလာ
ရှိသည်ဟုပြောခဲ့သည်။
“နှစ်ဘက်စလုံးကတဖက်နဲ့တဖက်အပြစ်တင်နေကြတယ်။လှည့်လည်ကြည်ရှု့စစ်ဆေးရေးအဖွဲ့မရှိရင်တိုက်ပွဲတွေဆက်ဖြစ်နေမှာပဲ။ဒါပေမယ့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီ
မှုမရသေးပဲဒီလိုအဖွဲ့မျိုးဖွဲ့စည်းတာဖြစ်နိုင်ဖို့အလားအလာမရှိပါဘူး”ဟုသူကဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)တို့အတွင်းယခုအနောက်ဆုံးပြုလုပ်သောဆွေးနွေးပွဲကိုရန်ကုန်
မြို့၊မြန်မာငြိမ်းချမ်းရေးစင်တာတွင်ပြီးခဲ့သောလ၌ကျင်းပပြုလုပ်ခဲ့သော်လည်းလုံခြုံရေးပိုင်းဆိုင်ရာဆက်နွယ်နေသောအကြောင်းကိစ္စများနှင့်ပက်သက်၍သဘောတူညီမှုများမရခဲ့သောကြောင့်ယခင် ကစီစဉ်ထားခဲ့သည့်အောက်တိုဘာလတွင်လက်မှတ်ရေးထိုးမည်ဟူသောမျှော်လင့်ချက်သည်မှေးမှိန်ခဲ့သည်။ယခုလနောက်အကျဆုံးထားကာပြုလုပ်ရန်မျှော်မှန်းထားသော်လည်းနောက်တစ်ကြိမ်အ စည်းဝေးထပ်လုပ်ရန်အတွက်ရက်သတ်မှတ်ထားခြင်းမရှိပေ။