ကယားပြည်နယ်တွင်ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်(IDP)များပြန်လည်နေရာချထားမည့်စီမံကိန်းအကောင်အထည်ဖော်နေ

...

ကယားပြည်နယ်တွင်ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်(IDP)များပြန်လည်နေရာချထားမည့်စီမံကိန်းအကောင်အထည်ဖော်နေ

Mizzima News, 18 Nov 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/14911-idp-resettlement-programmes-to-restart-in-kayah-state
ကရင်နီပြည်တွင်းစစ်ဘေးရှောင်(IDP)တချို့အားပြန်လည်နေရာချထားပေးမည့်စံပြကျေးရွာတည်ထောင်ရေးစီမံကိန်းကိုအစိုးရနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့မှပြန်လည်
အကောင်အထည်ဖော်နေပြီဖြစ်ကြောင်းKNPP၏လွိုင်ကော်ဆက်ဆံရေးရုံးမှကန္တရဝတီသို့ပြောခဲ့သည်။
ထိုစီမံကိန်းကိုကယား(ကရင်နီ)ပြည်နယ်၊ရှားတောမြို့နယ်အတွင်းရှိသံလွင်မြစ်အရှေ့ကမ်း၊မယ်လယုချောင်းဆုံတွင်အကောင်အထည်ဖော်မည်ဖြစ်သည်။
ခူးပလုရယ်ကလုပ်ငန်းအကောင်အထည်ဖော်ရန်အသုံးစရိတ်ကိုယခုနှစ်မတ်လ(၃၁)ရက်နေ့ကအစိုးရကချပေးခဲ့သော်လည်းလွန်ခဲ့သည့်စက်တင်ဘာလလောက်မှာလုပ်ငန်းစတင်အကောင်အထည်
ဖော်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
“စက်တင်ဘာလလောက်တုန်းကတည်းကပြီးဖို့ပဲ၊ဒါပေမယ့်အဲဒီတုန်းကကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူး။လမ်းပန်းဆက်သွယ်ရေးအခြေအနေအခက်အခဲရှိတော့အခုကျွန်တော်တို့အဲ့ဒီစီမံကိန်းကို
စလုပ်နေတာပေါ့”ဟုခူးပလုရယ်ကပြောသည်။
လာရောက်နေထိုင်မည့်(IDP)များ၏ရေရှည်စားဝတ်နေရေးအတွက်လည်းအခြားသောအဖွဲ့အစည်းများနှင့်ပူးပေါင်းကာအလုပ်အကိုင်အခွင့်အလမ်းများရရှိရန်စီမံကိန်းများရေးဆွဲနေကြောင်း
ဆက်လက်ပြောသည်။
စီမံကိန်းအကောင်အထည်ဖော်သည့်နှစ်လခန့်အတောအတွင်းမိုင်းရှင်းလင်းခြင်းနှင့်ကျေးရွာပုံစံချခြင်းတို့ကိုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် မရေးထိုးရသေးသည့်အတွက်ကျွန်တော်တို့မည်သည့်အာမခံချက်ကိုမှမပေးနိုင်သေးကြောင်းသူကရှင်းပြခဲ့သည်။
ကရင်နီဒုက္ခသည်ကော်မတီမှပုဂ္ဂိုလ်များကထိုင်း-မြန်မာနယ်စပ်ရှိမြန်မာဘက်ခြမ်းတွင်နေရပ်စွန့်ခွာထွက်ပြေးသူများအဖြစ်ကရင်နီဒုက္ခသည်တစ်သောင်းငါးထောင်ခန့်နေထိုင်ကြကြောင်းတင်ပြ
သည်။