အာဏာလွှဲပြောင်းပေးရေးဆွေးနွေးရန်မြန်မာအစိုးရမှအတိုက်အခံပါတီနှင့်တွေ့ဆုံ

...

အာဏာလွှဲပြောင်းပေးရေးဆွေးနွေးရန်မြန်မာအစိုးရမှအတိုက်အခံပါတီနှင့်တွေ့ဆုံ

Radio Free Asia, 24 Feb 2016

URL: http://www.rfa.org/english/news/myanmar/myanmar-government-team-meets-wtih-opposition-party-to-discuss-power-transfer-02242016162217.html
မြန်မာအစိုးရ၏ကိုယ်စားလှယ်များသည်အတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့နှင့်အတူဧပြီလ(၁)ရက်နေ့တွင်
တရားဝင်အာဏာလွှဲ​ပြောင်းရေးနှင့်ပတ်သတ်၍ဆွေးနွေးရန်အတွက်နေပြည်တော်၌ဗုဒ္ဓဟူးနေ့တွင်တွေ့ဆုံခဲ့သည်ဟုသမ္မတရုံးမှအဖွဲ့ဝင်တစ်
ဦးကပြောခဲ့သည်။

“ဒီနေ့အစည်းအဝေးကတော့အာဏာလွှဲပြောင်းရေးအခမ်းအနားကိုသမ္မတအိမ်တော်မှာကျင်းပဖို့အတွက်အစီအစဉ်ရေးဆွဲတာနဲ့ပတ်သတ်ပြီး
အဓိကအာရုံစိုက်ဆွေးနွေးခဲ့ပါတယ်” ဟုအစည်းအဝေးတက်ရောက်လာသည့်သမ္မတရုံးမှဒု​တိ​ယ​လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူဦးဇော်
ဌေးက RFA မြန်မာပိုင်းသို့ပြောခဲ့သည်။

ဒီဇင်ဘာလအစောပိုင်းတွင်ပြုလုပ်သည့်သမ္မတဦးသိန်းစိန်နှင့်NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့အတွင်းတွေ့ဆုံဆွေးနွေးမှုနောက်ဆက်
တွဲအရအာဏာလွှဲပြောင်းရေးကျင်းပပေးရန်အတွက်ပံ့ပိုးကူညီမှုကော်မတီတစ်ရပ်ကိုအစိုးရကဖွဲ့စည်းခဲ့သည်။