မသေချာမရေရာခြင်းများကိုကုစားပေးမည့်အနာဂတ်အတွက်သင်တန်း

...

မသေချာမရေရာခြင်းများကိုကုစားပေးမည့်အနာဂတ်အတွက်သင်တန်း

DVB, 28 Aug 2015

URL: http://www.dvb.no/news/56685-burma-myanmar/56685
ဝါးအိမ်ကလေး၏ဖွင့်ထားသောတံခါးမှဝင်ရောက်လာသောနေရောင်ခြည်အောက်တွင်နော်စိုဒိုရှိုကိုသည်သူမ၏အလုပ်တွင်
သူမလုပ်ရသည့်ရုပ်ပုံပန်းချီများကိုကျွန်ုပ်တို့အားပြသနေသည်။မျက်နှာသုတ်ပဝါသဘက်များနှင့်အိပ်ရာခင်းများပေါ်ရှိသေ
သပ်စွာခေါက်ထားသောဆင်ရုပ်များနှင့်ငန်းရုပ်များကိုပြသခဲ့ပြီးထူးခြားဆန်းပြားသောညစာစားပွဲ(သို့မဟုတ်)ဟိုတယ်ကြိုဆို
ဧည့်ခံရာနေရာတွင်အဆင်တန်ဆာဆင်ရန်အတွက်ရောင်စုံတောက်ပသောပန်းပွင့်အဆင်တန်ဆာများအဆင်သင့်ဖြစ်နေပြီ
ဖြစ်သည်။

သို့သော်လည်းကျွန်ုပ်တို့ယခုရောက်ရှိနေသည်မှာဇိမ်ခံဟိုတယ်မဟုတ်ပေ၊မယ်လဒုက္ခသည်စခန်းတွင်သာဖြစ်သည်၊ရုပ်ပုံ
ပန်းချီများသည်လည်းအသက်မွေးမှုသင်တန်းအစီအစဉ်၌သူမဆရာမအဖြစ်လုပ်ကိုင်သည့်သင်တန်းစင်တာမှဖြစ်သည်။
သင်တန်း တွင်သူမလိုပင်အခြားဒုက္ခသည်များသည်လည်းဟိုတယ်အိပ်ရာများနှင့်စားပွဲများကိုတကယ့်ဟိုတယ်တွင်အလှ
ဆင်သကဲ့သို့မှတ်ကာအလှဆင်နေကြသည်၊နောင်တချိန်တွင်တကယ့်ဟိုတယ်များ၌အလုပ်လျှောက်ထားနိုင်ပြီးယခုလိုမျိုး
မဟုတ်ပဲတကယ့်ဟိုတယ်အိပ်ခန်းထိန်းသိမ်းသူအဖြစ်၊စားပွဲထိုးအဖြစ်(သို့မဟုတ်)ဧည့်ကြိုအဖြစ်လုပ်ကိုင်နိုင်သည်။

“ကျွန်မစိတ်ကူးထားတာကတော့ကျွန်မမိသားစုတွေနေထိုင်တဲ့သြစတေးလျကိုသွားရောက်ဖို့ပါပဲ၊ဟိုတယ်မှာအလုပ်ရနိုင်
ကောင်းရနိုင်ပါတယ်”ဟုသူမကဆိုသည်။ပြည်တွင်းနိုင်ငံရေးသမားတစ်ဦး၏သမီးဖြစ်သည့်အတွက်ခြိမ်းခြောက်မှုများခံရပြီး
နောက်မြန်မာနိုင်ငံမှ၂၀၁၀ခုနှစ်တွင်ထွက်ပြေးလာခဲ့သည်၊သူမ၏မွေးရပ်မြေကိုနေရပ်ပြန်လည်အခြေချရန်အတွက်ရွေး
ချယ်မှုတစ်ခုအဖြစ်သူမ မမြင်ပေ။

သူမနှင့်သူမ၏မိသားစုသည်ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိသောအခါUN ၏ဒုက္ခသည်အဖြစ်မှတ်ပုံတင်သွင်းခြင်းပြုလုပ်
ရန်အတွက်အလွန်နောက်ကျသွားပြီဖြစ်သောကြောင့်သြစတေးလျသို့သွားရန်စိတ်ကူးအိမ်မက်သည်ယခုအခါဘာမှထပ်မ
ကျန်တော့ပေ--အိမ်မက်တစ်ခုသာဖြစ်သွားသည်။

ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်း(၉)ခုတွင်နေထိုင်လျှက်ရှိသောဒုက္ခသည်အများစုသည်အလားတူစွာပင်ဖြစ်သည်၊၂၀၁၁ခုနှစ်က
တည်းကပင်စတင်ဖွင့်လှစ်ခဲ့သည့်အသက်မွေးမှုသင်တန်းအစီအစဉ်တွင်ဒုက္ခသည်(၁)သောင်းကျော်ကိုလက်ခံသင်တန်းပေး
ခဲ့သည်။

အသက်မွေးမှုသင်တန်းတွင်အချုပ်အလုပ်၊အချက်အပြုတ်၊စက်ပြင်၊အီလက်ထရောနစ်၊ဆံပင်အလှပြုပြင်ခြင်း၊ကွန်ပြူတာ
ကျွမ်းကျင်မှုနှင့်ဆောက်လုပ်ရေးတို့ပါဝင်သည်။သင်တန်းများတွင်အသေးစားစီးပွားရေးလုပ်ငန်းများနှင့်စခန်းအပြင်ဘက်
တွင်လိုအပ်သည့်ကျွမ်းကျင်မှုများလည်းပေါင်းစပ်ပါဝင်သည်၊သင်တန်းများတွင်သင်ကြားလေ့ကျင့်ပေးမှုနာရီစုစုပေါင်း
(၂၅၀)နာရီထားရှိသည်။

“ဧည့်ဝတ်ကျေပွန်မှုသင်တန်းပြီးစီးတဲ့သူများထဲမှာတော့တချို့ကတတိယနိုင်ငံကိုအခြေချသွားကြပြီ”ဟုသူမကပြောသည်။
“အခြားသူတွေကတော့ကျွန်မတို့စခန်းထဲမှာပွဲလမ်းသဘင်ရှိတဲ့အခါ ပန်းအလှစီစဉ်တာတွေနဲ့ပန်းအလှပြင်တာတွေကိုလုပ်
နိုင်ပါတယ်။အဲ့လိုမှမဟုတ်ရင်လုပ်စရာဘာများများစားစားမှလုပ်ဖို့မရှိဘူး၊ဒီမှာဟိုတယ်တွေမှမရှိတာ။”

နိုင်ငံတကာအလှူရှင်များသည်မြန်မာနိုင်ငံထဲရှိစီမံကိန်းများအပေါ်တွင်အာရုံစိုက်မှုတိုးလာပြီးထိုင်းနိုင်ငံရှိဒုက္ခသည်တစ်သိန်း
တစ်သောင်းနှင့်ပတ်သက်၍လစ်လျူရှုလာသောကြောင့် NGOs များမှနေ့နေ့တချိန်ချိန်တွင်စခန်းများပိတ်သောအခါဒုက္ခ
သည်များကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ကြိုးပမ်းလုပ်ဆောင်နေပြီဖြစ်ပြီးဘဝတွင်ရှင်သန်နေထိုင်ရန်အတွက်၎င်းတို့သည်
အခြားနေရာများတွင်အလုပ်အကိုင်ရှာဖွေရမည်ဖြစ်သည်။

“စခန်းကဘယ်လောက်ကြာကြာထိဆက်ရှိမယ်ဆိုတာကျွန်တော်တို့မသိပါဘူး။ဒါပေမယ့်ဆယ်နှစ်ထဲမှာတော့ယနေ့ရှိနေသ
လိုမျိုးရှိဖို့အလားအလာမရှိပါဘူး” ဟုထိုင်းနိုင်ငံရှိADRA၏အစီအစဉ်ညှိနှိုင်းဆောင်ရွက်သူ Matthias Rimarzikကပြောခဲ့
သည်။

လွန်ခဲ့သောနှစ်ကအသက်မွေးဝမ်းကျောင်းသင်တန်းဟုအမည်မှည့်ခေါ်ထားသောသင်တန်းအစီအစဉ်ကို “အကူးပြောင်းအ
တွက်ကြိုတင်ပြင်ဆင်သည့်အသက်မွေးမှုသင်တန်း”အဖြစ်စခန်း(၇)ခုလုံး၌ပြန်လည်ဖွဲ့စည်းပြီးပြန်လည်ကင်ပွန်းတပ်ခဲ့သည်။
ACTED၊အခြားNGOတို့နှင့်အတူတကွလုပ်ဆောင်ပြီးထိုင်းနိုင်ငံ၏အသက်မွေးမှုအတတ်သင်ကော်မရှင်ရုံး(OVEC) နှင့်အတူ
ပူးပေါင်းဆောင်ရွက်ခြင်းမူဘောင်ကိုလက်မှတ်ရေးထိုးခဲ့သည်။၎င်းတို့၏အစီအစဉ်များကိုဒီဇိုင်းဆွဲခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုများ
ပြုလုပ်ရာ၌အဖွဲ့အစည်းနှစ်ဖွဲ့လုံးသည်အတူတကွပူးပေါင်းလုပ်ကိုင်ကြပြီးမြန်မာ၊ထိုင်းနှစ်ခုစလုံးဖြင့်အောင်လက်မှတ်များ
လည်းပေးသည်။

