သြဂုတ်လဆွေးနွေးပွဲတွင်အခြေအနေအကျပ်အတည်းမှလွတ်မြောက်ရန်မျှော်လင့်

...

သြဂုတ်လဆွေးနွေးပွဲတွင်အခြေအနေအကျပ်အတည်းမှလွတ်မြောက်ရန်မျှော်လင့်

The Global New Light of Myanmar, 26 Jul 2015

URL: http://www.moi.gov.mm/npe/nlm/
အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးရန်လူဦးရေအရေအတွက်အပေါ်အမြင်များကွဲပြားနေသော်လည်းနောက်လ၌ထပ်မံ
ကျင်းပမည့်အစည်းအဝေးတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်နှင့်ပက်သက်၍အကျပ်အတည်းများကိုချိုးဖောက်နိုင်
မည်ဟုအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အပြုသဘောဆောင်ထုတ်ဖော်ပြောကြားခဲ့သည်။

အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များကညှိနှိုင်းဆွေးနွေးရာ၌အပစ်ရပ်စာချုပ်ကိုလက်မှတ်ထိုးရန်အတွက်တိုင်းရင်းသားလက်နက်ကိုင်အ
ရေအတွက်များအပါအဝင်ဆုံးဖြတ်၍မရသည့်ကိစ္စများကို၎င်းတို့၏ခေါင်းဆောင်အသီးသီးမှအတည်ပြုကြိုးပမ်းရန်အတွက်အစည်းအ
ဝေးကိုသြဂုတ်လပထမပတ်သို့ရွှေ့ဆိုင်းရန်ပြီးခဲ့သည့်ရက်ဆုံးဖြတ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူဖဒိုစောကွယ်ထူးဝင်းကမတိုးမဆုတ်သာအ
ခြေအနေမှရုန်းထွက်ရန်အတွက်ညှိနှိုင်းဆွေးနွေးသူများမှလက်ခံနိုင်သည့်နည်းလမ်းနှင့်လက်တွေ့ကျဆောင်ရွက်ရန်နည်းလမ်းများကို
ဆက်လက်ကြိုးပမ်းရှာဖွေနေကြောင်းအစည်းအဝေးနောက်ဆုံးနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။

တိုင်းရင်းသားအဖွဲ့မှမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦးအပါအဝင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း
မှNCCTမှအနည်းဆုံးအဖွဲ့(၁၆)ဖွဲ့ကိုအပစ်ရပ်စာချုပ်တွင်ပါဝင်ရန်အပြင်းအထန်တောင်းဆိုခဲ့သော်လည်းအစိုးရဘက်မှနှစ်ဦးနှစ်ဖက်သ
ဘောတူထားနှင့်ပြီဖြစ်သောအဖွဲ့(၁၅)ဖွဲ့ဖြင့်သာNCAတွင်လက်မှတ်ရေးထိုးရန်ကြိုးပမ်းခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှဝါရင့်အကြံပေးဖြစ်သူဦးလှမောင်ရွှေကအပစ်ရပ်လက်မှတ်ရေးထိုးပြီးကြာရှည်စွာဆွေးနွေးညှိနှိုင်းခဲ့ရသည့်
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုအတိအကျစွဲမြဲလိုက်နာခြင်း၏အရေးပါပုံကိုအလေးအနက်ထားကြောင်းပြောကြားခဲ့
သည်။

(MPC)ဝါရင့်အကြံပေးဖြစ်သူကအကြောင်းကိစ္စများနှင့်ပက်သက်၍အလျော့အတင်းညှိနှိုင်းမှုပြုရန်လိုအပ်ခြင်းသည်သူ့အနေနှင့်ဖိစီးမှု
ရှိခဲ့သည်။

အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့မှဒုတိယခေါင်းဆောင်ပူဇင်ကျုံးကသြဂုတ်လဆွေးနွေးပွဲတွင်နောက်လာမည့်သဘောတူညီမှုများအဆင်ပြေ
ပြေဖြစ်ရန်မျှော်လင့်ကြောင်းပြောခဲ့သည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်အဖွဲ့မည်မျှလက်မှတ်ရေးထိုးသင့်သည်နှင့်ပက်သက်၍နှစ်ဘက်စလုံးမှကွဲလွဲသော
အမြင်များသည်နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမတိုင်မီNCAလက်မှတ်ရေးထိုးဖြစ်ဖြစ်၊မရေးထိုးမည်ဖြစ်ဖြစ်အဟန့်အတားတစ်ခု
ဖြစ်နိုင်သည်ဟုသူကထပ်ပေါင်းပြောခဲ့သည်။