လက်နက်ကိုင်အဖွဲ့များထိုင်းနိုင်ငံတွင်တွေ့ဆုံ

...

လက်နက်ကိုင်အဖွဲ့များထိုင်းနိုင်ငံတွင်တွေ့ဆုံ

Eleven Myanmar, 30 Apr 2016

URL: http://www.elevenmyanmar.com/politics/rebel-groups-meet-thailand
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့မှခေါင်းဆောင်များသည်ငြိမ်း
ချမ်းရေးညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်အတွက်ဧပြီလ(၃၀)ရက်နေ့တွင်ချင်းမိုင်၌တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းKNUမှဗိုလ်မှူး
ဇော်အိုင်းဇက်ဖိုး၏ပြောကြားချက်သိရှိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့ကို၎င်းတို့၏ဥက္ကဌဖြစ်သူဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကဦးဆောင်ခဲ့ပြီးRCSSကိုယ်စားလှယ်အဖွဲ့ကို ၎င်းတို့၏ဥက္ကဌဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်ကဦးဆောင်ခဲ့သည်။

“ဖက်ဒရယ်အကြောင်းအရာကိစ္စတွေနဲ့ပတ်သတ်ပြီးကျွန်တော်တို့အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပြီးငြိမ်းချမ်းရေးဆွေးနွေးခဲ့
ကြပါတယ်”ဟု ဇော်အိုင်းဇက်ဖိုးကပြောပြခဲ့သည်။

RCSSဘက် မှ မှတ်ချက်တစ်စုံတရာမပေးခဲ့ပေ။

ပြီးခဲ့သည့်အောက်တိုဘာလတွင်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့(၈)ဖွဲ့သည်မတ်လ၌လုပ်ငန်းစဉ်ချမှတ်လမ်းညွှန်ပေးသောအသင်းတစ်သင်းကိုတည်ထောင်ခဲ့ပြီးစောမူတူးဆေးဖိုးအား
ခေါင်းဆောင်အဖြစ်ခန့်ထားကာရွက်ဆစ်အားဒုတိယခေါင်းဆောင်အဖြစ်ခန့်အပ်ထားရှိသည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်မရေးထိုးခဲ့သည့်သူများနှင့်အစိုးရအားတွေ့ဆုံရန်အတွက်အသင်း
အားတည်ထောင်ခဲ့ခြင်းဖြစ်ပြီးအရေးတကြီးဆုံးဖြတ်ချက်များချမှတ်ရာတွင်လမ်းညွှန်မှုများပံ့ပိုးပေးရန်ဖြစ်သည်ဟုချင်းအမျိုးသား
တပ်ဦးမှဒုတိယဥက္ကဌဖြစ်သူဆလိုင်းလိုင်မုန်းကပြောကြားခဲ့သည်။

အသင်းသည်လက်ရှိအငြင်းပွားမှုများကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်နှင့်ဖက်ဒရယ်စနစ်ထူထောင်ရန်အတွက်အခြား
တိုင်းရင်းသားအဖွဲ့များ၊နိုင်ငံရေးပါတီများနှင့်အတူလုပ်ကိုင်ဆောင်ရွက်သွားမည်ဟု RCSS ကပြောကြားခဲ့သည်။