“ပြီးခဲ့တဲ့လေးနှစ်ကပဲစခန်းထဲမှာရှိတဲ့ပြည်သူတွေကိုကိုယ့်အားကိုယ်ကိုးပြီးအသက်မွေးဝမ်းကျောင်းမှုတွေတိုးလာစေဖို့အ
တွက်ကူညီဖို့သင်တန်းအစီအစဉ်ကိုကျွန်တော်တို့စတင်ခဲ့ပါတယ်ဟု Rimarzikကပြောသည်။“၂၀၁၃ခုနှစ်ကစပြီးကြိုတင်ပြင်
ဆင်ခြင်းကိုဦးတည်လာတဲ့ပြောင်းလဲမှုတွေရှိလာခဲ့ပါတယ်။အလှူရှင်တွေအနေနဲ့သူတို့ရဲ့စီမံကိန်းတွေကိုမူလအခြေအနေတစ်
ခုထဲသာလျှင်မဟုတ်ဘဲအခြားအနေအထားတစ်ခုကိုမြင်ချင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အစီအ
စဉ်ကိုကြိုတင်ပြင်ဆင်ခြင်းဘက်ကိုလှည့်ခဲ့တာပါ။အလှူရှင်တွေကလည်းဒါဟာအနာဂတ်မှာအခြေအနေတိုးတက်လာနိုင်မ
လားဆိုတာသိချင်နေတာကြပါတယ်။”

စခန်းပိတ်ခြင်းကိုကြိုတင်မျှော်မှန်းရာ၌ကြိုတင်ပြင်ဆင်ခြင်းသည်အစပိုင်းအခြေအနေထဲမှာရှိနေဆဲဖြစ်သည်။တချိန်ထဲမှာ
ပင်ထိုင်းနိုင်ငံရှိ NGO များ၏ဘတ်ဂျက်ငွေများသည်ဖြတ်တောက်ခြင်းခံရပြီးတတိယနိုင်ငံသိုပြန်လည်အခြေချခြင်းသည်ဒု
က္ခသည်အနည်းငယ်အတွက်သာအခွင့်အရေးတစ်ရပ်ဖြစ်သည်။

ဒုက္ခသည်စခန်းများ၌အစားအစာနှင့်နေအိမ်အမိုးအကာများကိုအဓိကပံ့ပိုးပေးသည့်နယ်စပ်ဒေသအကူအညီပေးရေးညွန့်
ပေါင်းအဖွဲ့ကမျှော်မှန်းထားသည့်ကုန်ကျငွေအတွက်၎င်းတို့ရန်ပုံငွေတွင်(၁၀)ရာခိုင်နှုန်းလိုငွေပြသည်ဟုအစီအရင်ခံဖော်ပြ
ခဲ့သည်။ထို့ကြောင့်ဆန်နှင့်မီးသွေးရိက္ခာများကိုလျော့ချခဲ့ပြီးနောက်ထပ်အနေဖြင့်လုပ်ငန်းအစီအစဉ်များနှင့်ဝန်ထမ်းများ
ကိုလျော့ချမည်ဖြစ်သည်။

ထိုင်းနိုင်ငံရှိဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးမှယမန်နှစ်တွင်၎င်းတို့တောင်းဆိုထားသည့်ရန်ပုံငွေ၏(၃၅)
ရာခိုင်နှုန်းသာလက်ခံရရှိခဲ့ပြီး၂၀၁၁ခုနှစ်တွင်ဒေါ်လာ(၁၆)သန်းသုံးစွဲခဲ့ပြီး၂၀၁၅ခုနှစ်တွင်သုံးစွဲငွေ(၁၄)သန်းရှိမည်ဟု
မျှော်မှန်းထားသည်။

