ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတပ်မတော်ကိုယ်စားလှယ်များကန့်ကွက်

Irrawaddy News, 17 Nov 2014
URL: http://www.irrawaddy.org/burma/military-mps-object-constitutional-change.html
လွှတ်တော်တွင်တပ်မတော်ကိုယ်စားလှယ်များမှမြန်မာနိုင်ငံ၏အငြင်းပွားဖွယ်ရာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်အတွက်၎င်းတို့မှ မထောက်ခံကြောင်းပြောကြားခဲ့ပြီးနောင်နှစ်တွင်ကျင်းပပြုလုပ်မည့်နိုင်ငံ၏အထွေထွေရွေးကောက်ပွဲတွင်အပိုင်းများကိုထိရောက်သော ပြောင်းလဲမှုပြုလုပ်ရန်အတွက်မျှော်လင့်ချက်မှာမှေးမှိန်ခဲ့ရသည်။
“NLDကပုဒ်မ၄၃၆ပြင်ဆင်ဖို့ပြောတာကိုတပ်ကိုယ်စားလှယ်တွေကမပြင်ဖို့ဆွေးနွေးတယ်။ပြည်ခိုင်ဖြိုးကတော့မတင်မကျဆွေးနွေးတယ်” ဟုအမျိုးသားလွှတ်တော်အမတ်ဦးဖုန်းမြင့်အောင်ကဧရာဝတီသို့ပြောသည်။
NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်အားသမ္မတမဖြစ်ရန်တားမြစ်ထားသည့်ပုဒ်မ၅၉(စ)ကိုပြင်ဆင်ပေးရန်အတွက်ပုဒ်မ၄၃၆ကိုပြင်ဆင်ရ မည်ဟုဦးဝင်းမြင့်ကအဆိုတင်သွင်းခဲ့သည်။
ဒါ့အပြင်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခန်း(၁)နိုင်ငံတော်အခြေခံမူများတွင်ပါဝင်သောပုဒ်မ၆(စ)တွင်ပြဌ္ဌာန်းထားသည့်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာတပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက်ဦးတည်သည်ဆိုသည့်ပြန်းချက်ကို လည်းပြင်ဆင်ပေးရန်တပါတည်းတောင်းဆိုခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ်တွေကပုဒ်မ(၄၃၆)ကိုကန့်ကွက်လိုက်သည့်အပြင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)က လွှတ်တော်ကိုဖျက်သိမ်းဖို့အကြံပေးနိုင်သည်ဆိုသည့်အချက်အပါအဝင်ထပ်ဖြည့်လိုသည့်အချက်တွေကိုတောင်းဆိုသွားခဲ့သည်ဟုပုဒ်မ၄၃၆ ပြင်ဆင်ရေးအဆိုတင်သွင်းခဲ့သည့်ဦးဝင်းမြင့်ကဧရာဝတီသို့ပြောသည်။
“သူတို့ကအချက်အသစ်တွေထပ်ထည့်ဖို့ဆွေးနွေးတာ၊တိုင်းပြည်အာဏာအတွက်ကိုလွှတ်တော်ကိုယ်စားလှယ်က(၃၀)ရာခိုင်နှုန်းလောက် လျော့လို့ရှိရင်လွှတ်တော်ကြီးဖျက်သိမ်းဖို့ကာလုံကသမ္မတကိုအကြံပြုသင့်တယ်ဆိုတာရယ်၊လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စမျိုးတွေ၊ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ကိစ္စတွေမှာကာလုံရဲ့သဘောတူညီချက်ကိုယူသင့်တယ်အဆိုရတာတွေရယ်ပေါ့ဗျာ”ဟုဦးဝင်းမြင့်ကဆိုသည်။
ပုဒ်မ၄၃၆ပြင်ဆင်ရေးအဆိုအတွက်ဆွေးနွေးကြမည့်ကိုယ်စားလှယ်ဦးရေသည်စုစုပေါင်း(၁၄၆)ဦးတင်ထားပြီးလက်ရှိအချိန်ထိတပ်မတော် သားကိုယ်စားလှယ်ဘက်ကရော၊အတိုက်အခံအမတ်တွေဘက်ကပါစုစုပေါင်း(၁၀)ဦးကျော်ပဲဆွေးနွေးရသေးကြောင်းနိုဝင်ဘာလ(၂၅)ရက် နေ့မှအပြီးသတ်ဆွေးနွေးဖွယ်ရှိကြောင်းသိရသည်။
လွှတ်တော်အတွင်းနှင့်အပြင်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ပေးရန်တောင်းဆိုမှုများရှိသော်လည်းအမှန်စင်စစ်တွင်စစ်တပ်သည်အပိုင်း များကိုပြင်ဆင်ရန်အတွက်အားထုတ်ကြိုးပမ်းမှုများကိုနှောင့်နှေးစေသည့်၂၅ရာခိုင်နှုန်းကိုဥပဒေပြုလွှတ်တော်တွင်ဆက်လက်ဆုတ်ကိုင် ထားသည်။
“ပုဒ်မ(၄၃၆)ပြင်လိုက်လို့ရှိရင်တဆက်တည်းရှိနေတဲ့ကာလုံကိစ္စတွေကပါသွားမှာကိုး။တပ်မတော်ရဲ့အခန်းကဏ္ဍတွေပါသွားမှာဆိုတော့တပ် မတော်ကအထိခံမှာမဟုတ်ဘူး။အဲဒီတော့(၄၃၆)ပြင်ဆင်ရေးကိစ္စကတော့ဒီအတိုင်းဆိုရင်အလှမ်းဝေးနေဆဲပါ”ဟုလည်းဦးဖုန်းမြင့်အောင် ကပြောခဲ့သည်။