ကမ္ဘာလှည့်ခရီးသွားလာရေးကိုဗဟိုပြုနေသည့်ကယားပြည်နယ်

...

ကမ္ဘာလှည့်ခရီးသွားလာရေးကိုဗဟိုပြုနေသည့်ကယားပြည်နယ်

Myanmar Times, 09 Mar 2016

URL: http://www.mmtimes.com/index.php/lifestyle/travel/19372-kayah-state-the-focus-at-world-travel-fair.html
ကမ္ဘာ့အကြီးဆုံးကမ္ဘာလှည့်ခရီးသွားလာရေးပြပွဲဖြစ်သည့်ဘာလင်နိုင်ငံတကာခရီးသွားလာရေးကုန်သွယ်ပြပွဲ(ITB)တွင်ပြပွဲစတင်ကျင်းပ
သည့်ယနေ့မှစ၍မတ်လ(၁၁)ရက်နေ့ထိတိုင်အောင်ကြေငြာအစီအစဉ်များနှင့်အတူနိုင်ငံ၏နောက်ဆုံးဖြစ်ပေါ်နေသောခရီးသွားလာရေး
အကြောင်းအရာများကိုပြပွဲတွင်ရှင်းလင်းတင်ပြခဲ့သောကြောင့်မြန်မာနိုင်ငံ၏ကမ္ဘာလှည့်ခရီးသွားလာရေးစျေးကွက်သည်ကယားပြည်
နယ်၌လူထုအခြေစိုက်ခရီးသွားလုပ်ငန်းများအားဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

ပြပွဲရှိကြေငြာပရိုမိုးရှင်းသည်ယခုလက်ရှိတွင်ပြည်နယ်ရှိကျေးရွာနှစ်ရွာအားဦးတည်ထားဆောင်ရွက်နေသည့်ယူအက်ဒေါ်လာ(၁.၉)မီလီ
ယမ်ရှိသောစီမံကိန်း၏တစိတ်တပိုင်းဖြစ်သည်။ the Netherlands Fund Trust အဖွဲ့မှပံ့ပိုးကူညီပေးမှုဖြင့်၂၀၁၄ခုနှစ်၊ဇွန်လတွင်စတင်ခဲ့ပြီး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့်နိုင်ငံတကာကုန်သွယ်မှုစင်တာ
(ITC)နှင့်ပြည်ထောင်စုမြန်မာနိုင်ငံခရီးသွားလာရေးအသင်းတို့သည်စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

“ITC ကဒေသခံများအတွက်နည်းပညာနဲ့သင်တန်းတွေကိုအဓိကပံ့ပိုးကူညီပေးပါတယ်”ဟု travel company 9 Generation Force ၏မန်နေ
ဂျင်းဒါရိုက်တာဖြစ်သူဦးနေမိုးအောင်ကပြောပြခဲ့သည်။

ထနီးလာလက်သည်သဘာဝရေကန်(၇)ကန်နှင့်အနီးကပ်တည်ရှိသည့်တိုင်းရင်းသားကယန်းကျေးရွာတစ်ရွာဖြစ်ပြီးပန်ပက်ကျေးရွာစု
သည်အမျိုးသမီးများလည်ပင်းတွင်ကြေးကွင်းများဝတ်ဆင်လေ့ရှိသောကြောင့်နာမည်ကျော်ကြားသည့်တိုင်းရင်းသားပဒေါင်လူမျိုးများ
၏ဇာတိရွာဖြစ်သည်။

ကယားပြည်နယ်ကဲ့သို့သောနေရာများတွင်ဖွံ့ဖြိုးတိုးတက်မှုများကိုလုပ်ဆောင်ခြင်းအားဖြင့်ရန်ကုန်၊ပုဂံနှင့်အင်းလေးကန်ကဲ့သို့သောပိုမို
နာမည်ကျော်ကြားသည့်ခရီးသွားလာရေးနေရာများအပေါ်ဝန်ပိခြင်းမှကူညီရာလည်းရောက်ပြီးခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတက်မှုများ
ကိုရေရှည်ပံ့ပိုးပေးရာလည်းရောက်သည်။