ဦးသိန်းစိန်အစိုးရမှနိုင်ငံရေးဆွေးနွေးပွဲကို(၅)ရက်ကြာကျင်းပမည်

...

ဦးသိန်းစိန်အစိုးရမှနိုင်ငံရေးဆွေးနွေးပွဲကို(၅)ရက်ကြာကျင်းပမည်

Mizzima News, 06 Jan 2016

URL: http://www.mizzima.com/news-domestic/thein-sein-government-will-hold-political-dialogue-over-five-days
ဦးသိန်းစိန်အစိုးရသည်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင်လက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့်အတူနိုင်ငံရေးဆွေးနွေးပွဲကို(၅)ရက်ကျော်ကြာကျင်းပမည်ဟုပြည်ထောင်စုငြိမ်းချမ်းရေးဆွေး
နွေးရေးပူးတွဲကော်မတီ(UPDJC)မှအတွင်းရေးမှူးဖြစ်သူစိုင်းကျော်ညွန့်ကမိဇ္ဇျိမသို့ပြောခဲ့သည်။

ဇန်နဝါရီလ(၅)ရက်နေ့တွင်ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေးတွင်လက်ရှိအစိုးရနှင့်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများအတွင်းနိုင်ငံရေးဆွေးနွေးမှုအတွက်အစီအစဉ်များကိုဝန်ကြီးဦးအောင်မင်းနှင့်ငြိမ်းချမ်းရေး
ဆွေးနွေးသူများကတင်ပြဆွေးနွေးခဲ့ကြသည်ဟု၎င်းကထပ်ပေါင်းပြောကြားခဲ့သည်။

UPDJC အတွင်းရေးမှူးအဖွဲ့ကနိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက်ဦးဆောင်လုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြစ်ပြီး
အတွင်းရေးမှူးအဖွဲ့အစည်းအဝေးကိုဇန်နဝါရီလ(၅)ရက်မှ(၇)ရက်နေ့အထိရန်ကုန်ရှိမြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်
ရေးဗဟိုဌာန(MPC)တွင်ပြုလုပ်နေခြင်းဖြစ်သည်။

အတွင်းရေးမှူးအစည်းအဝေးပြီးဆုံးပြီးပါကအစည်းအဝေးတွင်ဆွေးနွေးထားသည့်အကြောင်းအရာများကိုဆုံးဖြတ်မည့်
UPDJC အစည်းအဝေးကိုနေပြည်တော်တွင်ဇန်နဝါရီလ(၉)ရက်နှင့်(၁၀)ရက်နေ့တွင်ပြုလုပ်ရန်လျာထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုနေပြည်တော်၌ဇန်နဝါရီလ(၁၂)ရက်နေ့မှ(၁၆)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်
သည်။