ADRA သည်လည်းဒုက္ခသည်စခန်းများတွင်ငွေကြေးရန်ပုံငွေများနှင့်ပတ်သက်၍အလှူရှင်များမှငွေကြေးဖြတ်တောက်
သည့်ဖိအားများကိုခံစားနေရပြီးယခုရန်ပုံငွေသည်နောက်ထပ်(၂)နှစ်အတွက်သာအာမခံချက်ရှိသည်။

“NGOsနဲ့အလှူရှင်အများစုကစခန်းပိတ်ခြင်းအတွက်ကြိုတင်ပြင်ဆင်ခြင်းဟာအရေးကြီးတဲ့အရာတစ်ရပ်ဖြစ်တယ်လို့
မြင်ကြတယ်၊ဒါပေမယ့်လည်းဒုက္ခသည်အများစုကတော့ဒါကိုမယုံကြည်သေးပါဘူး ”ဟု Rimarzik ကပြောသည်။

ဤအစီအစဉ်သည်ဒုက္ခသည်များတနေ့နေ့တချိန်ချိန်တွင်စခန်းမှထွက်ခွာရန်အတွက်သော်၎င်း၊ ပိုမိုကောင်းမွန်ရန်အ
တွက်မြန်မာပြည်သို့ပြန်ရန်သော်၎င်း၊(သို့မဟုတ်)ထိုင်းနိုင်ငံတွင်တရားဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ်ရန်တောင်းခံ
ရန်အတွက်သော်၎င်း၊ဆုံးဖြတ်ချက်ချခြင်းများပြုလုပ်လာသောအခါထိုသင်တန်းအစီအစဉ်များသည်၎င်းတို့အတွက်အ
ဖိုးထိုက်တန်သောအရာအရင်းအမြစ်တစ်ခုဖြစ်သည်ဟု ADRA ကမြင်သည်။သို့သော်လည်းဒုက္ခသည်အများစုသည်
သင်တန်းအားစခန်းထဲတွင်အချိန်ကုန်သွားစေရန်အတွက်တက်ရောက်သည့်အရာတစ်ခုအဖြစ်ဖြင့်သာသည်မြင်ကြ
သည်ဟုစိုဒိုရှိုကို၏ပြောကြားချက်အရသိရှိရသည်။

“တခုခုလုပ်စရာရှိနေတာကောင်းပါတယ်။လူတွေစိတ်မလေတော့ဘူးပေါ့ ”ဟုသူမကစိတ်မဝင်စားဟန်ဖြင့်ပခုံးတချက်
တွန့်ပြကာပြောလိုက်သည်။

အလားတူဒုက္ခသည်စခန်းထဲရှိသီရိစန္ဒာအထက်တန်းကျောင်းမှကျောင်းအုပ်ဖြစ်သူစောဖိုးသူရကသူ၏ထင်မြင်ချက်ကို
ပြောပြသည်။၂၀၀၉ခုနှစ်၌ ADRA ၏ဆရာအတတ်သင်သင်တန်းစီမံကိန်းပြီးသည့်နောက်သူသည်ကျောင်းမှာအလုပ်
ရခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသင်တန်းကိုယခုနှစ်တွင်ဘတ်ဂျက်အခြေအနေကြောင့်သင်တန်းမပေးတော့ကြောင်းပြောခဲ့
သည်။

မယ်လစခန်းထဲတွင်လူဦးရေရာကျော်ရှိသောကျောင်းဆရာနှင့်တပည့်များကိုတာဝန်ယူရသည့်အတွက်သူသည်အလုပ်
များသောသူတစ်ယောက်ဖြစ်ပြီးကလေးများစာသင်ခန်းအပြင်ဘက်သို့ထွက်မည်စိုးသောကြောင့်သတိထားကြည့်ရှုရန်
အတွက်သူ၏ရုံးခန်းနှင့်ကျောင်းဝင်းအပြင်ဘက်အတွင်းရှေ့နှင့်အနောက်သို့သွားကာလိုက်လံကြည့်ရှု့နေရသည်။သို့
သော်လည်းသင်တန်းမှသူ၏ယခင်ကျောင်းနေဖက်များသည်အလုပ်မများခဲ့ပေ။

