သီးသန့်တွေ့ဆုံမေးမြန်းခြင်း -- ငြိမ်းချမ်းရေးဆွေးနွေးမှုများမှနေ၍ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ရွေ့လျားသွားရန်ဦးအောင်မင်းမျှော်လင့်

...

သီးသန့်တွေ့ဆုံမေးမြန်းခြင်း -- ငြိမ်းချမ်းရေးဆွေးနွေးမှုများမှနေ၍ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ရွေ့လျားသွားရန်ဦးအောင်မင်းမျှော်လင့်

Radio Free Asia, 15 Sep 2015

URL: http://www.rfa.org/english/news/myanmar/myanmar-aungmin-09152015132110.html
သမ္မတရုံးမှဝန်ကြီးတစ်ဦးဖြစ်သူအစိုးအဖွဲ့ဝင်မြန်မာ့ငြိမ်းချမ်းရေးစင်တာမှဥက္ကဌဦးအောင်မင်းသည်နိုဝင်ဘာလ(၈)ရက်နေ့အထွေ
ထွေရွေးကောက်ပွဲ၌၎င်း၏မဲဆန္ဒနယ်မြေဖြစ်သည့်ကယားပြည်ရှားတောတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့်သူ၏ရည်ရွယ်
ချက်၊ရည်မှန်းချက်များကိုသိရှိရန်အတွက်RFAမြန်မာပိုင်းမှခင်မောင်စိုးနှင့်တွေ့ဆုံခဲ့သည်။အသက်(၆၅)နှစ်အရွယ်တွင်ဗိုလ်ချုပ်အ
ဖြစ်စစ်တပ်မှအငြိမ်းစားယူခဲ့ပြီးမီးရထားသယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူဦးအောင်မင်းမှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေးသဘောတူစာချုပ်(NCA)သည်ဒုက္ခသည်များနေရပ်ပြန်ခြင်းနှင့်ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ယူထိန်းသိမ်းနိုင်
ဖို့အတွက်ဦးဆောင်နိုင်လိမ့်မည်ဟုမျှော်လင့်ထားသည်။

RFA ။ ။ကယားပြည်နယ်၊ရှားတောမှာရှိတဲ့အန်ကယ်ရဲ့မဲဆန္ဒနယ်မြေကပြည်သူလူထုတွေအတွက်သူတို့ဘာတွေလိုအပ်တာရှိပါသလဲ။
ဦးအောင်မင်း။ ။ကယားပြည်နယ်ကအခြေအနေမတည်ငြိမ်တဲ့ပြည်နယ်တစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်အဲ့ဒီမှာနှစ်ပေါင်းများစွာတာ
ဝန်ထမ်းဆောင်ခဲ့ပြီးငြိမ်းချမ်းရေးအတွက်အလုပ်လုပ်ခဲ့ပါတယ်။၂၀၁၂ခုနှစ်မှာကျွန်တော်တို့ငြိမ်းချမ်းရေးစာချုပ်မှာလက်မှတ်ရေး
ထိုးပြီးကတည်းကကျွန်တော့်တို့ကယားပြည်နယ်မှဘာတိုက်ပွဲမှမရှိတော့ပါဘူး။ကယားပြည်နယ်မှာဖွံ့ဖြိုးတိုးတက်မှုတွေနည်းပါးနေ
ပါတယ်၊ဘာကြောင့်လဲဆိုတော့အခြေအနေတည်ငြိမ်မှုမရှိလို့ပါပဲ။ပြည်နယ်ဖွံ့ဖြိုးတိုးတက်ခြင်းကိုရရှိခံစားစေဖို့အတွက်ကျွန်တော်ဒီ
ပြည်နယ်အတွက်လုပ်ပေးချင်ပါတယ်။

