ဦးထင်ကျော်မှသမ္မတအဖြစ်ကတိသစ္စာပြု

...

ဦးထင်ကျော်မှသမ္မတအဖြစ်ကတိသစ္စာပြု

Myanmar Times, 30 Mar 2016

URL: http://www.mmtimes.com/index.php/national-news/19729-u-htin-kyaw-takes-oath-of-office.html
ယနေ့နံနက်တွင်လွှတ်တော်၌ဦးထင်ကျော်မှသမ္မတအဖြစ်ကကျမ်း​ကျိန်သစ္စာဆိုပြီးနောက်နှစ်ပေါင်း၅၄နှစ်အတွင်းစစ်တပ်ကျောထောက်
နောက်ခံမဟုတ်သည့်မြန်မာနိုင်ငံ၏ပထမဦးဆုံးရွေးကောက်ခံသမ္မတဖြစ်လာသည်။သူ၏မိန့်ခွန်းပြောကြားမှုကိုနိုင်ငံတဝှမ်းရှိရုပ်မြင်သံ
ကြားများတွင်ထုတ်လွှင့်ပြသခဲ့ပြီးသမ္မတမှစိတ်ရှည်လက်ရှည်ရှိကြရန်မေတ္တာရပ်ခံခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင်ဒုတိယသမ္မတနှစ်ဦးဖြစ်သည့်ယခင်ကဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူဦးမြင့်ဆွေနှင့်တိုင်းရင်းသားချင်းခရိယာန်
တစ်ဦးဖြစ်သူဦးဟင်နရီဗန်ထီးယူတို့နှင့်အတူကျမ်းသစ္စာဆိုခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ကိုက်ညီသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်ပေါ်လာရေးအတွက်ဆောင်ရွက်ရမည့်တာဝန်ရှိပြီးနိုင်ငံရေး
မျှော်မှန်းချက်အကောင်အထည်ပေါ်လာဖို့အတွက်စိတ်ရှည်သည်းခံပြီးဆောင်ရွက်သွားရမည်ကိုနားလည်ထားကြောင်းနိုင်ငံတော်သမ္မတ
ဦးထင်ကျော်ကပထမဦးဆုံးတိုင်းပြည်ကိုပြောကြားသည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားလိုက်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးအောင်မြင်မှုများရရှိရန်အတွက်အစိုးရမှကြိုးစားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိပြည်သူလူထုအားသစ္စာစောင့်သိမည်ဖြစ်ကြောင်းသမ္မတနှင့်ဒုသမ္မတများမှကတိပေးခဲ့သည်။