ထိုင်း-မြန်မာဒုတိယမြောက်ချစ်ကြည်ရေးတံတားတည်ဆောက်ရေးစတင်

Bangkok Post, 31 Aug 2015
URL: http://www.bangkokpost.com/business/news/675088/
အရှေ့တောင်အာရှကိုဖြတ်လျှက်အရှေ့-အနောက်စီးပွားရေးတည်ဆောက်ခြင်းတွင်အဓိကဖြစ်မည့်ထိုင်း-မြန်မာချစ်ကြည်ရေး
ဒုတိယမြောက်တံတားတည်ဆောက်ရေးမြေပန္နက်ချအခမ်းအနားကိုတနင်္ဂနွေနေ့တွင်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံနယ်စပ်မြဝတီမြို့နှင့်ထိုင်းနိုင်ငံမဲဆောက်မြို့တို့ကိုဆက်သွယ်ဖောက်လုပ်ပေးမည့်တံတားသစ်တည်ဆောက်ရေးအ
ခမ်းအနားကိုနှစ်နိုင်ငံဖက်မှအစိုးရခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။
တည်ဆောက်ရေးကုန်ကျစရိတ်သည်ဘတ်သန်း(၆၄၀)လျာထားပြီးထိုင်းနိုင်ငံဖက်မှတာဝန်ယူမည်ဖြစ်သည်။၎င်းကို၂၀၁၇ခုနှစ်
တွင်ပြီးစီးအောင်တည်ဆောက်သွားရန်စီစဉ်ထားသည်။
ပထမချစ်ကြည်ရေးတံတားတွင်လမ်းပိတ်ဆို့မှုကြောင့်ကုန်တင်ယာဉ်ကြီးများဖြတ်သန်းရန်အတွက်နေ့ဝက်ခန့်ကြာမြင့်သော
ကြောင့်ယခုတံတားသစ်ဆောက်လုပ်ခြင်းဖြင့်ယာဉ်ကြောပိတ်ဆို့မှုများကိုလျော့ပါးသွားစေရန်ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak မှတံတားသစ်သည်နှစ်နိုင်ငံအကြားကုန်သွယ်ရေးကိုတိုးမြှင့်လာစေမည်ဟုအခမ်းအ
နားတွင်ပြောကြားခဲ့သည်။မြန်မာဘက်မှဒုတိယသမ္မတဖြစ်သူဦးဉာဏ်ထွန်းမှနှစ်ဦးနှစ်ဖက်ဆက်ဆံရေးအတွက်ခေတ်သစ်ကို
ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အရှေ့အနောက်စီးပွားရေးလမ်းသည်တောင်တရုတ်ပင်လယ်နှင့်အန်ဒါမန်ပင်လယ်ကြားတဆက်တည်းကီလိုမီတာ(၁၇၀၀)အ
ရှည်ဖောက်လုပ်သည့်ကုန်းလမ်းမကြီးဖြစ်ပြီးဗီယက်နမ်၊လာအို၊ထိုင်းနှင့်မြန်မာနိုင်ငံတို့ကြားဆက်သွယ်ဖောက်လုပ်သည့်လမ်း
မကြီးလည်းဖြစ်သည်။
ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကိုဆက်သွယ်ထားသည့်တောင်- မြောက်စီးပွားရေးစင်္ကြန်လမ်းနှင့်အတူတကွဖြစ်မည်ဖြစ်ပြီးယခု
နှစ်နှောင်းပိုင်းတွင်စတင်မည့်အရှေ့တောင်အာရှနိုင်ငံအုပ်စုစီးပွားရေးအသင်း၏သင်္ကေတတစ်ခုဖြစ်လာရန်မျှော်မှန်းထားသည်။