၂၀၁၅ ရွေးကောက်ပွဲတွင်ဦးဆောင်ဦးရွက်မှုပြုရန်အတွက်ကရင်နိုင်ငံရေးပါတီများ၏မဟာမိတ်ဖွဲ့ပေါင်းစည်းဆက်ဆံခြင်းပုံစံကိုဆောင်ရွက်ခြင်း

...

၂၀၁၅ ရွေးကောက်ပွဲတွင်ဦးဆောင်ဦးရွက်မှုပြုရန်အတွက်ကရင်နိုင်ငံရေးပါတီများ၏မဟာမိတ်ဖွဲ့ပေါင်းစည်းဆက်ဆံခြင်းပုံစံကိုဆောင်ရွက်ခြင်း

Karen News, 28 Nov 2014

URL: http://karennews.org/2014/11/karen-political-parties-form-alliance-lead-2015-election.html/
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင်၎င်းတို့နှင့်သက်ဆိုင်သည့်အခွင့်အလမ်းများကိုတိုးမြှင့်ရန်အတွက်မဲဆန္ဒခံယူပွဲကိုကောက်ခံသည့်အခါတွင်မလိုလားအပ်သောယှဉ်ပြိုင်မှုကိုမပြုလုပ်ရန်နှင့်အတူတ
ကွပူးတွဲလုပ်ဆောင်ရန်သဘောတူညီမှုပြုခဲ့သည်။၎င်းကရင်နိုင်ငံရေးပါတီသုံးဖွဲ့ဖြစ်သည့်ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ကရင်ဒီမိုကရက်တစ်ပါတီနှင့်ကရင်ပြည်သူ့ပါတီ
တို့သည်မဟာမိတ်ဖွဲ့ပေါင်းစည်းဆက်ဆံခြင်းစည်းမျဉ်းကိုနိုဝင်ဘာလ(၂၂)ရက်နေ့၊၂၀၁၄ခုနှစ်တွင်ဘားအံမြို့၌ရေးဆွဲခဲ့ကြသည်။

“ကျွန်တော်တို့(ပါတီသုံးဖွဲ့)မှဤကဲ့သဘောတူညီမှုလက်မှတ်ရေးထိုးရခြင်းမှာလာမည့်၂၀၁၅ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်ပါတီဝင်ကိုယ်စားလှယ်များအနေဖြင့်မဲဆန္ဒနယ်တစ်နေရာထဲ(သို့
မဟုတ်)ထိုင်ခုံတစ်နေရာထဲကိုဝင်ရောက်မယှဉ်ပြိုင်ပဲတစ်ဖွဲ့နှင့်တစ်ဖွဲ့အတူတစ်ကွပူးပေါင်းဆောင်ရွက်ရန်မျှော်လင့်ခြင်းဖြင့်လက်မှတ်ရေးထိုးရခြင်းဖြစ်သည်။ထပ်လောင်းဖြည့်စွက်၍ပြောရမည်ဆို
ပါကကျွန်တော်တို့တစ်ဖွဲ့နှင့်တစ်ဖွဲ့ကလာမယ့်ရွေးကောက်ပွဲအတွက်ပြင်ဆင်ရမည့်အရာများကိုကူညီပါမယ်”ဟုဒီမိုကကရက်တစ်ပါတီမှစောဝင်းနိုင်ကကရင်သတင်းဌာနသကိုပြောကြားခဲ့ပါသည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှအမျိုးသမီးဥက္ကဌဖြစ်သူနော်ယုဇနဝါကမိမိတတို့ပါတီမှကိုယ်စားလှယ်များသည်ထိုညီလာခံကိုတက်ရောက်ခဲ့သော်လည်း​တချို့သောပါတီ၏တိုင်းပြည်အုပ်ချုပ်ပုံ ဝါဒလမ်းစဉ်များမှတစ်ချို့ကိုသဘောမတူသောကြောင့်မဟာမိတ်ဖွဲ့ပူးပေါင်းဆောင်ရွက်ခြင်းသို့ပါဝင်ရန်ငြင်းဆိုခဲ့ရခြင်းဖြစ်သည်ဟုကရင်သတင်းဌာနသို့ပြောခဲ့သည်။

“မိမိတို့ချမှတ်ထားသောမူဝါဒနှင့်တခြားပါတီတို့မှချမှတ်ထားသောအုပ်ချုပ်မှုဝါဒလမ်းစဉ်မတူညီတဲ့အခါတစ်ဖွဲ့နှင့်တစ်ဖွဲ့မဟာမိတ်ဖွဲ့ပြီးပူးပေါင်းခြင်းထဲဝင်ရောက်ပူးပေါင်းဖို့အင်မတန်မှခက်ပါ
တယ်။ကျွန်မတို့အဖွဲ့အနေနဲ့ကရင်နိုင်ငံရေးပါတီများနဲ့မဟာမိတ်ဖွဲ့ပြီးပူးပေါင်းဆောင်ရွက်ဖို့အစီအစဉ်ရှိပေမည့်လည်း၂၀၁၅ခုနှစ်ကုန်ပြီးမှဒီအစီအစဉ် ကိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။”

