အာဏာလွှဲပြောင်းရန်နီးကပ်လာသောကြောင့်တပ်မတော်နှင့်ဒေါ်အောင်ဆန်းစုကြည်ထပ်မံတွေ့ဆုံ

...

အာဏာလွှဲပြောင်းရန်နီးကပ်လာသောကြောင့်တပ်မတော်နှင့်ဒေါ်အောင်ဆန်းစုကြည်ထပ်မံတွေ့ဆုံ

Irrawaddy News, 25 Jan 2016

URL: http://www.irrawaddy.com/burma/suu-kyi-military-chief-meet-again-as-power-transfer-nears.html
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌသည်နိုဝင်ဘာလ(၈)ရက်နေ့အထွေထွေရွေးကောက်ပွဲတွင်သူမပါတီအပြတ်အသတ်အနိုင်ရပြီး
နောက်မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်ဟုကာကွယ်ရေး
ဦးစီးချုပ်၏အဆိုအရသိရှိရသည်။

တနင်္လာနေ့တွင်ကျင်းပခဲ့သောအစည်းအဝေးတွင်တပ်ချုပ်မင်းအောင်လှိုင်နှင့်အတူဒုတိယတပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ဒုတိယ
ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အခြားထိပ်ပိုင်းဗိုလ်ချုပ်ကြီးများတက်ရောက်ကြပြီး NLD ဘက်မှဗဟိုကော်မတီဝင်ဦးဝင်းထိန်၊ဦးဝင်းမြင့်နှင့်ဇော်
မြင့်မောင်နှင့်ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်ရေးဆရာဝန်ဒေါက်တာတင်မျိုးဝင်းစသည်တို့တက်ရောက်ခဲ့ကြသည်ဟုကြေငြာချက်တွင်
ဖော်ပြထားသည်။

“ရွေးကောက်ပွဲလွန်ကာလတည်ငြိမ်အေးချမ်းစွာနဲ့အသွင်ကူးပြောင်းရေး၊လွှတ်တော်နဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေ၊နောက်တက်လာမယ့်အစိုး
ရသစ်ဖွဲ့စည်းရေးနဲ့တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး(NCA)လက်မှတ်ရေးထိုးပြီးသည့်နောက်ပိုင်းတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး
တည်ဆောက်ရေးအတွက်ဆောင်ရွက်မှုတွေစသည်တို့ကိုနှစ်ဘက်စလုံးကပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ် ” ဟုကြေငြာချက်တွင်
ဖော်ပြထားသည်။