RFA ။ ။တကယ်လို့ရွေးကောက်ပွဲမှာအနိုင်ရမယ်ဆိုရင်ဒီဒေသကလူတွေအတွက်ဘာလုပ်ပေးမှာပါလဲ။
ဦးအောင်မင်း ။ ။ကုန်းတွင်းပိုင်းကျတဲ့ဒေသတစ်ခုဖြစ်တာကြောင့်ရှားတောကအရာရာမှာနောက်ကျကျန်ရစ်နေပါတယ်။သူတို့မြို့
ကိုဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်လုပ်ပေးချင်ပါတယ်။ပြည်နယ်တည်ငြိမ်မှုမရှိတာကြောင့်လူအများအပြားကသူတို့ရဲ့အိမ်တွေကို
စွန့်ခွာခဲ့ပြီးဒုက္ခသည်စခန်းတွေမှာသွားရောက်နေထိုင်ကြပါတယ်။ပြည်နယ်တည်ငြိမ်လာရင်သူတို့လဲအိမ်ကိုပြန်လာမှာပါပဲ။ဒီလိုသူ
တို့ပြန်လာနိုင်ဖို့အတွက်အာဏာပိုင်တွေကသူတို့အတွက်မြေမြုပ်မိုင်းတွေရှင်းပေးဖို့၊အိမ်တွေဆောက်ပေးဖို့၊သူတို့ဆက်လက်ရှင်သန်
နိုင်ဖို့အတွက်ပံ့ပိုးကူညီပေးဖို့နဲ့အလုပ်အကိုင်တွေဖန်တီးပေးဖို့လိုပါတယ်။သူတို့ အတွက်ဒီအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်လုပ်
ပေးချင်ပါတယ်။သူတို့အိမ်ပြန်လာမယ့်အချိန်ကိုကျွန်တော်ကြိုတင်တွေးတောနေပါတယ်။ဒီအရာတွေလုပ်ဆောင်တာဟာငြိမ်းချမ်း
ရေးနဲ့ဆက်စပ်မှုရှိပါတယ်။ကျွန်တော်ဟာငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်တာကြောင့်ဒါတွေကိုကျွန်တော်လုပ်
နိုင်တယ်လို့စိတ်ထဲမှာထင်မိပါတယ်။

RFA။ ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးနောက်ဆုံးဘာအခြေအနေရှိပါသလဲ။
ဦးအောင်မင်း ။ ။အောက်တိုဘာလပထမအပတ်မှကျွန်တော်တို့NCAကိုလက်မှတ်ထိုးမှာပါ။NCAလက်မှတ်ထိုးပွဲအခမ်းအနားကို
စီစဉ်ဖို့နဲ့တိုင်းရင်းသားခေါင်းဆောင်တွေကိုဖိတ်ကြားဖို့ကတော့ကျွန်တော့်အလုပ်ပါပဲ။NCAကိုလက်မှတ်ထိုးဖို့အဆင်သင့်မဖြစ်သေး
တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့၊သုံးဖွဲ့လောက်ပဲအဲ့ဒီ့နေ့မှာမလာမှာပါ။တိုင်းရင်းသားအဖွဲ့တွေထဲကအများစုကNCAကို
လက်မှတ်ထိုးကြမှာပါ။NCAကိုလက်မှတ်ရေးထိုးခြင်းကအမျိုးသားရင်ကြားစေ့ရေးအချက်ကိုစတင်လိုက်တာပါပဲ။ကျွန်တော့်အ
တွက်ကတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ကိုင်ဆောင်ရွက်နေတာကတော့ကနဦးဦးစားပေးပါပဲ၊ရွေးကောက်ပွဲမှဝင်ရောက်
ယှဉ်ပြိုင်တာကတော့ဒုတိယဦးစားပေးပါ။

RFA ။ ။NCA မှာဘယ်အဖွဲ့တွေလက်မှတ်ရေးထိုးမှာပါလဲ။အခြားအဖွဲ့တွေအတွက်ကောဘာစီစဉ်ထားပါသလဲ။
ဦးအောင်မင်း။ ။NCAလက်မှတ်ရေးထိုးတဲ့နေ့မှာအဖွဲ့(၁၆)ဖွဲ့မှအဖွဲ့(၁၀)ဖွဲ့ကျော်ကျော်လက်မှတ်ရေးထိုးပါမယ်။ကျန်တဲ့အဖွဲ့တွေ
အတွက်လည်းကျွန်တော် တို့တံခါးဖွင့်ပေးထားပါတယ်။သူတို့ဘယ်အချိန်မှာပဲဖြစ်နေနေသူတို့အဆင်သင့်ဖြစ်တဲ့အခါမှာNCAကို
လက်မှတ်ရေးထိုးဖို့အတွက်သူတို့ကျွန်တော်တို့ကိုဆက်သွယ်နိုင်ပါတယ်။NCAလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းနိုင်ငံရေးဆွေး
နွေးပွဲတွေမှာလည်းသူတို့တက်ရောက်နိုင်ပါတယ်။ကျွန်တော်တို့အပစ်အခတ်ရပ်စဲခြင်းအကြိုပဏာမနိဒါန်းကိုရောက်ရှိနေပါပြီ။
အဲ့ဒီနောက်ပိုင်းမှာပြီးပြည့်စုံတဲ့အပစ်အခတ်ရပ်စဲရေးဖြစ်လာမှာပါ။အပစ်အခတ်ရပ်စဲရေးအကြိုပဏာမနိဒါန်းဖြစ်တာကြောင့်အဖွဲ့
အချို့တွေနဲ့ကျွန်တော်တို့နှစ်ဦးနှစ်ဖက်ပါဝင်တဲ့သဘောတူညီမှုကိုလုပ်ဆောင်ခဲ့ပါတယ်။သူတို့အတွက်ပထမဆုံးအဆင့်အနေနဲ့ဒီ
နှစ်ဦးနှစ်ဖက်သဘောတူညီမှုကိုကျော်ဖြတ်ရပါမယ်။နောက်မှNCAစာချုပ်ကိုလက်မှတ်ရေးထိုးရပါမယ်။တဆင့်ပြီးတဆင့်ရှေ့ဆက်
သွားဖို့အတွက်သဘောတူညီမှုအားလုံးမှာစည်းမျဉ်းစည်းကမ်းတွေလိုအပ်ပါတယ်။