“ကျွန်တော့်တုန်းကလိုမျိုးလူအများစုကအလုပ်မရကြဘူး၊ဒါပေမယ့်ကိုယ်တိုင်အတွက်တော့ကောင်းပါတယ်။ကျွန်
တော့်အတွက်ကတော့ကျွန်တော့ပညာရေးကိုဘယ်နေရာကမှအသိအမှတ်မပြုခဲ့ပေမယ့်ကျွန်တော်ဒီမှာအသုံးချလို့ရ
တယ်။”
နေရပ်စွန့်ခွာထွက်ပြေးသူ(၄)သောင်းခန့်ရှိသောမယ်လစခန်းတွင်အလုပ်အကိုင်များရရှိခြင်းသည်နော်စိုဒိုရှိုကိုနှင့်
စောဖိုးသူရတို့နှစ်ဦးအတွက်ကံကောင်းခြင်းတစ်ရပ်ပင်ဖြစ်သည်။နော်စိုဒိုရှိုကိုကသူမသည်တစ်လလျှင်ဘတ်(၁)ထောင်
(ဒေါ်လာ၃၀)ရရှိသည်ဟုပြောသည်၊ဒါဟာအမြဲတမ်းမလုံမလောက်ဖြစ်နေဆဲဖြစ်ကြောင်း၊အထူးသဖြင့်ရိက္ခာဆန်ဖြတ်
တောက်ခြင်းပင်ဖြစ်ကြောင်းသူမကပြောသည်။

စခန်းထဲ၌ဝင်ရောက်လုပ်ကိုင်နေသည့် Solidarités International ၊အခြား NGO များတွင်ငါးနှင့်ဖားမွေးမြူရေးမှတဆင့်
အသက်မွေးမှုသင်တန်းများရှိသည်။ညွှန်ကြားရေးမှူးဖြစ်သူ Philippe Labbé Lavigne သည်အခြားသောနည်းပညာ
ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်မှုများထက်သင်တန်းမှအခြားသောအကျိုးအမြတ်များရှိသည်ကိုတွေ့ရှိလာသည်။

“ဒုက္ခသည်အများအပြားကစီးပွားရေးအကြောင်းနောကျေနေသူတွေမဟုတ်ပါဘူး။ သူတို့လိုအပ်တာတွေကို NGOs
တွေဆီကရနေလေ့ရှိတော့အနာဂတ်အတွက်စဉ်းစားတွေးတောကြဖို့သူတို့ကိုတိုက်တွန်းမှုမရှိပါဘူး” ဟုသူကရှင်းပြ
သည်။“သင်တန်းအစီအစဉ်တွေနဲ့အတူသူတို့ဘဝနဲ့ပက်သက်ပြီးဆုံးဖြတ်ချက်ချဖို့ယုံကြည်မှုတွေရရှိနိုင်ပြီးအပြင်
လောကမှာဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာတွေအတွက်ပိုမိုပြင်ဆင်ဖို့ယုံကြည်ချက်တွေရရှိနိုင်ပါတယ်။”

ထိုင်းနိုင်ငံတွင်ဒုက္ခသည်များအခြားသောအခြေအနေများမရရှိမီ(သို့မဟုတ်)မြန်မာနိုင်ငံသို့ပြန်လည်အခြေချခြင်းမ
ပြုမီထိုသို့ဖြစ်လာရန်များအချိန်များစွာလိုသေးသည်ဟုသူထင်ကြောင်းပြောပြသည်။

“ထိုင်းနိုင်ငံမှာတရားဝင်စာရွက်စာတမ်းတွေရရှိဖို့နည်းလမ်းတွေကအလွန့်ကိုရှုပ်ထွေးပါတယ်။နေရပ်ပြန်ဖို့စဉ်းစား
တွေးတောနေတဲ့သူတွေအတွက်မြန်မာနိုင်ငံမှာလုံခြုံရေးနဲ့အခွင့်အလမ်းတွေမရှိသေးပါဘူး။”

ဤသည်မှာအသက်မွေးကျွမ်းကျင်မှုလတ်လတ်လောလောရရှိထားသည့်သူအများအပြားသည်၎င်းတို့အတွက်အ
နာဂတ်တွင်မည်သည့်အသုံးချခြင်းကိုမဆိုချက်ခြင်းလက်ငင်းအသုံးချ၍ရလိမ့်မည်မဟုတ်ကြောင်းဆိုလိုလိုက်ခြင်း
ဖြစ်သည်။
“အချို့အစီအစဉ်တွေအတွက်စခန်းထဲမှာအခွင့်အရေးအနည်းငယ်ရှိပါတယ်။သင်တန်းပြီးစီးတဲ့နောက်ပိုင်းစိတ်ပျက်
မှုရှိကောင်းရှိနိုင်ပါတယ်” ဟု Lavigne ကပြောသည်။ဒါပေမယ့်လူတွေကစျေးဆိုင်ကလေးတွေဖွင့်ပြီးရောင်းချင်ရင်၊
ဒါမှမဟုတ်အသေးစားစီးပွားရေးလုပ်ချင်ရင်စခန်းထဲမှာစျေးတစ်ခုရှိပါတယ်၊ဒါဟာလည်းအဲ့ဒီ့အတွက်အခွင့်အလမ်း
ကောင်း တွေဖြစ်နိုင်ပါတယ်။”

