အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်စစ်ဆေးခြင်းများ၌လူထုမှပူးပေါင်းပါဝင်မှုသည်အရေးပါ

...

အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်စစ်ဆေးခြင်းများ၌လူထုမှပူးပေါင်းပါဝင်မှုသည်အရေးပါ

The New Light of Myanmar, 30 Oct 2015

URL: http://www.myanmargeneva.org/Newspaper/2015%20October/30_Oct%2015_gnlm.pdf
ယမန်နေ့ကရန်ကုန်မြို့ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ပြုလုပ်သောပစ်ခတ်တိုက်ခတ်မှုပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)အ
စည်းအဝေးပြီးစီးသည့်နောက်ပိုင်းတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်စစ်ဆေးရေး
လုပ်ဆောင်မှုများ၌လူထုမှတစိတ်တပိုင်းအနေဖြင့်ပါဝင်ကြရန်အတွက်တိုက်တွန်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ပစ်
ခတ်တိုက်ခတ်မှုပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်များသည်လက်မှတ်ရေးထိုးသည့်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
(၈)ဖွဲ့အတွက်သာမကပဲပြည်သူလူထုအတွက်ပါဖြစ်ကြောင်းငြိမ်းချမ်းရေးနှင့်ဆွေးနွေးရေးပြည်ထောင်စုအင်စတီကျု့မှမန်နေဂျင်း
ဒါရိုက်တာဖြစ်သူဦးခွန်စိုင်းကပြောခဲ့သည်။အစည်းအဝေးတက်ရောက်ခဲ့သူမန်နေဂျင်းဒါရိုက်တာ​တစ်ဦးမှလည်းလုပ်ငန်းစဉ်များတွင်
လူထုအများအပြားပါဝင်ခြင်း ၏အရေးကြီးပုံကိုမီးမောင်းထိုးပြခဲ့သည်။အဖွဲ့များအတွင်းပဋိပက္ခဖြစ်နိုင်ခြေများကိုကာကွယ်နိုင်ရ
မည်ဖြစ်ကြောင်း၎င်းကပြောခဲ့သည်။စောင့်ကြည့်ရေးလုပ်ဆောင်မှုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ခြင်းမှတဆင့်
ယုံကြည်မှုတည်ဆောက်နိုင်ခြင်းသည်မကြာသေးမီကဖြစ်ပွားနေသည့်တိုက်ပွဲများကိုအဆုံးသတ်နိုင်​ရန်အတွက်ဥပမာကောင်းတစ်ခု
အဖြစ်ဆောင်ယူလိမ့်မည်ဖြစ်ကြောင်းသူကထပ်ပေါင်းပြောခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့သူဖြစ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှဆလိုင်းရော်အောင်က
လည်းအခြားအဖွဲ့များနည်းတူလက်မှတ်ရေးထိုးသည့်အဖွဲ့များ၏ကိုယ်စားလှယ်များဖြင့်ပြည်ထောင်စု၊ပြည်နယ်နှင့်ဒေသကြီးပူး
တွဲစောင့်ကြည့်ရေးကော်မတီကိုဖွဲ့စည်းမည်ဖြစ်ကြောင်းပြောခဲ့သည်။အပစ်အခတ်ရပ်စဲရာတွင်မည်သို့မည်ပုံလိုက်နာရမည်ဆို
သည်များနှင့်ပတ်သက်၍ကျင့်ဝတ်စည်းမျဉ်းများကိုနှစ်ဖက်စလုံးမှတပ်များအားညွှန်ကြားထားသည်၊ထိုနည်းတူစွာပင်၎င်းကိုမြန်
မာဘာသာစကားနှင့်တိုင်းရင်းသားဘာသာစကားတို့ဖြင့်ရေးသားပြုစုမည်ဖြစ်ပြီးစကားလုံးရွေးချယ်ခြင်းများနှင့်ရုပ်ပုံထည့်သွင်း
ဖော်ပြခြင်းများကိုသာမန်လူများနားလည်မည့်အသုံးအနှုန်းဖြင့်သာအသုံးပြုမည်ဖြစ်သည်။အောက်တိုဘာလ(၁၅)ရက်နေ့တွင်
လက်မှတ်ရေးခဲ့သည့်သဘောတူစာချုပ်အရဤလုပ်ငန်းဆောင်တာများကိုလက်မှတ်ရေးထိုးပြီးသည့်ဦးဆုံးရက်(၃၀)အတွင်းအ
ပြီးသတ်လုပ်ဆောင်မည်ဖြစ်သည်။