RFA ။ ။ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးတာကိုဘယ်တော့လောက်လုပ်မှာပါလဲ။
အောင်မင်း။ ။အောက်တိုဘာလပထမအပတ်မှာNCAကိုလက်မှတ်ရေးထိုးဖို့အတွက်ကျွန်တော်လုပ်ရပါမယ်။နိုဝင်ဘာလမတိုင်
ခင်စည်းရုံးရေးဆင်းဖို့အတွက်ကျွန်တော့်မဲဆန္ဒနယ်မှာကျွန်တော်ရှိမှာပါ။အောင်တိုဘာလလယ်လောက်၊ဒါမှမဟုတ်အောက်တို
ဘာနှောင်းပိုင်းအချိန်အတွင်းဖြစ်မယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်။

RFA ။ ။တသီးပုဂ္ဂလအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးငြိမ်းချမ်းရေးသဘောတူညီမှုတွေမှာအချိန်ပြည့်ပါဝင်ခဲ့တယ်နော်။
ငြိမ်းချမ်းရေးအတွက်လုပ်နေတာနဲ့ပဲအချိန်တွေအားလုံးကုန်လွန်နေတာကြောင့်ရွေးကောက်ပွဲမှာနိုင်ဖို့အခွင့်အရေးရှိပါ့မလား၊
မနစ်နာဘူးလား။
ဦးအောင်မင်း။ ။ပြည်သူတွေကအရင်ကထက်ကိုပိုမိုပညာတတ်လာကြပါပြီ။သူတို့ဘယ်သူ့ကိုရွေးရမယ်ဆိုတာကိုသူတို့သိပါ
တယ်။ သူတို့ကျွန်တော့်ကိုရွေးချယ်မယ်ဆိုရင်တော့ကျွန်တော်သူတို့အတွက်လုပ်ပေးရမှာပါ။မရွေးရင်တော့ကျွန်တော့်ရဲ့ငြိမ်းချမ်း
ရေးအလုပ်ကိုပဲဆက်လက်လုပ်ဆောင်မှာပါ။

RFA ။ ။ရှားတောမှာနေတဲ့လူထုတွေအပါအဝင်ပြည်သူလူထုကိုဘာများပြောချင်တာရှိပါသလဲ။
ဦးအောင်မင်း။ ။ကျွန်တော်အချက်(၃)ချက်ပြောချင်တာရှိပါတယ်။နံပါတ်(၁)တချက်ကတော့နိုင်ငံမှာငြိမ်းရေးရရှိဖို့အတွက်ကျွန်
တော်ကြိုးစားလုပ်ဆောင်ပါမယ်။နံပါတ်(၂)တချက်ကရှားတောမှာဖွံ့ဖြိုးတိုးတက်လာအောင်ကျွန်တော်လုပ်ပါမယ်။နံပါတ်(၃)တ
ချက်ကတော့အမျိုးသားရင်ကြားစေ့ရေးအတွက်ကျွန်တော်လုပ်ဆောင်ပါမယ်၊ဒါတွေကကျွန်တော့်ရဲ့အဓိကရည်ရွယ်ချက်ပါပဲ။