မွန်ပြည်နယ်မဲရုံများတွင်ဂျပန်မှလျှပ်စစ်မီးအိမ်များလှူဒါန်း

...

မွန်ပြည်နယ်မဲရုံများတွင်ဂျပန်မှလျှပ်စစ်မီးအိမ်များလှူဒါန်း

Burma News International, 26 Oct 2015

URL: http://www.bnionline.net/2015-election/mon-state/item/1010-japan-donates-electric-lamps-for-polling-station-in-mon-state.html
မွန်ပြည်နယ်တွင်နောက်လရွေးကောက်ပွဲအတွက်မဲရုံးများတွင်လျှပ်စစ်မီးအိမ်များကိုဂျပန်အစိုးရကလှူဒါန်းခဲ့သည်ဟုမွန်ပြည်
နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ၏အဆိုအရသိရှိရသည်။မီးအိမ်များကိုလျှပ်စစ်မီးမရှိသည့်မဲရုံများတွင်အသုံးပြုမည်ဖြစ်ပြီးမီးအိမ်
များသည်အားသွင်းပြီးနောက်ပိုင်းကြာကြာခံသည်ဟုမွန်ပြည်နယ်မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲမှအရာရှိတစ်ဦး
ဖြစ်သူဦးထင်ကျော်ကပြောခဲ့သည်။

မွန်ပြည်နယ်တွင်မဲရုံ(၉၁၉)ရုံရှိပြီး(၃၃၄)ရုံမှာလျှပ်စစ်မီးမရှိဟုမွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ၏ဒုတိယညွှန်ကြားရေးမှူး
ဖြစ်သူဦးဟိန်းလင်းထက်ကပြောခဲ့သည်။

ဂျပန်လူမျိုးအမည်ပါသည့်လျှပ်စစ်မီးအိမ်နှစ်ခုကိုလျှပ်စစ်မီးမရှိသည့်မဲရုံများတွင်ပို့ပေးခဲ့သည်ဟုဦးထင်ကျော်ကပြောခဲ့သည်။

မဲရုံအားလုံးအတွက်အသေးစားမီးအားပေးစက်ငယ်များကိုလည်းအရေးအပေါ်အခြေအနေများတွင်အသုံးပြုရန်အတွက်စီစဉ်
ထားခဲ့သည်ဟုဦးထိန်လင်းကပြောခဲ့သည်။

လျှပ်စစ်မီးသည်မဲရုံများတွင်မဲပြားများရေတွက်ခြင်းတွင်အရေးပါရုံသာမကမဲပေးရေးဆိုင်ရာကိစ္စများဆောင်ရွက်နေသည့်ရပ်
ကွက်/ကျေးရွာကော်မရှင်ရုံးများအတွက်ပါအရေးပါသောကြောင့်မွန်ပြည်နယ်အစိုးရနှင့်အုပ်ချုပ်ရေးဆိုင်ရာဌာနများမှကိုယ်
စားလှယ်များနှင့်အတူညှိနှိုင်းဆွေးနွေးပြီးနောက်ပိုင်းတွင်အစီအစဉ်များကိုပြုလုပ်ခဲ့ကြောင်း၎င်းကထပ်ပေါင်းပြောခဲ့သည်။

မွန်ပြည်နယ်တွင်ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံး(၄၆၇)ရှိပြီး၎င်းတို့ထဲမှအချို့ရုံးများသည်လျှပ်စစ်မီးမရှိပေ။

မွန်ပြည်နယ်တွင်အထူးရဲအရာရှိစုစုပေါင်း(၉၁၉)ဦးအားမဲရုံများတွင်စောင့်ကြပ်ရန်တာဝန်ပေးအပ်ခဲ့ပြီးတာဝန်လွှဲအပ်ခံရသည့်
ရဲသားအ​သစ်များအတွက်အထူးသင်တန်းပေးခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲတွင်မွန်ပြည်နယ်၌သတ်မှတ်ချက်နှင့်ပြည့်မီသည့်မဲဆန္ဒရှင်တစ်သန်းခန့်ရှိသော်လည်း၂၀၁၅ရွေးကောက်
ပွဲတွင်အရေအတွက်သည်(၁.၄)သန်းထိတိုးမြင့်လာသည်ဟုမွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ၏ပြောကြားချက်အရဖြစ်
သည်။

လက်ရှိတွင်မွန်ပြည်နယ်၌လူဦးရေနှစ်သန်းကျော်နေထိုင်သည်။