ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက်ကျေးရွာများတွင်ကျပ်သိန်းသုံးရာစီချထားပေးမည်

Eleven Myanmar, 13 Oct 2014
URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=7807:villages-to-get-ks-30-million-each-for-poverty-alleviation&catid=44:nationa
မွေးမြူရေးနှင့်ရေလုပ်ငန်း၊ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးမှပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည်ကျေးရွာများထံငွေသားထောက်ပံ့ကူညီမှုများပေးအပ်ရန်အတွက်အောက်တိုဘာလ(၁၀)ရက်
နေ့တွင်ကျေးရွာများသို့ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့သည်။
Emeraldစီမံကိန်းဟုအမည်ပေးထားသောအစိုးရ၏ငွေကြေးအကူအညီပေးမှုစီမံချက်အောက်၌အစိုးရသည်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတစိတ်တဒေသအနေဖြင့်နိုင်ငံတဝှမ်းဖြတ်သန်း
ကာကျေးရွာ(၁၁၅၀)ရွာအားကျေးရွာတစ်ရွာစီကိုငွေကျပ်သိန်းသုံးရာစီပံ့ပိုးကူညီပေးမည်ဖြစ်သည်။
“ဒီစီမံကိန်းမှာကျေးရွာတစ်ရွာစီကိုငွေသိန်းသုံးရာစီပေးမှာပါ။ဒီလိုပေးရတဲ့ရည်ရွယ်ချက်ကတော့တိုင်းပြည်ဆင်းရဲနွမ်းပါးမှုကိုလျော့ချနိုင်ဖို့အတွက်ပါပဲ။ကျေးရွာတွေရဲ့ကိုယ်စားလှယ်တွေက
ကော်မတီတစ်ရပ်ဖွဲ့စည်းပြီးတော့တကယ်လိုအပ်နေတဲ့သူတွေဆီကိုငွေပေးဝေမှာပဲဖြစ်ပါတယ်။ဒီစီမံကိန်းနဲ့ပက်သက်ပြီးစုစုပေါင်းကျပ်(၃၄.၅)သန်းအကုန်ကျခံမှာပဲဖြစ်ပါတယ်၊နိုင်ငံအနှံ့ကျေး
ရွာပေါင်း(၁၁၅၀)ရွာကိုလုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်”ဟုမွေးမြူ ရေးနှင့်ရေလုပ်ငန်း၊ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးဖြစ်သူဦးထွန်းလွင်ကဒေသခံများနှင့်အစည်း ဝေးကျင်းပနေစဉ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။“ချေးငွေတွေထုတ်ချေးရတာကတော့အမှန်တကယ်လိုအပ်နေတဲ့သူတွေကိုသူတို့ရဲ့အသက်မွေးဝမ်းကျောင်းတွေလုပ်ကိုင်နိုင်ဖို့အတွက်နဲ့အလုပ်
အကိုင်အခွင့်အလမ်းတွေပိုမိုဖန်တီးနိုင်ဖို့အတွက်အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပါတယ်။ဖြစ်စဉ်အနေနဲ့စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးလုပ်ငန်းတွေမှာဝင်ငွေပေါ်ဖို့အတွက်မြေသြဇာဝယ်ယူရန် ချေးငွေရရှိနိုင်ပါတယ်။အခြားစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့မွေးမြူရေးနဲ့အသေးစားစက်မှုလုပ်ငန်းတွေကလည်းချေးငွေရရှိနိုင်ပါတယ်။အတိုးနှုန်းကတော့ချေးယူထားတဲ့အပေါ်မှာမူတည်ပါ
တယ်။အနည်းဆုံးအတိုးနှုန်းကတော့ပြားငါးဆယ်နဲ့အများဆုံးအတိုးနှုန်းကတော့တစ်ကျပ်ခွဲပဲဖြစ်ပါတယ်။ရန်ပုံငွေကြီးကြပ်ရေးကော်မတီကတသတ်မတ်တည်းဖြစ်အောင်သတ်မှတ်ပြင်ဆင် ပေးပါလိမ့်မယ်”ဟုသူကထပ်ပေါင်း ပြောကြားခဲ့သည်။
“သမ္မတစီမံချက်အောက်ကနေပြီးကျွန်တော်တို့ကျေးရွာတွေကိုချေးငွေတွေနဲ့ကူညီထောက်ပံ့ပေးပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။ကျေးရွာများသို့လှည့်လည်သွားရောက်
ကြည့်ရှု့ခဲ့သောသူ၏ခရီးစဉ်အတွင်းတွင်ပြည်ထောင်စုဝန်ကြီးမှရန်ကုန်တိုင်းရှိတွံတေးမြို့ နယ်၊ကော့မှူးမြို့ နယ်နှင့်ကွမ်းခြံကုန်းမြို့နယ်တို့ရှိဘုန်းတော်ကြီးစာသင်ကျောင်းအဆောင်သစ်များတိုး
ချဲ့ဆောက်လုပ်ရန်အတွက်ငွေကျပ်သိန်း(၅၀)စီလှူ ဒါန်းခဲ့သည်။ပြည်ထောင်စုဝန်ကြီးမှဒေသတွင်းနေထိုင်သူများနှင့်လည်းတွေ့ဆုံခဲ့ပြီးလိုအပ်သည့်အကူအညီများကိုပံ့ပိုးကူညီပေးခဲ့သည်။