“၂၀၁၅ခုနှစ်ရွေးကောက်ပွဲအတွက်ကရင်လူထုအားကျွန်မပြောချင်တဲ့အရာများထဲမှကရင်လူထုအနေဖြင့်ကရင်ကိုယ်စားလှယ်များအားပါးနပ်စွာနဲ့ရွေးချယ်နိုင်တယ်၊မဲပေးနိုင်တယ်”ဟုနော်ယုဇန ဝါကပြောခဲ့သည်။

ကရင်နိုင်ငံရေးပါတီလေးခုမှကိုယ်စားလှယ်စုစုပေါင်းကိုးဦးသည်ညီလာခံသို့တက်ရောက်ခဲ့ကြသည်။၎င်းတို့ကိုးဦးထဲတွင်ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှအမျိုးသမီးဥက္ကဌဖြစ်သူနော်ယုဇနဝါ၊ကရင်ပြည်သူ့ပါတီမှဖားအံကိုယ်စားလှယ်စောဆင်မြူရယ်၊ကရင်ပြည်နယ်ဒီကိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှအတွင်းရေးမှူးစောသန်းမြနှင့်ကရင်ဒီမိုကရက်တစ်ပါတီမှဥက္ကဌစောရဲဝင်းနိုင် တို့မှပါဝင်တက်ရောက်ခဲ့ကြသည်။

မဟာမိတ်ဖွဲ့ရန်ပုံစံရေးဆွဲမှုထဲတွင်ပါဝင်ခဲ့သောကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှစောသန်းမြက“ကရင်ပါတီအမြောက်အများရှိသောကြောင့်ပါတီများအတူတကွလက်တွဲလုပ်
ဆောင်ဖို့နှင့်မဟာမိတ်ဖွဲ့ပြီးပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းကရင်လူထုအများစုမှပြောဆိုခဲ့သည်။

ထိုသို့ကရင်လူထု၏တောင်းဆိုမှုကြောင့်ကျွန်တော်တို့မဟာမိတ်ဖွဲ့ပူးပေါင်းခြင်းအစီအစဉ်ကိုရေးဆွဲရခြင်းဖြစ်ပါတယ်။ဒါ့ကြောင့်ကျွန်တော်တို့ကရင်ပါတီများမှကိုယ်စားလှယ်များအနေနဲ့မဲဆန္ဒနယ်
တစ်နေမရာတည်း(သို့မဟုတ်)ထိုင်ခုံတစ်နေရာထဲကိုဝင်ရောက်မယှဉ်ပြိုင်ပဲတစ်ဖွဲ့နှင့်တစ်ဖွဲ့အတူတစ်ကွပူးပေါင်းဆောင်ရွက်စေခြင်းဖြင့်ကရင်ပြည်နယ်မှလစ်လပ်သောနေရာတိုင်းမှာအစီအစဉ်အ လိုက်ဝင်ရောက်ဖြင့်စွက်နိုင်မှာဖြစ်ပါတယ်”ဟုပြောခဲ့သည်။

စက်တင်ဘာလ(၁၅)ရက်နေ့၊၂၀၁၃ခုနှစ်၊ဖားအံမြို့ရှိကွယ်ကဘောဥယျာဉ်တွင်ကျင်းပပြုလုပ်ခဲ့သောအစည်းအဝေးတွင်တက်ရောက်ခဲ့သောကရင့်နိုင်ငံရေးပါတီလေးဖွဲ့ဖြစ်သည့်ဖလုံ-စဝေါ်ဒီမိုက
ရက်တစ်ပါတီ၊ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့်ကရင့်ပြည်သူပါတီတို့ကအစပထမတွင်ဖြစ်နိုင်ချေရှိသောမဟာမိတ်အဖွဲ့ပေါင်းစည်းခြင်းအခြေအနေကိုပြုလုပ်ရန်ဆွေးနွေး
ခဲ့သည်။သို့သော်ယခုလက်ရှိမဟာမိတ်ဖွဲ့ခြင်းအစီအစဉ်တွင်မူဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့မှမပူးပေါင်းခဲ့ပေအဘယ့်ကြောင့်ဆိုသော်၎င်းတို့တွင်သီးခြားအုပ်ချုပ်မှုပုံဝါဒကလမ်းစဉ်ရှိသောကြောင့် ဟုပြောခဲ့သည်။