မြန်မာဒုက္ခသည်များအလုပ်အကိုင်သင်တန်းများရရှိတော့မည်

...

မြန်မာဒုက္ခသည်များအလုပ်အကိုင်သင်တန်းများရရှိတော့မည်

Bangkok Post, 02 Jul 2015

URL: http://www.bangkokpost.com/news/general/610056/myanmar-refugees-to-get-job-training
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိစခန်းများထဲတွင်နေထိုင်ကြသောမြန်မာဒုက္ခသည်များအား၎င်းတို့၏နေရပ်ရင်းနိုင်ငံသို့ပြန်ရန်ဆန္ဒ
ရှိမှုအရေအတွက်တိုးလာစေရန်အားထုတ်သည့်အနေဖြင့်အသက်မွေးမှုသင်တန်းများပို့ချပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံမှနေရပ်စွန့်ခွာထွက်ပြေးလာသူဦးရေခန့်မှန်းခြေတစ်သိန်းငါးသောင်းနေထိုင်သည့်နယ်စပ်တစ်လျှောက်ရှိစခန်းများတွင်အ
သက်မွေးမှုသင်တန်းနှင့်ကျွမ်းကျင်မှုသင်တန်းများကိုပံ့ပိုးပေးရန်အတွက်အသက်မွေးမှုပညာရေးဆိုင်ရာကော်မရှင်ရုံး(Ovec)၏အကြီး
အကဲဖြစ်သူChanvech Boonpraderm သည်ထိုင်းနိုင်ငံရှိACTEDနှင့်အတူယမန်နေ့၌သဘောတူစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့အစည်းအဖြစ်သောထိုင်းနိုင်ငံရှိACTED မှညွှန်ကြားရေးမှူးဖြစ်သူ David Brown မှစီမံကိန်းအား
ငွေကြေးထောက်ပံ့ပေးခြင်းဖြစ်သည်၊ဒုက္ခသည်အယောက်(၁၄၀၀)ခန့်တက်ရောက်ရန်မျှော်လင့်ပြီးစီမံကိန်းမှအဓိကအားဖြင့်လူငယ်
များနှင့်ငယ်ရွယ်သည့်အရွယ်ရောက်သူများကိုအကျိုးကျေးဇူးရရှိစေရန်တွက်အဓိကထားပြီးနယ်စပ်ရှိစခန်းများတွင်တဖြည်းဖြည်းခြုံ
ငုံဝင်ရောက်သွားမည်ဖြစ်သည်။

“ဒုက္ခသည်တွေအလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့အတွက်အကူအညီရလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်၊ပြီးတော့အလုပ်
အကိုင်စျေးကွက်ရရှိမှုတွေတိုးတက်ကောင်းမွန်လာပါမယ်။”

“ကျွန်တော်တို့စီမံကိန်းကဒုက္ခသည်စခန်းအပြင်ဘက်ဘဝအတွက်ဒုက္ခသည်တွေအဆင်သင့်ဖြစ်စေဖို့ကူညီနိုင်မယ်လို့ကျွန်တော်တို့
မျှော်လင့်ပါတယ်၊ပြီးတော့သူတို့ရဲ့အမိမြေကိုပြန်လည်အခြေချဖို့အတွက်သူတို့ကိုတိုက်တွန်းကောင်းတိုက်တွန်းနိုင်ပါတယ်”ဟုသူက
ပြောခဲ့သည်။

မြန်မာနိုင်ငံ၌အများဆုံးလိုအပ်သည့်ကျွမ်းကျင်မှုတွေဖြစ်သောမက္ကင်းနစ်ပညာနဲ့ဟိုတယ်စီမံခန့်ခွဲမှုများအပါအဝင်သင်ရိုး(၁၀)ခုပို့ချ
ပေးမည်ဟု Mr Chanvech ကပြောခဲ့သည်။

“သင်ရိုးထဲမှာအလုပ်ချိန်နာရီ(၁၀၀)နီးပါးပါဝင်ပါတယ်၊မြန်မာနိုင်ငံအလုပ်သမားစျေးကွက်လိုအပ်ချက်များနဲ့ကိုက်ညီမှုရှိအောင်ပုံစံ
ရေးထုတ်ထားပါတယ်”ဟု Mr Chanvech ကပြောခဲ့သည်။

နောင်မကြာမည့်အနာဂတ်တွင်အခြားစခန်း(၇)ခုကိုပါတိုးချဲ့လုပ်ဆောင်ရန်အစီအစဉ်များရှိသော်လည်းအစီအစဉ်များကိုမဲဟောင်
ဆောင်ရှိစခန်းနှစ်ခုတွင်ဦးစွာစတင်လုပ်ဆောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှဒုက္ခသည်များသည်ပဋိပက္ခဖြစ်ပွားမှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကိုရှောင်တိမ်းရန်အတွက်ထိုင်းနိုင်ငံသို့
၁၉၄၇ခုနှစ်ကတည်းကထွက်ပြေးလာခဲ့သည်။

ထိုင်းအာဏာပိုင်များ၏အဆိုအရလက်ရှိတွင်နေရပ်စွန့်ခွာလာသူခန့်မှန်းခြေတစ်သိန်းခွဲရှိပြီးထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိထိုင်း
အစိုးရအုပ်ချုပ်သည့်စခန်းကိုးခုတွင်နေထိုင်ကြသည်။
မကြာသေးမီနှစ်များအတွင်းမြန်မာအစိုးရနှင့်အဓိကကျသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းအပစ်အခတ်ရပ်စဲရေးလက်
မှတ်ရေးထိုးခဲ့ခြင်းသည်မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်စစ်မက်ဖြစ်ပွားမှုများကိုလျော့ချစေရန်ဦးတည်လျက်ရှိပြီးဒုက္ခသည်များနေရပ်
သို့လုံခြုံစွာပြန်နိုင်ရန်လမ်းဖွင့်ပေးသည်အခြေအနေများဖြစ်ပေါ်နေသည်။