မွန်ပြည်နယ်ရှိမူလတန်းကျောင်းများတွင်နောက်ထပ်ကျောင်းဆရာ/ မ(၂၀၀)ထပ်ခန့်မည်

...

မွန်ပြည်နယ်ရှိမူလတန်းကျောင်းများတွင်နောက်ထပ်ကျောင်းဆရာ/ မ(၂၀၀)ထပ်ခန့်မည်

Burma News International, 02 May 2016

URL: http://bnionline.net/news/mon-state/item/1623-200-additional-teachers-for-primary-schools-in-mon-state.html
၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွင်းမွန်ပြည်နယ်အခြေခံမူလတန်းကျောင်းများတွင်ခန့်မှန်းခြေအားဖြင့်ကျောင်း
ဆရာ/မ(၂၀၀)ခန့်အားနေ့စားဆရာများအဖြစ်လုပ်ကိုင်ရန်ထည့်သွင်းသွားမည်ဟုမွန်ပြည်နယ်ပညာရေးဌာန၏
ပြောကြားချက်အရသိရှိရသည်။

“မွန်ပြည်နယ်မှာပညာတတ်တွေအများကြီးရှိပါတယ်။အခြားပြည်နယ်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ၊ကျွန်တော်
တို့ကျောင်းဆရာ/မအရေအတွက်ကိုတိုးဖို့မလိုပါဘူး။ကျွန်တော်တို့လေးအချိုးတစ်(ကျောင်းအုပ်တစ်ယောက်၊လက်
ထောက်လေးယောက်)စနစ်နဲ့သွားဖို့လို့အပ်တယ်ဆိုရင်ကျွန်တော်တို့ပြည်နယ်မှာဆရာ/မပေါင်း(၁၉၁)ယောက်လို
အပ်ပါမယ်၊ဒါနဲ့ပတ်သတ်ပြီးအခုကျွန်တော်တို့အတွေ့အကြုံတွေရှိနေပါပြီ”ဟုမွန်ပြည်နယ်ပညာရေးဌာနမှညွှန်ကြား
ရေးမှူးဖြစ်သူဦးမျိုးတင်အောင်ကပြောခဲ့သည်။

၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွက်ပညာရေးစနစ်ကိုပြောင်းလဲရန်ဆုံးဖြတ်ချက်ကိုယခင်အစိုးရသက်တမ်းအတွင်း
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သူငယ်တန်းအရွယ်ကစားနည်း---KGနှင့်အထက်အစီအစဉ်စသည်တို့ကို၂၀၁၆ခုနှစ်၊ဇွန်လ
တွင်စတင်မည်ဖြစ်သည်။ဤကဲ့သို့သောပညာရေးစနစ်တစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအရနောက်
ထပ်ဆရာ/မများလိုအပ်သည်။

"ကျွန်တော်တို့ခန့်မှန်းခြေအားဖြင့်တော့၂၀၁၆-၂၀၁၇စနစ်မှာမူလတန်းအဆင့်အတွက်ကျောင်းတစ်ကျောင်းမှာ
ကျောင်းအုပ်(၁)တစ်ဦး၊လက်ထောက်(၆)ဦးလိုအပ်ပါတယ်။ဒါပေမယ့်လည်းလက်ရှိအခြေအနေအရတော့ခြောက်
အချိုးတစ်(ကျောင်းအုပ်၁ဦး၊လက်ထောက်၆ဦး)မပြောနဲ့၊လေးအချိုးတစ်(ကျောင်းအုပ်၁ဦး၊လက်ထောက်၄ဦး)ကို
တောင်ထောက်ပံ့ပေးဖို့အတွက်ကျွန်တော်တို့မှာအခက်အခဲတွေရှိနေပါတယ်"ဟု ဦးမျိုးတင်အောင်ကဆိုသည်။

မူလတန်းဆရာ/မနေရာများအတွက်လျှောက်ထားသူများသည်တက္ကသိုလ်မှဘွဲ့ ၊ မဟာဘွဲ့(သို့မဟုတ်)Ph.Dဘွဲ့ရရှိ
ထားသူဖြစ်ရမည်ဟုလျှောက်လွှာပုံစံထဲတွင်ဖော်ပြထားသည်။