NLDမှ ယှဉ်ပြိုင်စိန်ခေါ်သော်လည်းမြန်မာ့စစ်တပ်ကျောထောက်နောက်ခံပါတီမှစိတ်ချယုံကြည်မှုအပြည့်အဝရှိနေ

...

NLDမှ ယှဉ်ပြိုင်စိန်ခေါ်သော်လည်းမြန်မာ့စစ်တပ်ကျောထောက်နောက်ခံပါတီမှစိတ်ချယုံကြည်မှုအပြည့်အဝရှိနေ

Bangkok Post, 28 Oct 2015

URL: http://www.bangkokpost.com/news/asean/746692/myanmar-army-backed-party-bullish-despite-nld-challenge
အတိုက်အခံပါတီဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ထင်ရှားကျော်ကြားသောအတိုက်အခံပါတီ၏အရှိန်အဝါသည်ဖြုံ
လောက်သော်လည်းမြန်မာစစ်တပ်ကျောထောက်နောက်ခံပြုထားသည့်ကြံ့ခိုင်ရေးပါတီသည်နောက်လတွင်ကျင်းပမည့်ရွေး
ကောက်ပွဲ၌၎င်း၏ပါတီသည်(၇၅)ရာခိုင်နှုန်းနိုင်မည်ဟောကိန်းထုတ်လိုက်သည်။

နိုဝင်ဘာ(၈)ရက်နေ့ရွေးကောက်ပွဲသည်ရာစုနှစ်လေးပုံတစ်ပုံတွင်ဒီမိုကရေစီကိုထောက်ခံသည့်ဒေါ်အောင်ဆန်းစုကြည်ပါတီ
မှပါဝင်ယှဉ်ပြိုင်ရန်အတွက်နိုင်ငံတဝှမ်းဆန္ဒမဲကောက်ခံရာတွင်ပထမဦးဆုံးအကြိမ်ဖြစ်သည်။

အကယ်၍မဲပေးခြင်းသည်လွတ်လပ်ပြီးတရားမျှတမှုရှိလျှင်သူမ၏အမျိုးသားဒီမိုကရေစီအဖွဲ့အတွက်အဆုံးအဖြတ်ပေးမည့်
အောင်ပွဲရှေ့ပြေးနိမိတ်အဖြစ်ထောက်ခံသူများကမျှော်လင့်ထားသည်။

သို့သော်လည်းသူမ၏အဓိကပြိုင်ဘက်ဖြစ်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သည်လည်းယုံကြည်မှုအ
ပြည့်အဝရှိနေသည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သောလွှတ်တော်အထိုင်ကျကျင်းပသည့်နေပြည်တော်၌ထောက်ခံသူများသည်USDP၏မြစိမ်း
ရောင်ရှပ်အင်္ကျီများနှင့်ဦးထုတ်များဆောင်းကာလှည့်လည်နေကြပြီးပါတီအလံများကိုဝှေ့ယမ်းကာတေးဂီတဖြင့်ကခုန်နေ
ကြသည်။

လေးနှစ်ပြုပြင်ပြောင်းလဲမှုများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကာနိုင်ငံတကာဖယ်ကျဉ်ထားမှုမှပြန်လည်လက်ခံလာအောင်
လုပ်ဆောင်နိုင်ပြီးနိုင်ငံခြားရင်းနှီးမြှပ်နှံမှုများလှိမ့်ဝင်လာအောင်လုပ်ဆောင်နိုင်သောကြံ့ခိုင်ရေးပါတီကို၎င်းတို့မှချီးကျူးဂုဏ်
ပြုခဲ့ကြသည်။

ငွေရေးကြေးရေးနှင့်အတူအလုပ်အကိုင်အခွင့်အလမ်းများရှိလာသည်၊နိုင်ငံရေးနှင့်လှုမှုရေးလွတ်လပ်ခွင့်များယခင်ကလိုပြန်
လည်ရရှိလာပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးသဘောတူညီမှုတစုံတရာရရှိလာခဲ့သည်။

ထိုအကြောင်းအချက်များသည်သန်းနိုင်မှမဲပေးရာတွင်မဲပေးစေဖို့လုံလောက်စေသည့်အချက်များဖြစ်သည်။

သို့သော်လည်း၂၀၁၀ခုနှစ်၌မဲဆန္ဒပေးရာတွင်မဲလိမ်သည်ဟုစွပ်စွဲခံရသည့် USDP သည်မဲဆွယ်ရာတွင်ဘာသာရေးကိုအသုံးချ
ခြင်းနှင့်ဗုဒ္ဓဘာသာအများစုရှိသည့်နိုင်ငံ၌မွတ်ဆလင်ဆန့်ကျင်ရေးကယက်ရိုက်အောင်ပြုလုပ်ခြင်းတို့တွင်လည်းပြစ်တင်ပြော
ဆိုခြင်းများနှင့်ရင်ဆိုင်နေခဲ့သည်။

ပြည်တွင်း၌အစွမ်းကုန်စည်းရုံးရေးဆင်းစဉ်တွင်အခြားသောလိမ်လည်လှည့်ဖျားမှုလှည့်ကွက်များနှင့်မဲဝယ်ခြင်းများပြုလုပ်
သည်ဟုစွပ်စွဲမှုများသည်လည်းပျံ့နှံ့နေသည်။

USDPတစ်ခုတည်းသာမဟုတ်ပဲအခြားပါတီများသည်လည်းလွှတ်တော်နေရာ(၇၅)ရာခိုင်နှုန်းနိုင်ရန်အလားအလာမရှိဟုလေ့
လာသူများကပြောလိုက်သည်။

သို့သော်လည်းအငြင်းပွားဖွယ်ရာအခြေခံဥပဒေကိုဖန်တီးခဲ့ပြီးအထက်လွှတ်တော်နှင့်အောက်လွှတ်တော်တွင်လွှတ်တော်နေ
ရာ(၂၅)ရာခိုင်နှုန်းသည်စစ်တပ်အတွက်သီးသန့်ထားပြီးဖြစ်သည်။

သို့သော်လည်းရွေးကောက်ပွဲတွင်စိတ်ချလက်ချအနိုင်ရရှိရန်အတွက်NLDမှ(၆၇)ရာခိုင်နှုန်းရရှိရန်လိုအပ်သည်။