ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်မှပြောကြား

...

ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်မှပြောကြား

Bangkok post, 04 Jan 2016

URL: http://www.bangkokpost.com/news/asean/815560/myanmar-suu-kyi-says-peace-talks-will-be-priority
သူမအစိုးရမှအာဏာရလာသောအခါနိုင်ငံ၏ပဋိပက္ခဖြစ်ပွားနေသည့်တိုင်းရင်းသားဒေသများတွင်ငြိမ်းချမ်းရေးရရှိအောင်ဦးစား
ပေးလုပ်ဆောင်မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်မှတနင်္လာနေ့တွင်ပြောကြားခဲ့သည်။

“ကျွန်မတို့ငြိမ်းချမ်းရေးရရှိအောင်တည်ဆောက်ရပါမယ်။ငြိမ်းချမ်းရေးတည်ဆောက်မှုဟာအစိုးရသစ်အတွက်အမြဲတမ်းအရင်ဦး
ဆုံးလုပ်ဆောင်ရမယ့်တာဝန်တစ်ရပ်ပါပဲ”ဟုတနင်္လာနေ့၌ရန်ကုန်ရှိပါတီဌာနချုပ်တွင်နိုင်ငံ၏လွတ်လပ်ရေးအနေ့အခမ်းအနား
ပြုလုပ်သည့်အချိန်အတွင်းမိန့်ခွန်းပြောကြားရာ၌သူမကပြောကြားခဲ့သည်။

"တကယ့်စစ်မှန်ပြီးအကျိုးသက်ရောက်မှုရှိတဲ့ငြိမ်းချမ်းရေးညီလာခံကျင်းပပေးခြင်းအားဖြင့်အပစ်အခတ်ရပ်စဲရေးစာချုပ်မှာအား
လုံးပါဝင်လာအောင်ကျွန်မတို့လုပ်ဆောင်ရပါမယ်" ဟုသူမကထပ်ပေါင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှသူမ၏ပါတီသည်အနာဂတ်ဖက်ဒရယ်ဝါဒကိုကူညီပံ့ပိုးပေးပြီးကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်အတွက်ဆယ်
စုနှစ်များစွာတိုက်ပွဲဝင်နေကြသောတိုင်းရင်းသားလူနည်းစုအဖွဲ့များရှိသည့်မြန်မာနိုင်ငံအတွက်သူမပါတီ၏ကြေငြာစာတမ်းတွင်
တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးကိုအဓိကကဏ္ဍအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။