MPCကိုအမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးစင်တာဗဟို ဟုအမည်ပြောင်းလဲဖွဲ့စည်းမည်

The Irrawaddy, 28 Apr 2016
URL: http://www.irrawaddy.com/burma/mpc-to-be-renamed-national-reconciliation-and-peace-center.html
မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)ကိုအမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးစင်
တာဗဟို(NRPC)ဟူ၍အမည်ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသစ်၏ခေါင်း
ဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကအဆိုပြုခဲ့ကြောင်းသိရှိရသည်။
နေပြည်တော်၌ဗုဒ္ဓဟူးနေ့တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာစစ်တပ်အဖွဲ့ဝင်များလည်းပါ
ဝင်သည့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)တို့တွေ့ဆုံခဲ့ရာတွင်ပြောကြားခဲ့ခြင်းဖြစ်
သည်ဟုJMC ၏ဒုတိယဥက္ကဌ(၁)ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကဧရာဝတီသို့ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်ရေးဆရာဝန်ဖြစ်သည့်ဒေါက်တာတင်မျိုးဝင်းမှအမည်ပြန်လည်မှည့်ဆိုမည့်အဖွဲ့အစည်းတွင်
ဦးဆောင်ရန်တစ်ပြေးနေသည်။ကြာသာပတေးနေ့ထုတ်နိုင်ငံတော်သတင်းစာတွင်ဒေါက်တာအားမြန်မာ့ငြိမ်းချမ်းရေးလုပ်
ငန်းစဉ်များ၌အရေးပါသောကဏ္ဍတွင်ပါဝင်မည်ဟုယူဆရကြောင်းရေးသားခဲ့သည်။ဗုဒ္ဒဟူးနေ့တွင်ကျင်းပသည့် JMCအစည်း
အဝေးတွင်ဒေါ်အောင်ဆန်းစုကြည်ကတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအတွက်ငြိမ်းချမ်းရေးညှိနှိုင်း
ဆွေးနွေးသူအဖြစ်ဒေါက်တာတင်မျိုးဝင်းအားခန့်အပ်ထားကြောင်းကြေငြာခဲ့သည်ဟုမြန်မာ့အလင်းသတင်းစာတွင်အစီရင်ခံ
ဖော်ပြခဲ့သည်။
“အခုလက်ရှိမှာတော့နှစ်ဖက်စလုံးကခေါင်းဆောင်ပိုင်းတွေရဲ့နားလည်မှုနဲ့ဆက်ဆံရေးတွေအပေါ်အခြေခံပြီးလက်ရှိအခြေအ
နေတည်ငြိမ်နေတာကိုထိန်းသိမ်းဖို့အတွက်ကျွန်တော်တို့လုပ်ဆောင်ရပါအုံးမယ်”ဟု၎င်းကပြောခဲ့သည်။“ခေါင်းဆောင်ပိုင်းအ
ပြောင်းအလဲဖြစ်တဲ့အခါကျွန်တော်တို့အစကနေထပ်လုပ်ရမှာပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်မှNRPCရန်ပုံငွေအတွက်နိုင်ငံတကာအထောက်အပံ့များရရှိအောင်ကြိုးပမ်းမည်ဟုပြောကြားခဲ့ပြီးယင်း
ရန်ပုံငွေများအားသင့်တင့်လျောက်ပတ်စွာအသုံးပြုဖို့သေချာစေရန်လုပ်ဆောင်မည်ဟုJMCအတွင်းရေးမှူးရွှေခကပြောပြခဲ့သည်။
“ပြန်လည်ဖွဲ့စည်းမယ့် MPCမှာဘယ်သူတွေကိုထည့်သွင်းသင့်တယ်ဆိုတာကိုဆွေးနွေးဖို့အတွက်သီးခြားအစည်းအဝေးတစ်ခု ကျင်းပပါလိမ့်မယ်။အစည်းအဝေးတက်ရောက်ဖို့တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ JMC ကအရာရှိတွေကိုကျွန်တော်တို့ဖိတ်
ကြားသွားမှာပါ” ဟုစောအိုင်းဇက်ဖိုးကထပ်ပေါင်းပြောကြားခဲ့သည်။