ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်မြန်မာနိုင်ငံရှိတိုင်းရင်းသားပညာရေး

...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်မြန်မာနိုင်ငံရှိတိုင်းရင်းသားပညာရေး

Democratic Voice of Burma, 18 Oct 2015

URL: http://www.dvb.no/analysis/ethnic-education-political-transition-and-the-peace-process-in-burma-myanmar/58229
မြန်မာနိုင်ငံသည်နိုဝင်ဘာလ(၈)ရက်နေ့သမိုင်းဝင်ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေသောကြောင့်လာမည့်ရလဒ်အပေါ်
ထိုက်သင့်အားလျော်စွာအထူးဂရုပြုအာရုံစိုက်ခဲ့ကြပြီးလိုချင်အတောင့်တ​ဆုံးမှာမည်သူကနိုင်ငံ၏နောင်​လာမည့်သမ္မတဖြစ်လာ​
မည်လဲဆိုသည်ပင်ဖြစ်သည်။နောက်ထပ်အဓိကအကြောင်းအရာတစ်​ခု​မှာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အ
ငြင်းပွားဖွယ်ရာတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နောက်ဆက်တွဲအရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
ရှေ့ဆက်သွားနိုင်ပါကမည်သို့မည်ပုံဖြစ်လာမည်နည်းဆိုသည်ပင်ဖြစ်သည်။

ဤမေးခွန်းများ၏အဖြေများသည်လာမည့်ရာစုနှစ်များနှင့်အနာဂတ်အလွန်တွင်မြန်မာနိုင်ငံသည်မည်သည့်နိုင်ငံမျိုးဖြစ်လာနိုင်
သည်ဆိုသည့်အပေါ်တွင်မူတည်သတ်မှတ်မည်ဖြစ်သည်။ယေဘူယျအားဖြင့်အာဏာတည်ဆောက်ပုံနှင့်၎င်းအာဏာအားမည်သူ
ဆုပ်ကိုင်လိမ့်မည်ဆိုသည့်အပေါ်ဦးတည်ထားဆွေးနွေးမှုများရှိသည်။မူဝါဒဆိုင်ရာမေးခွန်းများတွင်အာရုံစိုက်မှုလျော့နည်းလာ
ကြသည်။

နောက်တက်လာမည့်အစိုးရကမည်သို့လုပ်သင့်သနည်း၊မည်ကဲ့သို့လုပ်ဆောင်မည်နည်း။ ဤဆောင်းပါးတွင်ပညာရေးနှင့်ဆက်
နွယ်နေသည့်အကြောင်းအရာအချို့နှင့်မူဝါဒများရွေးချယ်မှုများကိုလေ့လာဖော်ထုတ်ခဲ့ကြပြီးအထူးသဖြင့်တိုင်းရင်းသားဘာသာ
သင်ကြားရေးပင်ဖြစ်သည်။ခေါင်းစဉ်သည်လူမှုကဏ္ဍအမြောက်အများနှင့်ဆက်စပ်နေပြီးအထူးသဖြင့်တိုင်းရင်းသားလူထုအသိုင်း
အဝိုင်းများတွင်ဖြစ်သည်။

တိုင်းရင်းသားပညာရေးနှင့်မိခင်ဘာသာစကားအခြေပြုသင်ကြားခြင်းမိခင်ဘာသာစကားအခြေပြုသင်ကြားခြင်းသည်ကလေးများ
အားစာသင်ကြားရာတွင်အနည်းဆုံးနှစ်စပိုင်းလောက်များတွင်ကြားခံဆက်သွယ်ရေးအဖြစ်ကလေးများအား၎င်းတို့၏ဦးဆုံးဘာသာ
စကား(သို့-မိခင်ဘာသာစကား)မှတဆင့်ပညာရေးအားစတင်လိုက်ခြင်းကိုဆိုလိုသည်၊တိုင်းရင်းသားမိခင်ဘာသာစကားဖြင့်ကျောင်း
စာသင်ယူခြင်းသည်မြန်မာနိုင်ငံကဲ့သို့တိုင်းရင်းသားပေါင်းစုံနေထိုင်သည့်တိုင်းပြည်၌ပညာရေးဆိုင်ရာအကြောင်းပြချက်(အဘယ့်
ကြောင့်ဆိုသော်မြန်မာစကားမပြောတတ်သည့်ကလေးများကို၎င်းတို့မိခင်ဘာသာစကားဖြင့်သင်ကြားပါကစာသင်ကျောင်းတွင်ပိုမိုတိုး
တက်မည်ဖြစ်ပြီး)၊နိုင်ငံရေးဆိုင်ရာအကြောင်းပြချက်(အဘယ့်ကြောင့်ဆိုသော်တိုင်းရင်းသားဘာသာစကားအသုံးပြုခြင်းနှင့်တိုင်းရင်း
သားဂုဏ်သိက္ခာကိုဂုဏ်ယူစွာထိန်းသိမ်းခြင်းတို့အတွင်းအခိုင်အမာချိတ်ဆက်နေသောကြောင့်)ဖြစ်သည်။နိုင်ငံတော်ဆိုင်ရာဘာသာ
စကား(မြန်မာစာ)ကိုသင့်တော်သောအခြေအနေများတွင်ဖြည်းဖြည်းချင်းစတင်သင်​ကြား​သည်ဟူ၍လည်းMTBသင်ကြားခြင်းကိုအဓိ
ပ္ပါယ်ဖွင့်ဆိုနိုင်သည်။