၎င်းတို့၏အလုပ်တွင်ဦးစားပေးသစ်အနေဖြင့် ADRA သည်အလှူရှင်များကိုဆွဲဆောင်နိုင်ရန်မျှော်မှန်းနေသည်။လက်
ရှိစီမံကိန်းသည်နောင်(၂)နှစ်အတွက်သာရန်ပုံငွေရှိသည်။နောက်ထပ်စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမည်ဖြစ်ပြီးဘတ်ဂျက်
တစ်ဝက်ကိုထောက်ပံ့ပေးသည့်သြစတေးလျအစိုးရသည်ရန်ပုံငွေကိုဖယ်ရှားပစ်ရန်ရည်မှန်းနေသည်။

“ကျွန်တော်တို့အကြိတ်အနယ်ရုန်းကန်ရဖို့မြင်ပါတယ်၊စခန်းထဲကသင်တန်းအခွင့်အလမ်းတွေကိုမလျှော့ချပါဘူး။အ
လှူရှင်ကိုယ်စီကိုယ်ငှကမြန်မာနိုင်ငံထဲမှာလုပ်ကိုင်ဖို့ပိုမိုအာရုံစိုက်နေပါတယ်။ ဒီကရန်ပုံငွေကိုရှေ့လျှောက်နှစ်တွေ
မှာအဓိကစိန်ခေါ်မှုတစ်ခုအဖြစ်ကျွန်တော်တို့တွေ့မြင်နေရပါတယ်”ဟု Rimarzik ကပြောသည်။

သို့ဖြစ်စေကာမူ UNHCR နှင့် NGOs အားလုံးသည်အရေးပါသောကိစ္စတစ်ရပ်ကိုပေါင်းစည်းလုပ်ဆောင်မည်ဖြစ်
ကြောင်း DVB မှပြောခဲ့သည်။အစုလိုက်အပြုံလိုက်နေရပ်ရင်းသို့ပြန်လည်အခြေချခြင်းအတွက်အလွန်စောလွန်းနေ
ဆဲဖြစ်သည်။

“နှစ်တိုင်းဒုက္ခသည်(၆)ထောင်-(၈)ထောင်လောက်တတိယနိုင်ငံကိုအခြေချနေပါတယ်ဟု Lavigne ကပြောသည်။
ဒါပေမယ့်တတိယနိုင်ငံကိုအခြေချတဲ့သူနည်းသည်ထက်နည်းလာပါတယ်၊ထိုင်းနိုင်ငံမှာရွှေ့ပြောင်းအလုပ်သမားတစ်
ယောက်ဖြစ်လာဖို့မည်မည်ရရအထောက်အထားစာရွက်ရလာဖို့ခက်ပါတယ်၊ကျွန်တော်တို့ငွေကြေးထောက်ပံ့မှုတွေ
လိုအပ်နေဆဲပါ။”

စောဖိုးသူရနှင့်နော်စိုဒိုရှိုကိုနှစ်ဦးစလုံးကနေရပ်ရင်းသို့ပြန်လည်အခြေချခြင်းကိုယခုအချိန်တွင်ရွေးချယ်မှုတစ်ခု
အဖြစ်မမြင်ပေ။သူမ၏ဖုန်းပေါ်ရှိရုပ်ပုံများကိုရွှေ့ပြကာသြစတေးလျတွင်ရှိသောသူမ၏မိသားစုပုံများကိုကျွန်ုပ်တို့
အားပြသသည်။တတိယနိုင်ငံသို့အခြေချသည့်နည်းလမ်းတွင်သူမပါဝင်မှုမရသော်လည်းအကောင်းမြင်ရန်ကြိုး
ပမ်းခဲ့သည်ဟုနော်စိုဒိုရှိုကပြောသည်။

“အခုလက်ရှိမှာတော့ကျွန်မဘာလုပ်ရမလဲဆိုတာမသိပါဘူး၊အနာဂတ်ကိုကျွန်မ မတွေ့တော့ပါဘူး” ဟုသူမက
ပြောလိုက်သည်။