DKBA မှဗိုလ်မှူးချုပ်စောကျော်သက်နှင့်ဗိုလ်မှူးကြီးအောင်ဆန်းကိုအပြီးထုတ်ပယ်

...

DKBA မှဗိုလ်မှူးချုပ်စောကျော်သက်နှင့်ဗိုလ်မှူးကြီးအောင်ဆန်းကိုအပြီးထုတ်ပယ်

Mizzima News, 24 Jul 2015

URL: http://mizzima.com/news-domestic/dkba-sacks-brigadier-general-saw-kyaw-thet-and-colonel-saw-san-aung
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)မှကလိုထူးဝါးစစ်ကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်စောကျော်သက်နှင့်ဗိုလ်မှူးကြီးစောဆန်းအောင်
တို့ကိုဇူလိုင်လ(၂၁)ရက်နေ့မှစ၍ကလိုထူးဘောတပ်ဖွဲ့မှDKBAမှအပြီးအပိုင်ထုတ်ပယ်လိုက်သည်ဟု DKBA ဌာနချုပ်ရုံးကထုတ်ပြန်လိုက်
သည်။

၎င်းတို့နှင့်ပက်သက်၍ကိစ္စရပ်များကိုမိမိတို့တပ်ဖွဲ့နှင့်လုံးဝမသက်ဆိုင်တော့ပါဟုDKBAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလားပွယ်၏လက်
မှတ်ရေးထိုးထားသည့်အမိန့်စာတွင်ဖော်ပြထားသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကိုDKBA ကဒုတိယအကြိမ်ထုတ်ပယ်ခြင်းလည်းဖြစ်သည်။

ယခုလအစောပိုင်းတွင်ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊အာရှလမ်းမကြီးအနီးတွင်အစိုးရနှင့်DKBAတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဆက်
လက်ဖြစ်ပွားနေဆဲဖြစ်သည်။ကရင်ပြည်နယ်အစိုးရနှင့်DKBAတို့မှညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်းစစ်ရေးတည်ငြိမ်မှုမရှိခဲ့ပေ။
ဇူလိုင်လ(၈)ရက်နေ့တွင်အစိုးရစစ်တပ်နှင့်ကရင်ပြည်နယ်၊နယ်ခြားစောင့်တပ်ဖွဲ့များကအာရှလမ်းမကြီးအပေါ်လုံခြုံရေးယူထားလိုက်ပြီးယ
ခုအခါထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ကနဦးပိုင်းအာရှလမ်းမကြီးကိုမြန်မာအစိုးရနှင့်ထိုင်းအစိုးရတို့မှဇူလိုင်လ(၂၀)ရက်နေ့တွင်ဖွင့်လှစ်ရန်စီစဉ်ခဲ့သော်လည်းလုံခြုံမှုမရှိသေး
သဖြင့်ရက်အကန့်အသတ်မရှိရွေ့ဆိုင်းလိုက်သည်။