ADB-Japan စီမံကိန်းမှမွန်ပြည်နယ်ရှိစီးပွားရေးလုပ်ငန်းများကိုကူညီမည်

...

ADB-Japan စီမံကိန်းမှမွန်ပြည်နယ်ရှိစီးပွားရေးလုပ်ငန်းများကိုကူညီမည်

Myanmar Times, 23 Dec 2015

URL: http://www.mmtimes.com/index.php/business/18267-adb-japan-project-to-help-mon-state-s-entrepreneurs.html
ADBကဆင်းရဲမွဲတေမှုအခြေအနေလျော့ချရေးအတွက်ဂျပန်ရန်ပုံငွေမှဒေါ်လာ(၃)သန်းကိုပေးအပ်မည်ဖြစ်သည်။ စီမံကိန်းအား
မွန်ပြည်နယ်မြို့နယ်(၄)မြို့နယ်ဖြစ်သည့်ချောင်းဆုံ၊ကျိုက်ထို၊မော်လမြိုင်နှင့်မုဒုံမြို့နယ်တို့၌ဝင်ငွေများတိုးလာစေရန်နှင့်အသေး
စားစီးပွားရေးလုပ်ငန်းများနှင့်စီးပွားရေးလုပ်ငန်းများအတွက်အလုပ်အကိုင်အခွင့်အလမ်းများတိုးလာစေရန်အတွက်ရည်ရွယ်
သည်။စီမံကိန်းသည်မြို့နယ်(၄)မြို့နယ်ရှိကျေးရွာ(၁၂)ရွာတစ်လျှောက်ရှိအိမ်ထောင်စု(၉၀၀)အတွက်စီးပွားရေးအခွင့်အလမ်းများ
ကိုပံ့ပိုးကူညီပေးရန်ရည်ရွယ်သည်ဟု ADB ကပြောကြားခဲ့သည်။စီမံကိန်း၏(၆၀)ရာခိုင်နှုန်းသည်အမျိုးသမီးများအတွက်အကျိုး
ခံစားရရှိမည်ဖြစ်သည်။ဦးမင်းနွယ်စိုးကပြည်နယ်၏စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းတွင်အမျိုးသမီးများ၏ပါဝင်မှုသည်အမျိုး
သားများထက်နည်းနေသေးကြောင်းနှင့်စီမံကိန်းသည်အမျိုးသမီးများအားစီးပွားရေးလုပ်ငန်းများတွင်ပါဝင်လာစေရန်အတွက်
အကူအညီပေးလိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်။

ADBကူညီမှုနှင့်အတူအစိုးရနှင့်ဒေသတွင်းအသိုင်းအဝိုင်းမှလည်းဒေါ်လာ(၄၅၀,၀၀၀)နှင့်ညီမျှသည့်အကူအညီများပံ့ပိုးပေးမည်
ဖြစ်သည်။စီမံကိန်းအားလေးနှစ်ခန့်လည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး၂၀၁၉ခုနှစ်ဒီဇင်ဘာလအကုန်ပိုင်းတွင်အပြီးသတ်ရန်မျှော်
မှန်းထားသည်။