သြဂုတ်လ(၆)ရက်နေ့တွင်အပစ်ရပ်ရေးအပြီးသတ်ဆွေးနွေးမည်

...

သြဂုတ်လ(၆)ရက်နေ့တွင်အပစ်ရပ်ရေးအပြီးသတ်ဆွေးနွေးမည်

Ministry of Information, 04 Aug 2015

URL: http://www.moi.gov.mm/moi:eng/?q=news/5/08/2015/id-4753
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးသူများသည်ပြီးခဲ့သည်အစည်းအဝေးပြီးနောက်
ဆွေးဆိုင်းငံ့ထားသည့်အချက်သုံးချက်နှင့်ပက်သက်၍သြဂုတ်လ(၆)ရက်နေ့တွင်အပြီးသတ်ဆွေးနွေးမည်ဟုမြန်မာငြိမ်းချမ်းရေး
စင်တာမှအကြံပေးဖြစ်သူတစ်ဦးကအင်္ဂါနေ့တွင်ပြောခဲ့သည်။

နောက်ဆုံးအခြေအနေ၌အပစ်ရပ်စာချုပ်မူကြမ်းအပေါ်ဆွေးနွေးမှုများတွင်နှစ်ဘက်စလုံးမှကိုးကြိမ်မြောက်အစည်းအဝေး၌အ
ပစ်အခတ်ရပ်စဲရေးစာချုပ်ကိုအပြီးသတ်ဆွေးနွေးမည်ဟုMPCမှဝါရင့်အကြံပေးဖြစ်သူဦးလှမောင်ရွှေကမြန်မာ့အလင်းသတင်း
စာသို့ပြောခဲ့သည်။

၎င်းမှမဖြေရှင်းရသေးသည့်အချက်သုံးချက်ကိုလာမည့်အစည်းအဝေးတွင်အပြီးသတ်မည်ဟုပြောခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုတွေဟာချောချောမွေ့မွေ့နဲ့ဆက်လက်ဖြစ်သွားမယ်လို့ကျွန်တော်နားလည်ပါတယ်၊NCAမှဘယ်သူကလက်
မှတ်ထိုးမလဲ၊နိုင်ငံတကာအသိသက်သေဘယ်သူတွေဖြစ်သင့်တယ်ဆိုတာတွေအပေါ်ညှိနှိုင်းဆွေးနွေးအဖြေရှာနေပါပြီဟုMPC
မှဝါရင့်အကြံပေးကပြောခဲ့သည်။

နေပြည်တော်မှတနင်္လာနေ့ကသမ္မတနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့ရဲ့ခေါင်းဆောင်တွေအကြားမှာနိုင်ငံတကာ
အသိသက်သေနဲ့လက်မှတ်ရေးထိုးမယ့်သူတွေအကြောင်းဆွေးနွေးခဲ့ပါတယ်။

ဇူလိုင်လဆွေးနွေးမှုတွင်တိုင်းရင်းသားများဘက်မှကုလသမဂ္ဂ၊အာဆီယမ်နှင့်ဥရောပသမဂ္ဂ၊ယူအက်စ်အပါအဝင်နိုင်ငံခုနှစ်နိုင်
ငံဖြစ်သောယူကေ၊နော်ဝေး၊ဂျပန်၊တရုတ်၊အိန္ဒိယနှင့်ထိုင်းနိုင်ငံစသည်တို့ကို NCAတွင်အသိသက်သေလက်မှတ်ရေးထိုးရန်အ
တွက်ထားမည်ဟုအဆိုပြုခဲ့သည်။

လက်မှတ်ရေးထိုးရာတွင်တိုင်းရင်းသားအဖွဲ့များအားလုံးပါဝင်ရမည်ဟူသောအချက်ထည့်သွင်းမည်မထည့်သွင်းမည်နှင့်ပတ်
သက်သည့်ကျန်ရှိနေသောအချက်ကိုအဖွဲ့နှစ်ဖွဲ့စလုံးမှခေါင်းဆောင်များအတွင်းဆွေးနွေးရန်သဘောထားကျန်ရှိနေသည်ဟု
သူကထပ်ပေါင်းပြောခဲ့သည်။

တိုင်းရင်းသားများဘက်မှငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရာတွင်လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်ရမည်ဟုတောင်းဆိုထား
ခြင်းသည်ပြီးခဲ့သည့်အစည်းအဝေးတွင်သဘောမတူဖြစ်ခဲ့သည်။