အနည်းဆုံး၁၉၆၀ခုနှစ်ကတည်းကပင်မြန်မာနိုင်ငံရှိနိုင်ငံသားတိုင်းရင်းသားလူမျိုးများသည်စစ်တပ်လွှမ်းမိုးခြယ်လှယ်ခြင်း၏တ
စိတ်တပိုင်းအနေဖြင့်အတင်းအကြပ်လက်သင့်ခံခိုင်းမှုတွင်အတွေ့အကြုံများရှိခဲ့သည်။အမှန်စင်စစ်တွင်တိုင်းရင်းသားအဖွဲ့အစည်း
အများအပြားသည်အစိုးရအားစစ်တပ်အဖြစ်မှတ်ယူနေဆဲပင်​ဖြစ်သည်။ထိုကဲ့သို့ထင်မှတ်ခြင်းများ၏​ရလဒ်အနေဖြင့်ဤကဲ့သို့သော
အကြောက်တရားနှင့်အယုံအကြည်ကင်းမဲ့ခြင်းများကိုမျိုးဆက်များဆီသို့ဆောင်ယူသွားလိမ့်မည်ဖြစ်သည်။သို့သော်ငြားလည်းပညာ
ရေးနှင့်နိုင်ငံရေးဆိုင်ရာကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲခြင်းများ၌မကြာသေးမီကဖွံ့ဖြိုးတက်မှုများသည်အစိုးရ​ကျောင်းများတွင်
MTBသင်ကြားရေးကိုစတင်မိတ်ဆက်ခြင်းအဖြစ်မြင်တွေ့ရသော်လည်းဒုတိယဘာသာစကားအနေနှင့်သာဖြစ်ပြီးကြားခံဆက်သွယ်
ရေးနည်းလမ်းအဖြစ်မပြုလုပ်ခဲ့ပေ။အချို့နေရာဒေသများတွင်(ဥမာအားဖြင့်မွန်ပြည်နယ်တစိတ်တဒေသတွင်)နိုင်ငံသားတိုင်းရင်း
သားအများအပြားမှအဓိကတောင်းဆိုသည်များထဲမှတစ်ခုအနေဖြင့်၎င်းကိုကျောင်းစာသင်ချိန်တွင်တိုင်းရင်းသားဘာသာစကား
သင်ကြားခြင်းအနေဖြင့်ထည့်သွင်းခဲ့သည်။တိုင်းရင်းသားအဖွဲ့အစည်းအများအပြားမှလမ်းကြောင်းမှန်ပေါ်​တွင်​သေးငယ်​သောအ
ဆင့်အနေဖြစ်သာ​နှိုင်းစာ၍မြင်ခဲ့သော်လည်းဤသည်မှာအပြုသဘောဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုပင်ဖြစ်သည်။

ဆယ်စုနှစ်များစွာနိုင်ငံသားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAGs)နှင့်အရပ်ဖက်အဖွဲ့အစည်းများသည်​မကြာခဏအလွန်ခက်ခဲ
သည့်အခြေအနေများအောက်တွင်၎င်းတို့ဘာသာစကားများနှင့်ယဉ်ကျေးမှုများကိုကာကွယ်စောင့်ရှောက်ပြီးထုတ်ဖော်ပေးသည့်ပ
ညာရေးစနစ်ဖွံ့ဖြိုးတက်မှုများအပါအဝင်နည်းဗျူဟာအတော်များများမှတဆင့်မြန်မာလူမျိုးကြီးဝါဒကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည်။မြန်မာ
နိုင်ငံ၌အစိုးရမဟုတ်သည့်တိုင်းရင်းသားပညာရေးစနစ်မျိုးစုံရှိသည်၊(အစိုးရနှင့်တိုင်းရင်းသားအဖွဲ့အစည်းများပူးတွဲလုပ်ဆောင်သည့်)
လူမျိုးပေါင်းစုံရောနှောထားသောကျောင်းများမှတဆင့်၊အစိုးရပညာရေးဝန်ထမ်းများအခန်းကဏ္ဍမရှိသည့်တိုင်းရင်းသားလက်နက်ကိုင်အ
ဖွဲ့များအထူးသီးသန့်အုပ်ချုပ်သည့်ကျောင်းများမှတဆင့်၊အစိုးရစာသင်ကျောင်းများတွင်ဒေသတွင်းတိုင်းရင်းသားပညာရေးစနစ်ကိုလည်း
စီရီထည့်သွင်းရမည်ဖြစ်သည်။