NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့်လက်မှတ်မရေးထိုးသည့်အဖွဲ့များမှခေါင်းဆောင်သစ်များအားကြိုဆို

...

NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့်လက်မှတ်မရေးထိုးသည့်အဖွဲ့များမှခေါင်းဆောင်သစ်များအားကြိုဆို

The Irrawaddy, 17 Mar 2016

URL: http://www.irrawaddy.com/factiva/nca-signatories-abstainers-welcome-new-leadership.html
တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အားလက်မှတ်ရေးထိုးသည့်အဖွဲ့များနှင့်လက်မှတ်မရေးထိုးသည့်အဖွဲ့များမှနိုင်ငံ၏သမ္မ
တအသစ်နှင့်ဒုသမ္မတအသစ်များကိုထောက်ခံကြိုဆိုလိုက်ကြသည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်မရေးထိုးသောမဟာမိတ်အဖွဲ့(၉)ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့်ညီညွတ်သော
တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှမြန်မာနိုင်ငံသည်ငြိမ်းချမ်းရေးဆီသို့လှမ်းလာသည့်အားလျော်စွာဤသို့ရွေးချယ်မှု
ပြုလုပ်ခြင်းသည်အပြုသဘောဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှုများ၏ရှေ့ပြေးတစ်ခုပင်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကသူ့မအနေနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးကိုအာရုံစိုက်ဦးတည်ထားဆောင်ရွက်သွားမှာဖြစ်ပြီးNCAမှာမပါဝင်
တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကိုပါဝင်နိုင်အောင်ကြိုးပမ်းသွားမယ်လို့အရင်ကပြောခဲ့ပါတယ်။ဒါဟာအမှန်တကယ်ဖြစ်လာ
လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်”ဟု UNFC ၏ဒုတိယဥက္ကဌဖြစ်သူနိုင်ဟောင်ဆာကပြောခဲ့သည်။

NCA လက်မှတ်ရေးထိုးသည့်အဖွဲ့များတွင်အင်အားအကြီးဆုံးအဖွဲ့များထဲမှတစ်ဖွဲ့အပါအဝင်ဖြစ်သည့်KNUလက်နက်ကိုင်အဖွဲ့မှလည်းမ
ကြာသေးမီကရွေးကောက်တင်မြှောက်လိုက်သည့်သမ္မတနှင့်ဒုသမ္မတများကိုကြိုဆိုပါကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)၏အ
ထွေထွေအတွင်းရေးမှူးဖြစ်သူကွယ်ထူးဝင်းကဧရာဝတီသို့ပြောခဲ့သည်။